အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဒီဇင် ဘာ ၁၉ ရက်က မုံရွာမြို့ ချမ်းမြ ဝတီရပ်ကွက်ရှိ သတင်းထောက် ကိုစိုးမိုးထွန်းနေအိမ်တွင် မိသားစု ဝင်များနှင့် တွေ့ဆုံစဉ် လူသတ် မှုနောက်ကွယ်က ကြိုးကိုင်သူများ ကိုပါ အရေးယူရန် အမှုစစ်ဆေး နေသော မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်အား တိုက် တွန်းပြောကြားသည်။
‘‘တပည့်ကို လွှတ်သတ်မှာ ပဲ။ သုံးယောက်သတ်လို့ အဲဒီသုံး ယောက်ပဲ အရေးယူတာမလုပ်ပါ နဲ့။ ဖော်ပြီးရင် အဲဒီအမှုကို အဆုံး အထိလိုက်ပေးပါ။ ဒီသုံးယောက်က တရားခံဆိုပေမယ့် နောက်ကွယ်က ကြိုးကိုင်သူအထိ လိုက် ပေးပါ။ အဲဒီလိုလုပ်လာလို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနဲ့အညီလုပ် တာကို ကျွန်တော်လိုချင်တယ်။ ဥပဒေ၊ နည်းဥပဒေနဲ့အညီလုပ် တာကို ကျွန်တော်ပံ့ပိုးကူညီပေး မယ်’’ ဟု ဒေါက်တာ မြင့်နိုင်က ပြောသည်။
မုံရွာမြို့တွင် အုပ်စုဖွဲ့ ရမ်း ကားမှုများ ပပျောက်ရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် နှင့် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ် သက်၍ အမှုမှန်ပေါ်ပေါက်ရေးအ တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မုံရွာမြို့ မြို့မရဲစခန်းမှူးနှင့် ဆွေး နွေးခဲ့သည်။
‘‘လက်ရှိ တိုင်းရဲတပ်ဖွဲ့မှူး ကနေ အမှုမှန်ပေါ်ပေါက်ရေးအ တွက် ခရိုင်ရဲတပ်ဖွဲ့မှူးကို ခေါင်း ဆောင်အဖြစ် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း ထားတယ်။ တိုင်းမှုခင်းအကူ ရဲ တပ်ဖွဲ့၊ ခရိုင်မှုခင်းရဲတပ်ဖွဲ့၊ စီအိုင်ဒီအဖွဲ့တွေနဲ့ အမှုမှန်ပေါ် ပေါက်ရေး ဆောင်ရွက်နေပါ တယ်။ စစ်ဆေးဆဲအခြေအနေမှာ မသင်္ကာစရာအချက်အရ ပြည့်စုံပြီဆိုရင် ရမန်ယူပြီး စစ်ဆေးဖို့ လည်း ရှိပါတယ်။ နေ့ရော ညပါ ပူးပေါင်းပြီး သတင်းရရင် ရသလိုဝိုင်းဝန်းစစ်ဆေးခဲ့တယ်။ မသင်္ကာ သတင်းပေးတွေထားတာ ရှိပါ တယ်။ သတင်းရရှိရေး ဆောင် ရွက်ခဲ့တာ စစ်ဆေးမေးမြန်းတဲ့သူ ၃၀ ကျော်ရှိပါပြီ။ အဓိက မသင်္ကာစရာတွေ ပြန်စစ်ပါတယ်’’ဟု မုံရွာမြို့ မြို့မရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်း ဆွေမြင့်က ပြောသည်။
မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့၊ မုံရွာခရိုင် မှုခင်းရဲတပ်ဖွဲ့၊ မုံရွာမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် စီအိုင်ဒီအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု ဆိုသည်။
၎င်းအသတ်ခံရခြင်းနှင့်ပတ် သက်၍ ရန်ကုန်မြို့ရှိ သတင်းထောက်ဆယ်ဦးခန့်ကလည်း ဒီဇင်ဘာ ၁၉ ရက် ညနေက အမှုမှန်ပေါ်ပေါက်ရန် ဆန္ဒပြခြင်းနှင့် ဖ ယောင်းတိုင်ထွန်းညှိ ဆုတောင်း ခြင်းများ ပြုလုပ်ခဲ့သည်။
‘‘ကိုစိုးမိုးထွန်းအတွက် အမှု မှန်ပေါ်ပေါက်ပေးဖို့ တောင်းဆို တာပါ။ အမှုမှန်ပေါ်ပေါက်အောင် လုပ်ပေးဖို့ လိုလားပါတယ်။ အ သတ်ခံရတဲ့ သူတွေ အခွင့်အရေး အတွက် တရားခံကို ဖော်ထုတ် ပေးဖို့ တောင်းဆိုတာပါ’’ဟု ပြည် သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်လတ်လတ်စိုးက ပြောကြား သည်။
Eleven Media မှ မုံရွာအ ခြေစိုက် သတင်းထောက် ကိုစိုးမိုး ထွန်းသည် မုံရွာမြို့ အောင်ချမ်း သာရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေးတွင် ဒီဇင်ဘာ ၁၂ ရက် ညဥ့်သန်းခေါင်ကျော်၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
===================
251 / End
၂၀ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၅၅
News ID: 799622
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဒီဇင် ဘာ ၁၉ ရက်က မုံရွာမြို့ ချမ်းမြ ဝတီရပ်ကွက်ရှိ သတင်းထောက် ကိုစိုးမိုးထွန်းနေအိမ်တွင် မိသားစု ဝင်များနှင့် တွေ့ဆုံစဉ် လူသတ် မှုနောက်ကွယ်က ကြိုးကိုင်သူများ ကိုပါ အရေးယူရန် အမှုစစ်ဆေး နေသော မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်အား တိုက် တွန်းပြောကြားသည်။