၂ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၂၂
ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် ဆန္ဒပြကန့်ကွက်ခံရသော်လည်း နှစ်ဖက်အဖွဲ့စည်းများနှင့် တွေ့ဆုံရန်ရှိ

စစ်တွေ၊ ဒီဇင်ဘာ၂ ရက်။ ။ ယနေ့ တတိယ အကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်အဖြစ် စစ်တွေသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချူပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့အား ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်ဆန္ဒပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်တွေ၊ ဒီဇင်ဘာ၂ ရက်။        ။ ယနေ့ တတိယ အကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်အဖြစ် စစ်တွေသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချူပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့အား ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်ဆန္ဒပြခဲ့သည်။

မစ္စတာ ကိုဖီအာနန် မှ စစ်တွေမြို့အပါအဝင် မောင်တော၊ မြေပုံ၊ မြောက်ဦးမြို့များရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ အခြေအနေများကို သွားရောက်လေ့လာမည်ဖြစ်ပြီး စစ်တွေခရီးစဉ်အတွင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်ဖက်လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင့်တင်က ပြောသည်။

“ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပိုင်းမှာ နှစ်ဖက် လူ့အဖွဲ့အစည်းတွေကို နိုင်ငံတကာက ကရုစိုက်နေတဲ့အချိန်မှာ ဘာတွေ လုပ်ပေးတာတွေ ရှိနေလဲ ၊ တိုးတက်မှုတွေ ဘာတွေရှိလဲ၊ ဒါတွေကို ဆွေးနွေးသွားမှာပါ။ ဒါက တော်တော်လေး အကျိုးရှိမယ်လို့ မြင်ပါတယ် ”ဟု ဒေါ်ခင်စောတင့်က ပြောသည်။

ရခိုင်အမျိုးသားပါတီမှ အဆိုပါ ခရီးစဉ်အတွင်း ကော်မရှင်၏ ရပ်တည်ချက်တစ်ချို့အပေါ် ကန့်ကွက်ကြောင်းနှင့် ပြည်နယ် လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ထားသော ကော်မရှင် ဖျက်သိမ်းရေးကို   ပြည်နယ်အစိုးရမှ လိုက်နာရန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် ကော်မရှင်တွင် နိုင်ငံခြားသားများပါဝင်နေမှုနှင့် ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် ပထမ အကြိမ်ပြီးစီးပြီးနောက် ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာ လူနည်းစု တိုင်းရင်းသားများဟု ထည့်သွင်းပြောကြားခဲ့မှုများအပေါ် ဒေသခံတစ်ချို့မှ ကန့်ကွက်မှုများ ရှိနေသည်။
ယခုခရီးစဉ်အတွင်း ကော်မရှင်ဥက္ကဌ မစ္စတာကိုဖီအာနန် အပါအဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါလာခဲ့ပြီး ကော်မရှင်သည် ရခိုင်ပြည်နယ်သို့ နှစ်ကြိမ်တိုင်လာရောက်လေ့လာခဲ့ပြီးဖြစ်သည်။

===================    
251 / End