၂ ဇန်နဝါရီ ၂၀၁၇ - ၁၈:၄၈
နှစ်သစ်ပထမဆုံးနေ့မှစတင်ကာ ငြိမ်းချမ်းရေးအတွက် ဖြူစင်သည့်စိတ်ဓာတ်ဖြင့် ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် NRPC ကို ဖွင့်လှစ်ပေးစဉ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၁၇ ပထမဦး ဆုံးနေ့ရက်ကစတင်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဖြူစင်သည့်စိတ်ဓာတ်ဖြင့် ဆက်လက်ဖြတ်သန်းကြရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြား သည်။

‘‘ငြိမ်းချမ်းရေး သင်္ကေတ ချိုးဖြူက ဖြူစင်တယ်၊ ဖြူစင်သန့် ရှင်းပြီး တစ်ယောက်နဲ့တစ် ယောက်ဖြူစင်သန့်ရှင်းတဲ့စိတ် ထားတွေနဲ့ မထားရင်တော့ တ ကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရ နိုင်ပါဘူး။ ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ကိုလည်း တည်ဆောက်နိုင်မှာ မ ဟုတ်ပါဘူး’’ဟု ဇန်န၀ါရီ ၁ရက် က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ဖွင့်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ယခုနှစ် ၂၀၁၇အတွင်းအောင် မြင်စေရန်ဆိုသည့် ရည်ရွယ်ချက် ဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဇန်န၀ါရီ ၁ရက်တွင် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။ NRPC ရုံးကို ဥတ္တရသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် အားကစားကျေးရွာအနီးရှိ အဆောက်အအုံတွင် ဖွင့်လှစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ငြိမ်းချမ်းရေးအထိမ်းအ မှတ် သံလွင်ပင် စိုက်ပျိုးခဲ့ပြီး NRPCဗဟိုဌာနဆိုင်းဘုတ်ကို ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကိုတို့ တက်ရောက်ခဲ့သည်။

အမျိုးသားပြန်လည်သင့် မြတ်ရေးရရှိရန် ယုံကြည်မှုတည်ဆောက်ရန်လိုအပ်ပြီး ယင်းယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်လည်း ဖြောင့်မတ်မှန်ကန်ရေးအခြေခံကျကာအရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

‘‘ငြိမ်းချမ်းရေးရှင်သန်စေ ချင်လို့ဆိုရင် ပထမဦးဆုံးနဲ့အရေး ကြီးတာက ကျွန်မတို့အချင်းချင်း ကြားမှာ မှန်မှန်ကန်ကန်ဖြောင့် ဖြောင့်မတ်မတ်၊ ပွင့်ပွင့်လင်းလင်း ဖြူဖြူစင်စင်ဆက်ဆံရမှာဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိရန် NRPCမှ ပြည်သူလူ ထုနှင့်မြန်မာနိုင်ငံကို စာနာကူညီ မည့်နိုင်ငံတကာအကူအညီနှင့် ၀ိုင်းဝန်းကြိုးစားကြရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမရရှိသည့် အ ကြောင်းရင်းကို ၎င်းက ‘‘အဓိကက ဒီနှစ်ခုပါပဲ။ လောဘကိုယ့် အတွက် ကိုယ်လိုချင်တဲ့စိတ်၊ ဒေါ သ ဟိုဘက်ကိုမလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ကျော်ချင်တဲ့စိတ် ဒီစိတ်နှစ်ခုကြောင့် ကျွန်မတို့နိုင်ငံ မှာ ငြိမ်းချမ်းရေးမရရှိသေးတာဖြစ် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

အဆိုပါလောဘနှင့်ဒေါသ စိတ်နှစ်ခုကို လုံးဝပျောက်ကွယ် သည်အထိမဟုတ်ဘဲအများကြီး လျှော့ချနိုင်ပါက အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးရရှိမည်ဟုယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

===================
251 / End