အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အနှစ် ၂၀ အတွင်း စင်ကာပူစီးပွားရေးကို အမီလိုက်၍ ကျော်တက်ရန် မြန်မာက မျှော် လင့်ထားပြီး စင်ကာပူက ဝိုင်းဝန်း ကူညီမည်ဟု မျှော်လင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
နိုင်ငံတကာတွင် စင်ကာပူ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနေသော အစိုးရအေဂျင်စီ IESingapore က ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နိုဝင်ဘာ ၃၀ ရက်၌ပြုလုပ်သည့် ကမ္ဘာ့စီးပွား ရေးဆိုင်ရာ ဟောပြောပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘စင်ကာပူရဲ့ လွတ်လပ်ရေး ခေတ်ဦးကာလက အဲဒီတုန်းက ဝန်ကြီးချုပ် လီကွမ်ယုက အနှစ် ၂၀ ကြာရင် စင်ကာပူက မြန်မာကိုအမီလိုက်မယ်လို့ ပြောခဲ့ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။တစ်ဆက်တည်းမှာပင် ၎င်း က ‘‘အခုချိန်မှာတော့ အဲဒီစကား ကို ကျွန်မတို့က ပြန်ပြောင်းပြီး အနှစ် ၂၀ အတွင်းမှာ မြန်မာက စင်ကာပူကို အမီလိုက် ကျော် တက်မယ်လို့ပဲ ပြောရတော့မယ် လို့ ထင်ပါတယ်။ ပြီးတော့ အဲဒီလိုလုပ်နိုင်ဖို့ ရှင်တို့က ကျွန်မတို့ကို ကူညီရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသရဲ့အစိတ်အပိုင်း တစ်ခုမှာ အောင်မြင်မှုဟာ ဒေသ တစ်ဝန်း အောင်မြင်မှုလို့ အဓိပ္ပာယ်ရလို့ပါပဲ’’ဟု ပြောသည်။
စင်ကာပူထံမှ မြန်မာက သင်ယူလိုပြီး နိုင်ငံသားများအနေ ဖြင့် ကောင်းမွန်သောနည်းလမ်း ဖြင့် ဆန်းသစ်ပြောင်းလဲကြ၊ ယှဉ် ပြိုင်ကြစေလိုကြောင်းလည်း ၎င်း က ဆိုသည်။
မြန်မာနိုင်ငံ၏သဘာဝသယံ ဇာတများအပြင် လူ့အရင်းအမြစ် က စင်ကာပူကုမ္ပဏီများကို ဆွဲ ဆောင်မှုရှိစေမည်ဟု ဒေါ်အောင် ဆန်းစုကြည်က ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသော စီးပွားရေး သမားများအား ပြောကြားခဲ့ပြီး စင် ကာပူရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိ ရန်ကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံ ပညာရေးစနစ်၏ ဗဟိုရည်မှန်း ချက်အဖြစ် အသက်မွေးဝမ်း ကျောင်းပညာရေးကို သတ်မှတ် ထားပြီး ဖြစ်ကြောင်း ၎င်းက ပြော ကြားခဲ့ပြီး ယင်းအသက်မွေးဝမ်း ကျောင်းပညာရေးသည် အခြား အကဲဒမစ်ပညာရေးအစီအစဉ် များကဲ့သို့ပင် အရေးကြီးသည်ဟု ဆိုသည်။
ဝင်ငွေခွန်လွတ်ငြိမ်းမှုများ နှင့် မြေယာအသုံးချမှုဆိုင်ရာ ကဏ္ဍများတွင် မက်လုံးများထည့် သွင်းအပြောင်းအလဲ လုပ်ထား သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ဥပမာအဖြစ် ထောက်ပြပြောကြားခဲ့သည်။မြန်မာနိုင်ငံသားများရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစပ် ထားသည့် ထိုဥပဒေသစ်သည် ၂၀၁၇ ဧပြီတွင် အသက်ဝင်လာ ရန် မျှော်လင့်ထားသည်။
အလုပ်အကိုင်ဖန်တီးခြင်း သည် မြန်မာ့စီးပွားရေးမူဝါဒ၏ အရေးကြီးဆုံး အပိုင်းဖြစ်ကြောင်း ပြောကြားပြီး စင်ကာပူစီးပွားရေး လုပ်ငန်းများအနေဖြင့် မြန်မာနိုင် ငံသားများအတွက် အလုပ်အ ကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရန် မျှော်လင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က အသားပေးပြော ကြားခဲ့သည်။
‘‘အလုပ်တွေ မရှိဘဲနဲ့တော့ ကျွန်မတို့လူငယ်လူထုအတွက် တောက်ပတဲ့ အနာဂတ်မရှိနိုင်ပါ ဘူး။ အလုပ်လက်မဲ့လူငယ်တွေ ဟာ ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုအတွက် ခြိမ်းခြောက် လာနိုင်ပါတယ်။ အဲဒီတော့ စင်ကာပူက လုပ်ဖို့တွေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ပြီးတော့ ကျွန်မတို့ရဲ့အလုပ်အကိုင် ရှာဖွေနေသူတွေ ကျွမ်းကျင်မှုတတ်အောင်သင်ကြားပေးနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်’’ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက် သော စင်ကာပူကုန်သွယ်ရေးဝန် ကြီး Lim Hng Kiang က နှစ်နိုင်ငံ ကြား စီးပွားရေး ဆက်ဆံမှုတိုး တက်ရန် အလားအလာများရှိ ကြောင်း ပြောသည်။
