အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးတို့အ တွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရန် လို အပ်ပြီး ထိုသို့ ပြင်သင့်သည်ကို ပြင်ဆင်နိုင်မှသာ တိုင်းပြည်၏ အ သွင်ကူးပြောင်းရေးလုပ်ငန်းစဉ် များ ပိုမိုအောင်မြင်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်တာပြင်ရမယ်။ ထားသင့် တာထားရမယ်။ ပြင်သင့်တာပြင်၊ ထားသင့်တာ ထားမှ ဒီကနေ့ ပြု ပြင်ပြောင်းလဲရေးဟာ ပိုပြီးတော့ စောလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်သင့်တာပြင်မယ်ဆိုလို့ ရှိရင် ဒီကနေ့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးပိုရလာနိုင် မယ်ဆိုပြီးတော့ ဒုတိယအချက် အနေနဲ့ ကျွန်တော်တို့ သုံးသပ်ပါ တယ်’’ဟု သူရဦးရွှေမန်းက ပြော ကြားသည်။
ဒီဇင်ဘာ ၁၆ ရက် နံနက်က မန္တလေးမြို့တော်ခန်းမတွင် ပြည် ထောင်စုလွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မန္တလေး တိုင်းအစိုးရအဖွဲ့၊ တိုင်းတရား လွှတ်တော်ရှေ့နေများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ မန္တလေး မြို့ရှိ Rules of Law Center တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့ခံများတွေ့ ဆုံရာတွင် သူရဦးရွှေမန်းက အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည့် လုပ်ငန်း သည် ပြည်ထောင်စုလွှတ်တော် လုပ်ဆောင်ရမည့် တာဝန်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ် သက် ၍ အကြံပြုချက်တောင်းခံ လာပါကလည်း အကြံပေးကူညီ မည်ဟု သူရဦးရွှေမန်းကဆိုသည်။
‘‘အားလုံးသင်ခန်းစာရှိပါ တယ်။ ပြီးခဲ့တဲ့အခါက ကျွန်တော် တို့ ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့အတွေ့ အကြုံရှိပါတယ်’’ဟု ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက် ၍ မည်သည့်အချက်များ ပြုပြင် ပါသလဲဟု သတင်းထောက်များ က မေးမြန်းရာ သူရဦးရွှေမန်းက ယခုလိုပြန်လည်ဖြေကြားသည်။
ပြီးခဲ့သည့် ၂၀၁၅ အတွင်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ၎င်းဆောင်ရွက်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန် ပြီး လွှတ်တော်မှတစ်ဆင့် ဥပဒေ ပြင်ဆင်ရန် ကြိုးစားခဲ့ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ အရေးကြီးသည့် ပြဋ္ဌာန်းချက် များ ပြင်ဆင်နိုင်ခြင်းမရှိခဲ့ဘဲ ဖွဲ့ စည်းပုံအခြေခံ ဥပဒေဇယား (၂) နှင့် ဇယား (၅) ပါ ပြဋ္ဌာန်းချက်များ ထဲမှ ပုဒ်မများကိုသာ အဓိက ပြင် ဆင်နိုင်ခဲ့ကြောင်း သူရဦးရွှေမန်း က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သော်လည်း မပြင်ဆင်ဘဲ ထားရှိသင့်သည့် ဥပဒေပုဒ်မများလည်း ရှိနေပြီး ယင်းမပြင်ဆင်သင့်သည့် ပုဒ်မ များကို ပြင်ဆင်ရန် ကြိုးစားမည် ဆိုလျှင် တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးအပါအ၀င် အခြား ပြ ဿနာများ ဖြစ်ပေါ်နိုင်သည်ဟု သူရဦးရွှေမန်းက ထောက်ပြသွား သည်။
ပြီးခဲ့သည့် လွှတ်တော်သက် တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုး ပမ်းမှုရှိခဲ့ပြီး လူပေါင်း သန်းနှင့်ချီ ကာ ပြင်ဆင်ရန်ဆန္ဒပြုခဲ့သည့် ပုဒ်မ ၄၃၆ (နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်များ နှင့်သက်ဆိုင်)ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်ရန် ကြိုးပမ်းရာတွင် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ)ပါ ပြဋ္ဌာန်းချက်မှ နိုင်ငံတော်သမ္မတ သည် စစ်ရေးအမြင်ရှိရမည်ဆို သည့် စာသားအစား ကာကွယ် ရေးအမြင်ဟူသည့် အချက်တစ်ခု သာ ပြင်ဆင်နိုင်ခဲ့သည်။
===================
251 / End
ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား
၁၇ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၀၈
News ID: 798835
ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးတို့အ တွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရန် လို အပ်ပြီး ထိုသို့ ပြင်သင့်သည်ကို ပြင်ဆင်နိုင်မှသာ တိုင်းပြည်၏ အ သွင်ကူးပြောင်းရေးလုပ်ငန်းစဉ် များ ပိုမိုအောင်မြင်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။