အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းနှစ် ၂၁၁၁ နှစ် သစ်ကူးပွဲတော်နှင့် ရိုးရာမီးပုံးပျံ လွှတ်တင်ပွဲကို နိုဝင်ဘာ ၂၇ ရက် က စတင်ကာ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပ လျက်ရှိသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရန်နှင့် ရိုးရာကောက် သစ်စားပွဲအထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပနေခြင်းဖြစ်သည်ဟု ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ ရေးကော်မတီမှ ဦးစိုင်းဇော်ဇော် က ပြောသည်။ ယခုနှစ်ရှမ်းနှစ်ကူး ပွဲတော်ကို ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
‘‘အဘိုးအဘွားတွေ ခေတ်ကတည်းက ကောက်သစ်စားပွဲဆို ပြီးတော့ ရှေးအစဉ်အဆက်လုပ်ခဲ့ တာ ကြာပါပြီ။ နှစ်သစ်ကူးပွဲတော် နဲ့ ပတ်သက်ပြီး ရိုးရာအကအလှ တွေ၊ သစ်သီးပုံဖော်တာတွေ၊ စာ ပေဟောပြောပွဲတွေနဲ့ ရိုးရာမီးပုံး ပျံပွဲတွေ ထည့်သွင်းပေးထားပါ တယ်’’ဟု ဦးစိုင်းဇော်ဇော်က ပြောသည်။ ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ တော်ကို ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့တွင် ကျင်းပရန် စီစဉ်သော်လည်း နယ်မြေဒေသ အခြေအနေများကြောင့် ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့၌ ကျင်းပခြင်းဖြစ်သည်။
မူဆယ်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံး ဖွဲ့၏တပ်ပေါင်းစုနှင့် မြန်မာ့တပ်မ တော်တို့အကြား တိုက်ပွဲဖြစ်ပွား နေမှုကြောင့် မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့နယ်များတွင် ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်း
မရှိပေ။ တောင်ကြီးမြို့ အဝေရာမီး ပုံးပျံကွင်းတွင် ကျင်းပသည့် ရှမ်း နှစ်သစ်ကူးပွဲတော်၌ နေ့လွှတ်မီး ပုံးပျံ ၁၄၁ လုံး၊ ညမီးကြီးအမျိုး အစား ပြိုင်ပွဲဝင် ၂၉ လုံး၊ စိန်နား ပန်မီးပုံးပျံ ကိုးလုံး၊ ပြိုင်ပွဲဝင်မီးပုံး ပျံစုစုပေါင်း ၁၇၉ လုံး လွှတ်တင် ယှဉ်ပြိုင်မည်ဖြစ်သည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ ရှမ်းစာပေနှင့် ယဉ်ကျေး မှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့ များ တက်ရောက်ခဲ့သည်။
===================
251 / End
၂၈ နိုဝင်ဘာ ၂၀၁၆ - ၁၅:၅၆
News ID: 794844

ရှမ်းနှစ် ၂၁၁၁ နှစ် သစ်ကူးပွဲတော်နှင့် ရိုးရာမီးပုံးပျံ လွှတ်တင်ပွဲကို နိုဝင်ဘာ ၂၇ ရက် က စတင်ကာ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပ လျက်ရှိသည်။