၂ ဇန်နဝါရီ ၂၀၁၇ - ၁၇:၃၃
ရှမ်းမြောက်ရှိ စစ်ဘေးရှောင်စခန်းများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်နှင့်စောင်များ သွားရောက်လှူဒါန်း

ရှမ်းမြောက်ဒေသရှိ စစ်ဘေးရှောင်စခန်းများသို့ ဆန်နှင့်စောင်များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်မြောက် ပိုင်းရှိ စစ်ဘေးရှောင်စခန်း ၁၆ခုမှ ပြည်သူများအား ဆန်နှင့်စောင် များသွားရောက်လှူဒါန်းခဲ့ ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက ဇန်န၀ါရီ ၁ရက်တွင် သ တင်းထုတ်ပြန်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သည် ရှမ်းပြည်နယ်ကျောက်မဲခ ရိုင်အတွင်းရှိ ကျောက်မဲ၊ နမ္မတူ၊ သီပေါနှင့် နောင်ချိုမြို့နယ်များရှိ စစ်ရှောင်စခန်း ၁၆ခုမှစစ်ရှောင် ပြည်သူများအား သွားရောက်လှူ ဒါန်းခြင်းဖြစ်သည်။

လက်ရှိတွင်စခန်းခြောက်ခု သို့ လှူဒါန်းထားပြီး ဒီဇင်ဘာ ၃၁ ရက်က ကျောက်မဲမြို့နယ်ရှိ မေ တ္တာအိုးဝေ၊ တော့ဆန်ရှိ စစ်ရှောင် ကလေးများစာသင်စခန်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၆ဦး၊ နမ့်စစ်လင်းကျောင်းတိုက်မှ အိမ် ထောင်စု ၇၈စု၊ နောင်ချိုမြို့နယ် ရှိ အုမ္မသီးကျေးရွာဘုန်းတော်ကြီး ကျောင်းနှင့်အနီးအနားရှိဆွေမျိုး များထံ လာရောက်တိမ်းရှောင်နေ သော အိမ်ထောင်စု ၆၃စု၊ ရေ မောင်းတန်းဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု ၂၈စုတို့ထံ ဆန်နှင့်စောင်များခွဲတမ်းအ လိုက် သွားရောက်လှူဒါန်းခဲ့ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏မိခင်ဒေါ်ခင်ကြည်အတွက် အမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ TNLAတို့အ ကြားတိုက်ပွဲများ၊ TNLAနှင့် ရှမ်း လက်နက်ကိုင်အဖွဲ့ RCSSတို့အ ကြားတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ပြည်သူအများအပြားစစ်ဘေးဒုက္ခ ကြုံတွေ့နေရပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရသည်။

===================
251 / End