အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေး၊ ဒီဇင်ဘာ ၁၈ ။ ။ မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)တည်ဆောက်စဉ်က သိမ်းယူထားသည့် လယ်ယာမြေများထဲမှ အသုံးမပြုသည့် ပို လျှံမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံတစ်ချို့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တောင်းဆိုသွားမည်ဟု လယ်သိမ်းခံရသော တောင်သူ ဦးဘငွေက မဇ္ဈိမကိုပြောသည်။
" အဘတို့ စာတင်ပြီး တောင်းမယ်လေ။ ရမယ်လို့ယုံကြည်တယ်။ အခုအစိုးရက အဘတို့တင်ထားတဲ့အစိုးရလေ " ဟု လယ်မြေ သုံးဧက အသိမ်းခံခဲ့ရသူ ဦးဘငွေက ပြောသည်။
၁၉၉၁ ခုနှစ်က ဗဟိုအကျဉ်းထောင် တည်ဆောက်ရန်အတွက် ဧက ၃၀၀ ကျော် သိမ်းယူခဲ့ပြီး ထိုသိမ်းဆည်း လယ်မြေ များအနက် အသုံးမပြုသည့် ဧက ၅၀ကျော်ရှိကြောင်း အောင်ချမ်းသာကျေးရွာတွင် နေထိုင်သည့် လယ်မြေအသိမ်းခံရ သော တောင်သူတစ်ချို့က ဆိုသည်။
" စိုက်ထား၊ ပျိုးထားတာလည်းမရှိဘူး။ အဆောက်အဦး ဆောက်ထားတာလည်း မရှိဘူး။ ဒီအတိုင်းပဲ ပြစ်ထားတာကြာပြီ ဒါကြောင့် ပြန်လိုချင်တယ်" ဟု လယ် ၆် ဧက အသိမ်းခံခဲ့ရသော တောင်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးက ပြော သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အိုးဘိုအကျဉ်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ ဆီ ကိုတော့ ဘာမှပြောတာ စာပို့တာတော့ မရှိဘူး။ ပိုတယ် မပိုတယ်ကတော့ ကျွန်တော့်အဆင့်နဲ့ပြောမရပါဘူး။ ဒါကိုတော့ နားလည်ပေးပါ "ဟု ပြောသည်။
အသုံးမပြုသည့် ပိုလျှံမြေများ ပြန်လည်စွန့်လွှတ်ပေးရန်အတွက် လယ်မြေအသိမ်းခံတောင်သူများက ယခင်အစိုးရ လက် ထက်ကလည်း အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အကြောင်းမထူးခဲ့ဟု ဒေသခံတစ်ချို့က ဆိုသည်။
ယခုအရပ်သား အစိုးရလက်ထက်တွင်လည်း အသုံးမပြုသည့် ပိုလျှံမြေပြန်လည် စွန့်လွှတ်ပေးရန်အတွက် ဒေသခံများ စု ပေါင်းလက်မှတ်ထိုး၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တင်ပြတောင်းခံသွား မည်ဖြစ် ကြောင်း သိရသည်။
===================
251 / End
၁၈ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၁၁
News ID: 799098
မႏၲေလး၊ ဒီဇင္ဘာ ၁၈ ။ ။ မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)တည်ဆောက်စဉ်က သိမ်းယူထားသည့် လယ်ယာမြေများထဲမှ အသုံးမပြုသည့် ပို လျှံမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံတစ်ချို့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တောင်းဆိုသွားမည်ဟု လယ်သိမ်းခံရသော တောင်သူ ဦးဘငွေက မဇ္ဈိမကိုပြောသည်။