‘‘ဒီကနေ့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ရဲ့မသေချာမရေရာ မှုတွေ ကြားထဲမှာ မြန်မာနိုင်ငံဟာ တက်ကြွတဲ့ အရှေ့တောင်အာရှ က တောက်ပပြီး အလားအလာရှိ တဲ့ အကွက်အကွင်းတစ်ခုဖြစ်ပါ တယ်’’ဟု စင်ကာပူကုန်သွယ်ရေး ဝန်ကြီး မစ္စတာလင်းက ပြော သည်။ မြန်မာအစိုးရသစ်သည် စီး ပွားရေးဆိုင်ရာမူဝါဒ ၁၂ ချက်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် စသည် တို့ကို ဆောင်ရွက်ခြင်းအပါအဝင် စီးပွားရေးဝန်းကျင် တိုးတက် အောင် ပြတ်ပြတ်သားသားလုပ် ဆောင်ထားကြောင်း မစ္စတာလင်းက ပြောခဲ့သည်။ အစိုးရ သည် လက်ရှိအချိန်တွင် မြန်မာ နိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် ရန်ကုန်စတော့အိတ်ချိန်းဖွံ့ဖြိုး ရေးပြန်လည်သုံးသပ်ဆောင်ရွက် လျက်ရှိသည်။ ယင်းဥပဒေများ အကောင်အထည်ဖော်ခြင်းကို စီးပွားရေးလုပ်ငန်းများက စောင့် ကြည့်လျက်ရှိသည်ဟု စင်ကာပူ ကုန်သွယ်ရေးဝန်ကြီးက ဆိုသည်။၂၀၁၅ စာရင်းအရ စင်ကာပူ သည် မြန်မာ၏တတိယအများဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ မြန်မာ သည် စင်ကာပူ၏ ၂၈ နိုင်ငံမြောက် အများဆုံးကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး ကုန်သွယ်မှုပမာဏ စင် ကာပူဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံရှိခဲ့သည်။ ၂၀၁၆ အောက်တို ဘာလကုန်စာရင်းအရ စင်ကာပူ သည် မြန်မာနိုင်ငံတွင် တရုတ် ပြီးလျှင် ဒုတိယအများဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအ မေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံရှိသည်။
ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ဖိတ်ကြားချက်အရ စင်ကာပူသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်ထိ သုံးရက်ကြာ တရားဝင် ခရီးစဉ်ရောက်ရှိနေသည်။ ၎င်းနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း ဝါရင့်ဝန်ကြီးချုပ်ဟောင်းဂို ချုပ်တောင်နှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ စင်ကာပူနိုင်ငံက သစ်ခွပန်းတစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ရန်ရှိသည့်အတွက် ရုက္ခဗေဒ ဥယျာဉ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်သွားမည်ဖြစ်သည်။ စင်ကာပူအကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးရေးဗျူရိုသို့ သွားရောက်ရန်ရှိသလို မြန်မာနိုင်ငံမှ ရှေးဟောင်းအဖိုးတန်မြို့များနှင့် ဘုရင်များ ခေါင်းစဉ်ဖြင့် အာရှပြတိုက်တွင် သုံးလကြာပြသမည့် မြန်မာ့ယဉ်ကျေးမှုသမိုင်းပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရှိသည်။ ဒီဇင်ဘာ ၁ ရက်ညပိုင်းတွင် စင်ကာပူရောက်မြန်မာများနှင့် တွေ့ဆုံရန်ရှိသည်။
အနှစ် ၂၀ ကြာလျှင် စင်ကာ ပူစီးပွားရေးကို ကျော်တက်မည် ဆိုသည့်သတင်းအား ဖော်ပြထား သော CNA သတင်းဌာနအောက် တွင် စင်ကာပူနိုင်ငံသားများက မှတ်ချက်များ ရာချီဝင်ရောက်ရေး သားထားကြသည်။ ဒေါ်အောင် ဆန်းစုကြည်၏စကားကို နား လည်ပေးသူများ၊ မကျေနပ်သော စင်ကာပူသားများ၊ မြန်မာနိုင်ငံမှ ဘာသာရေးလူမျိုးရေးပဋိပက္ခ များကို ဝေဖန်သူများ စသဖြင့် အ မျိုးမျိုးတွေ့ရသည်။
===================
251 / End
၁ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၂၈
News ID: 795462
အနှစ် ၂၀ အတွင်း စင်ကာပူစီးပွားရေးကို အမီလိုက်၍ ကျော်တက်ရန် မြန်မာက မျှော် လင့်ထားပြီး စင်ကာပူက ဝိုင်းဝန်း ကူညီမည်ဟု မျှော်လင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။