အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မင်းဆိုး မင်းညစ် အာလေခလီဖွာ ၏ တရား ရုံးမှ ယနေ့ တနင်းလာနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ တွင် ဂျမ်အီယသ် အလ်ဝဖါက် ၊ဘာရိန်း အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ချုပ် ရှိက်္ခ အလီ စလ်မာန် အား ထောင်ဒဏ် ၉ နှစ် ချမှတ် ခဲ့ပါတယ်။
ရှိက်္ခအလီစလ်မာန် အား ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် လူထုအား အုံကြွ အောင်ပြုလုပ် စည်းရုံးသည်ဆိုသည့် စွပ်စွဲချက်များ ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါသည်။ သို့သော် တရားရုံးမှ အသစ်တဖန်ပြန်လည်ပြီး ရှိက်္ခ အလီစလ်မာန် အား ပထမ အမိန့်ထက် နှစ်ဆ တစ်နည်း အား ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။
ရှိက်္ခအလီစလ်မာန် နှင့်ပတ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ က ရုံးတင် စစ်ဆေးမှု ကို ပြုခဲ့ပါတယ်။ ပြီးနော် အမိန့်ချမှတ်ရန် ဆွေးနွေးဖို့ ရွှေ့ဆိုင်းခဲ့ပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ မှ ဂျမ်အီယသ် အလ်ဝဖါက် ၊ဘာရိန်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ရှိက်္ခအလီစလ်မာန် အားလွတ်ပေးရန် နှင့် အမိန့်ကို ပယ်ပျက်ပေးရန်အ ကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ပါတယ်။
ရှိက်္ခအလီစလ်မာန် အား ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် လူထုအား အုံကြွ အောင်ပြုလုပ် စည်းရုံးသည်ဆိုသည့် စွပ်စွဲချက်များ ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါသည်။ ၎င်းနှစ် မေလကိုပင် အမိန့်သစ်အဖြင့် ယခင် ထောင်ဒဏ်ထက် ၂ဆ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပါတယ်။
မင်းဆိုးမင်းညစ် အာလေခလီဖွာ အနေဖြင့် မိမိ အားဆန့်ကျင် နေသည့် အကြီးဆုံး အဖွဲ့ အား နိုင်ငံရေး အရ ဖိနှိပ်မှု ရန်အတွက် ရှိက်္ခအလီ စလ်မာန် အား ထောင်ဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဂျမ်အီယသ် အလ်ဝဖါက် ၊ဘာရိန်း အဖွဲ့ ၏ဦးဆောင်မှု ဖြင့်  ဘာရိန်းအစိုးရ အပေါ် လူထု ၏ ဆန္ဒများ နှင့် စောဒကတက် များ ကို၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ တွင် စတင် ခဲ့ခြင်း ဖြစ်ပါတယ်။
ဤအဖွဲ့သည် ဘာရိန်း နိုင်ငံ၏ အကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ပါလီမန်အဖွဲ့ နှင့် လူထု ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဘာရိန်းပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းစွာ မိမိတို့၏ ဆန္ဒသဘောထားကို တောင်းခံရာတွင် သတ်ဖြတ်မှု များ သွေးထွက်သံယိုမှု များ ဖြင့် အဖြေ ပေးခဲ့သည့်အတွင်း ပါလီမာန်မှ နုတ်ထွက် ခဲ့ပါတယ်။
======================
251 / end