၁၂ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၁၀
တပ်မတော်၏ ပြောင်းလဲမှုကြောင့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာဟု ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၂ ရက်တွင် “ ကမ္ဘာ့နိုင်ငံအသီးသီး ၏ တပ်မတော်အများစုသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာသည့်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၂ ရက်တွင် “ ကမ္ဘာ့နိုင်ငံအသီးသီး ၏ တပ်မတော်အများစုသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာသည့် တပ်မတော်များသာဖြစ်ကြောင်း ပြောကြားခဲ့ကာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များသည် အခြားနိုင်ငံများနှင့်တူညီမှု မရှိကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသော တပ်မတော် ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် “ မိမိတို့နိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုသမိုင်းနှင့် ယနေ့ ပါတီစုံဒီမိုကရေစီ ပေါ်ပေါက်လာရခြင်းများမှာ တပ်မတော်၏ ဆက်စပ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားသည်။

===================    
251 / End