အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
إِنَّا للّه وإِنّا إِلَیهِ رَاجِعُونَ
ကမာ့္ဘ ရှီအာ မွတ်စလင်မ် များ အကျော်မော် မရ်ဂျာ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အဗ်ဒိုလ်ကရီးမ် မူစဝီအရ်ဒဗိုင်လီ အနေဖြင့် ယနေ့ သက်တော် ၉၁ နှစ်အရွယ်တွင် အလ္လာဟ် အမိန့်တော်ကိုခံယူ သွားပြီး ဖြစ်ကြောင်း အလွန်တရ ဝမ်းနည်းကြေကွဲစွာ ဖြင့် အသိပေးကြေညာအပ်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစဝီအရ်ဒဗိုင်လီ ၏ နှလုံးရောဂါ အခြေအနေစိုးရိမ်လာရသဖြင့် တနင်းလာနေ့ တွင် တီဟီရန် ဆေးရုံး တွင် တင်ခဲ့ရ ပါတယ်။ သို့သော်အလ္လာဟ်သွလ္လာဟ် ကြီး၏ ကျန်းမာရေးမှာ ပြန်လည် ကောင်းမွန်လာခြင်း မရှိပဲ ယနေ့ ဗုဒ္ဓဟူးနေ့ တွင် သက်တော် ၉၁ နှစ် အရွယ် ဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစဝီအရ်ဒဗိုင်လီ သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အနီးကပ် မိတ်ဆွေများမှ ဖြစ်ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေး အတွက် စတေးမှုများပြုခဲ့သူနှင့်ကမ္ဘာ အကျော်အမော် မရ်ဂျာများ မှ တစ်ပါး ဖြစ် ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ်အနေဖြင့်လည်း အာယာသွလ္လာဟ် ကြီး အား မနေ့ ကလာ ရောက်ကြည့် ရှု အားပေးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အဗ်နာ ပရိတ်သတ်အထူးသဖြင့် ရှီအာ မွတ်စလင်မ် များ နှင့် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ကိုအချစ်ထားသူ မွတ်စလင် တိုင်း မရ်ဟွန်မ် အတွက် ဖွာတေဟာဖတ်ပေးရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါတယ်။
=================================
251 / END