အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနနဲ့ အရပ်ဖက်အဖွဲ့အစည်း ၉ ခု ပေါင်းပြီး အမျိုးသားလွှတ်တော် အဆောက်အအုံအတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။
“ဒီနှစ် လွှတ်တော်ထဲမှာ ဘာလို့လုပ်ဖြစ်လဲဆို ဒီနှစ်ထဲမှာ ကျနော်တို့ဘက်က HIV နဲ့ ပတ်သက်တဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ အဲဒီအတွက်လည်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကနေ ဦးစားပေးဥပဒေထွက်တဲ့အခါမှာ HIV နဲ့ပတ်သက်တဲ့ HIV ပိုးဒဏ်ခံနေတဲ့ အခွင့်အရေးဆိုင်ရာဥပဒေကလည်း ပါလာပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ HIV နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ပိုပြီးတော့ သိဖို့လိုအပ်တယ်လို့ မြင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲမှာ လာရောက်ကျင်းပရတာဖြစ်ပါတယ် ” လို့ ဖီးနစ်အဖွဲ့က ဥက္ကဋ္ဌ ဦးသီဟကြိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူ ၂၂၀၀၀၀၊ HIV ပိုး အသစ်ထပ်မံကူးစက်ခံရသူ အရေအတွက် ၁၂၀၀၀ ရှိတယ်လို့ သိရပါတယ်။
===================
251 / End
၁ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၄၀
News ID: 795441