၁၃ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၄၅
မန္တလေးတွင် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေးသုံးပစ္စည်းများ ဖမ်းမိ

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် ကျောင်းကုန်းရပ်ရှိ ဘုန်း ကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေးပစ္စည်းသုံးလျှပ်စစ်ဒီတိုနေ တာ(လျှပ်စစ်စနက်တံ)များနှင့်အမိုးနီးယမ်းနိုက်ထရိတ်မြေဆီ အိတ်များကို ပစ္စည်းပိုင်ရှင်နှစ်ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် ကျောင်းကုန်းရပ်ရှိ ဘုန်း ကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေးပစ္စည်းသုံးလျှပ်စစ်ဒီတိုနေ တာ(လျှပ်စစ်စနက်တံ)များနှင့်အမိုးနီးယမ်းနိုက်ထရိတ်မြေဆီ အိတ်များကို ပစ္စည်းပိုင်ရှင်နှစ်ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရပ်ကွက်ရှိ ရေပန်း ဘုန်းကြီးကျောင်းတိုက်ဝင်း၊လက် ဖက်အုပ်ဘုန်းကြီးကျောင်းအ တွင်း ဖောက်ခွဲရေးပြုလုပ်ရာ၌ အ သုံးပြုသည့်ပစ္စည်းများ သိုလှောင် ထားရှိသည်ဟု သတင်းအရ ဒီဇင် ဘာ ၁၁ရက် မွန်းတည့် ၁၂နာရီ က ၀င်ရောက်ရှာဖွေခဲ့ရာကျောင်း ၀င်းအတွင်း ရပ်ထားသည့်လိုက် ထရပ်ယာဉ်နောက်ခန်းမှ အမိုးနီးယမ်းပါဝင်မှုအနည်းဆုံးဖြစ်သည့် မြေဆီအိတ်များ၊ ဒီတိုနေတာချောင်းများနှင့် ကျောက်မီးသွေးအိတ်များကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

‘‘တရုတ်ပြည်ဘက်ကနေ ၀ယ်လာတဲ့ပစ္စည်းတွေလို့သိရ တယ်။ ကျောက်မိုင်းခွဲတဲ့နေရာမှာ အသုံးပြုဖို့လို့သိရတယ်။ လော လောဆယ်မှာ ပစ္စည်းနဲ့အတူတွေ့ ရှိတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီး အမှုဖွင့်ထားတယ်’’ဟု တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင် မောင်သင်းကပြောသည်။

ယင်းပစ္စည်းများကို မန္တလေး တိုင်းဒေသကြီး မှုခင်းအကူဌာနစု၊ နယ်မြေခံရဲတပ်ဖွဲ့မှူး၊ နယ်မြေခံ စစ်အင်ဂျင်နီယာတပ်ရင်း(၉၁၀) နှင့် ရပ်ကွက်တာဝန်ရှိသူများ စသည့်ပူးပေါင်းအဖွဲ့တို့က စစ် ဆေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ဘုန်းကြီးကျောင်း ၀င်းအတွင်း ရပ်ထားသည့် ယာဉ် ပေါ်နှင့် အဆောက်အအုံမြေခန်း အတွင်းမှ အမိုးနီးယမ်းနိုက်ထရိတ်ပါဝင်မှုနည်းပါးသည့် မြေ ဆီအိတ် ၃၃၇အိတ်၊ တရုတ်နိုင်ငံ ထုတ် ဒီတိုနေတာ(ခ)လျှပ်စစ်စ နက်တံချောင်း ၅၀၄ခုတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အဆိုပါအမျိုးသားနှစ်ဦးသည်ရွှေတူးဖော်သူများဖြစ်ကြောင်းသိရသည်။ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖမ်းမိခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးက ‘သံဃာနဲ့ပတ်သက်တာက သံဃ နာယကကပဲ ဆက်လုပ်မယ်။ မိတဲ့တရားခံကတော့ အရေးယူပြီးပြီ’ဟု ပြောကြားသည်။

အဆိုပါပေါက်ကွဲစေတတ် သော ပစ္စည်းများသိမ်းဆည်းရမိ မှုနှင့် ပတ်သက်၍ အမျိုးသားနှစ် ဦးကို နယ်မြေခံအမှတ်(၇)ရဲတပ် ဖွဲ့စခန်းတွင် ပေါက်ကွဲစေတတ် သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ(၅)အရ   အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

===================    
251 / End