အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ မြောက်ဦးနဲ့ မြေပုံ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ဟာ မြောက်ဦးမြို့ကို ရောက်ရှိခဲ့ပြီးတော့တာ့ နေ့လယ်ပိုင်းမှာ မြေပုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြေပုံ ဒေသခံတွေကတော့ ဈေးဆိုင်တွေ အိမ်တံခါးတွေပိတ်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ဖျက်သိမ်းပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရခိုင်အရေးကော်မရှင်ဟာ တရားမျှတမှုမရှိတဲ့အပြင် ဘင်္ဂါလီတွေဘက်ကိုသာ အလေးထား ဦးစားပေးလုပ်ဆောင် နေတာဟာ တဖက်နဲ့တဖက် ပိုပြီး ပဋိပက္ခကို ဦးတည်းစေတယ်လို့ မြေပုံမြို့လူမှုအဖွဲ့အစည်း ဦးဆောင်သူ ကိုကျော်လှိုင် (မြေပုံ)က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မြေပုံတမြို့လုံးဈေဆိုင်တွေပိတ်တယ်။ အိမ်တွေပိတ်တယ်။ လမ်းပေါ်မှာ လူသွားမရှိဘူး။ ဆိုင်တွေ အိမ်တွေအကုန်ပိတ်ထားပါတယ်။ ဒီလောက်ကြီးကြီးမားမား ဖြစ်နေတာနေတာတွေ တည်ငြိမ် သွားအောင် အစမရှာဘဲနဲ့ တဖက်ပိတ် ဘဂါင်္လီဘက်တွေ လုပ်ဆာင်နေတာတွေ ပြောဆိုတာတွေကတော့ ပဋိပက္ခကို ပြည်လည် စေမှာမဟုတ်ဘူး။ အခုဖြစ်စဉ်တွေကို အခုလုံး ပြန်လှန်ကြည့်ပါ။ ဘယ်သူ့ဘက်က တရားလွန်တယ်။ ဘယ်သူတွေက စလုပ်တယ်ဆိုတာရှင်းနေတာပဲ။ တဖက်ပိတ်လုပ်ဆောင်နေတဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည် နယ်၊ အကြံပေးကော်မရှင်အဖွဲ့ဟာ မျှတလိမ့်မယ်လို့ မထင်ဘူး။ ဒေသခံတွေရဲ့ဆန္ဒမပါဘဲ လုပ်ဆောင်နေမှုကို ဖျက်သိမ်း ပေးပါ။”
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေတောင်း ဆိုချက်တွေ အလေးထားပေးဖို့လိုတယ်လို့ မြောက်ဦးဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ကိုထွန်းထွန်းကဒီဗွီဘီကို ပြောပါတယ်။
“ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ကလဲအလိုမရှိကြောင်းဆုံးဖြတ်ထားတယ်။ သူကောင်းတာ မကောင်းတာကို ကျနော်တို့ မပြောလိုဘူး။ ကိုယ့်နိုင်ငံဖြစ်နေတဲ့ အရေးကိစ္စတခုကို ကိုယ်နိုင်ငံသားက ဖြေရှင်းရမယ်။ အဲဒါကြောင်းကို ဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ပဲ၊”
ဆန္ဒပြရမှာကြွေးကြော်သံတွေကတော့ ကိုဖီအာနန်ဦးဆောင်အကြံပေးကော်မရှင်အဖွဲ့ ဖျက်သိမ်းရေး ဒို့အရေး ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်အလေးထားဆောင်ရွက်ရေး ဒို့အရေး၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုး ရှိရမယ်။ ဘင်္ဂလီကို ဘင်္ဂလီဟုခေါ်ဆိုပါ။ တိုင်းရင်းသားတန်တူ ညီမျှမှုရရှိရေး ဒို့အရေး။ ရခိုင်လူမျိုး၏ဖြစ်တည်မှုကို လေးစားပါ။ ပြည်သူလူထု၏ တောင်းဆိုချက်များကို ပြည်ထောင်းစု အစိုးရမှ အလေးထားပါစတဲ့ ကြွေးကြော်သံတွေအတူ ဆိုင်းဘုတ် ဗီနိုင်းတွေ ကိုဆောင်ပြီးဆန္ဒပြခဲ့ကြပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကလည်း ဘူးသီးတောင်၊ မောင်တော ဒေသကို သွားရောက်ခဲ့ ဒေသခံတွေလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
===================
251 / End
၄ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၄၆
News ID: 796010
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ မြောက်ဦးနဲ့ မြေပုံ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။