၈ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၃၂
ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံသို့အလုပ်သဘောခရီးလာရောက်ခဲ့ သော အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Mrs. Retno LP.Marsudi အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည်က နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ ဒီဇင်ဘာ ၆ရက် က ညစာစားပွဲဖြင့် တည်ခင်းဧည့် ခံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံသို့အလုပ်သဘောခရီးလာရောက်ခဲ့ သော အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Mrs. Retno LP.Marsudi အား   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည်က နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ ဒီဇင်ဘာ ၆ရက် က ညစာစားပွဲဖြင့် တည်ခင်းဧည့် ခံခဲ့သည်။

ဝန်ကြီးနှစ်ဦးတွေ့ဆုံမှုတွင် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအ ခြေအနေတို့ကို ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

 အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်း နှစ်ခုအတွက် လူစားချင်းစာနာ ထောက်ထားမှု  အကူအညီနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့် ရှောက်မှုအကူအညီများပေးအပ် ရေးကိစ္စနှင့် နှစ်နိုင်ငံကြားဆက် သွယ်ညှိနှိုင်းမှုများတိုးမြှင့်ဆောင် ရွက်ရေးကိစ္စတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

===================    
251 / End