၂၄ နိုဝင်ဘာ ၂၀၁၆ - ၁၉:၂၆
သစ်တောကြိုးဝိုင်းအတွင်းရှိ စပါးစိုက်ခင်းများ ရိတ်သိမ်းခွင့်မရသဖြင့် တောင်သူများအခက်ကြုံ

လပွတ္တာမြို့နယ်ရှိ ကြာ ကန်ကွင်းပေါက်သစ်တောကြိုး ဝိုင်းအတွင်း စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို သစ်တော ဧရိယာအတွင်း ကျူးကျော်စိုက် ပျိုးသည်ဟုဆိုကာ ရိတ်သိမ်းခွင့် ပိတ်လိုက်၍ အခက်တွေ့နေ ကြောင်း ဒေသခံ လယ်သမားများ က ပြောသည်။ ၂၇၇၁ ဧကရှိသည့် သစ် တောကြိုးဝိုင်းအတွင်းရှိ မြေလွတ် ပေါ်တွင် ဒေသခံလယ်သမားများ စပါးစိုက်ပျိုးလာခဲ့သည်မှာ ၁၇ နှစ်ခန့်ပင် ရှိနေပြီဖြစ်ကြောင်း လယ် သမားများက နိုဝင်ဘာ ၂၁ ရက်၌ ပြုလုပ်ခဲ့သည့်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လပွတ္တာမြို့နယ်ရှိ ကြာ ကန်ကွင်းပေါက်သစ်တောကြိုး ဝိုင်းအတွင်း စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို သစ်တော ဧရိယာအတွင်း ကျူးကျော်စိုက် ပျိုးသည်ဟုဆိုကာ ရိတ်သိမ်းခွင့် ပိတ်လိုက်၍ အခက်တွေ့နေ ကြောင်း ဒေသခံ လယ်သမားများ က ပြောသည်။

၂၇၇၁ ဧကရှိသည့် သစ် တောကြိုးဝိုင်းအတွင်းရှိ မြေလွတ် ပေါ်တွင် ဒေသခံလယ်သမားများ  စပါးစိုက်ပျိုးလာခဲ့သည်မှာ ၁၇ နှစ်ခန့်ပင် ရှိနေပြီဖြစ်ကြောင်း လယ် သမားများက နိုဝင်ဘာ ၂၁ ရက်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုနှစ်မိုးစပါးရာသီတွင် အရင်းအနှီးများ အကုန်အကျ ခံစိုက်ပျိုးထားရ၍ ၎င်းတို့စိုက်ပျိုးထားသည့် လယ်များကို ပြန်လည်ရိတ်သိမ်းခွင့်ပြုရန် တောင်းဆိုလိုခြင်းဖြစ်ကြောင်း လယ်သမားများ ကို ဦးဆောင်သူ လပွတ္တာမြို့နယ် လွှစာကျေးရွာမှ ဦးမောင်ဦးက ပြောသည်။

‘‘အရင်တုန်းက အဲဒီလယ် တွေ စိုက်လာတာ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ ၂၀၁၃ လောက်ကစ ပြီး အဲဒီလယ်တွေကို သစ်တော ဌာနက သစ်တောကြိုးဝိုင်းမြေအ ဖြစ်က စွန့်လွှတ်တော့မယ်လို့ အသံတွေထွက်လာတော့မှ ပြဿ နာတွေ ဖြစ်လာတာ။ အငြင်းပွား လယ်မြေတွေမှာ လက်ရှိ လုပ်ကိုင်နေသူတွေကိုသာ ဆက်လက်လုပ် ကိုင်ခွင့်ရရှိမယ်ဆိုတာတွေလည်း ဖြစ်လာတဲ့အခါမှာ ဒီက ဒေသခံ တောင်မဟုတ်တဲ့သူတွေက သူတို့ ရဲ့မြေတွေပါဆိုပြီး လာလုကြတဲ့ အခါ ပြဿနာတွေတက်တယ်။ အဲဒါနဲ့ လပွတ္တာမြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ သစ်တောဦးစီးဌာနတို့က ဒီမြေတွေမှာ ဝင်လုပ်တဲ့သူတွေ အကုန်လုံးကို ကျူးကျော်လုပ်ကိုင် တဲ့သူတွေအဖြစ် သတ်မှတ်ပြီး စပါးတွေလည်း ရိတ်ခွင့်မပြုတော့ တာ’’ဟု ၎င်းက ပြောသည်။

အဆိုပါသစ်တောကြိုးဝိုင်း မြေများ၌    စိုက်ပျိုးခြင်းမပြုရန် စက်တင်ဘာ ၆ ရက်က လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက အမိန့်ကြော်ငြာစာထုတ် တားမြစ်ခဲ့ပြီး ယင်းအချိန်တွင် လယ်သမားများက ဧက ၂,၀၀၀ ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်နေကြောင်း လွှစာကျေးခံလယ်သမားများက ပြောသည်။ ၎င်းတို့အနေဖြင့် ကျန်ရှိနေသည့် လယ်များကို ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်မှုမရှိချိန်တွင် စိုက်ပျိုးထားခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

‘‘ဒီနှစ်ကတော့ ကျွန်တော်တို့ လည်း စိုက်ပျိုးပြီးသွားပြီဆိုတော့ ရိတ်သိမ်းခွင့်လေးပေးဖို့ တောင်း ဆိုတာပါ။ နောက်နှစ် ကျွန်တော် တို့ကို အဲဒီလယ်တွေ လုပ်ခွင့်မပြု ရင်လည်း မလုပ်တော့ပါဘူး။ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးပြီး ကော်မ ရှင်ရဲ့အဆုံးအဖြတ်အတိုင်း လက် ခံသွားမှာပါ’’ဟု ဦးမောင်ဦးက ပြောသည်။

ယခု မိုးစပါးရာသီအတွင်း ယင်းလယ်ယာမြေများတွင် ဝင် ရောက်စိုက်ပျိုး၍ သစ်တောဥပဒေ ဖြင့် လယ်သမား ၁၁ ဦး တရားစွဲ ဆိုခံထားရပြီး အာမခံယူထားရ ကြောင်း လယ်သမားများအား ကူညီပေးနေသူ တောင်သူ လယ် သမားဖွံ့ဖြိုးရေးအသင်းနာယက ဦးမြတ်ဦးက ပြောသည်။

===================    
251 / End