အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူအား သေနတ်နဲ့ပစ်လိုက်ရာမှာ ဓာတ်ပုံရိုက်သူကို မထိဘဲ အနီးနားက ဒေသခံအမျိုးသမီးတဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ကချင်ပြည်နယ် တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာအနီး တပ်မတော်မော်တော်ယာဉ်တန်းကို မသင်္ကာဖွယ်လူ ၁ ဦးက ဓာတ်ပုံရိုက်ခဲ့ပါတယ်။
စစ်ကြောင်းက စစ်သည်တဦးက ဓာတ်ပုံမရိုက်ဖို့နဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ ဖျက်ဖို့ပြောရာမှာ အဲ့ဒီ လူက ဆိုင်ကယ်ကို အပြင်းမောင်းပြီး ထွက်ပြေးပါတယ်။
စစ်သည်က ဆိုင်ကယ်နဲ့မောင်းပြေးသူကို ခြောက်လှန့်ပစ်ခတ်လိုက်ရာမှာ ကျည်ဆန်က မော်တော်ဆိုင်ကယ်ဘီးကို ထိမှန်ခြင်းမရှိဘဲ ကျေးရွာအ၀င်လမ်းဘေးရှိ ကေဘယ်လ်လိုင်း ဆောက်လုပ်ရေးခွင်၊ ယာယီတဲမှာ ထမင်းချက်နေတည့် မခိုင်ချို ဆိုသူကို ထိမှန်ခဲ့ပါတယ်။
သေနတ်ထိမှန်ဒဏ်ရာဟာ စိုးရိမ်စရာမရှိဘဲ တပ်မတော်စစ်ကြောင်းကလည်း ကူညီထောက်ပံ့မှု လုပ်ခဲ့ပြီး သေနတ်တဲ့ပစ်တဲ့ စစည်သည်ကိုလည်း ဥပဒေနဲ့အညီ အရေးယူမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
===================
251 / End
၂၂ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၁၃
News ID: 800055
တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူအား သေနတ်နဲ့ပစ်လိုက်ရာမှာ ဓာတ်ပုံရိုက်သူကို မထိဘဲ အနီးနားက ဒေသခံအမျိုးသမီးတဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။