အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့်ပြည်ထောင်စုငြိမ်း ချမ်းရေးအတွက် စုပေါင်းတွေ့ဆုံ အဖြေရှာမည့် ၂၁ ရာစုပင်လုံကို တိုင်းရင်းသားပြည်သူများအား လုံးက မျက်မှောက်ပြုကြရန် အ ထူးအရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၉)နှစ် မြောက်လွတ်လပ်ရေးနေ့ အခမ်း အနားသို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားတိုက်တွန်းထား သည်။
အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ပြည် ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ ၂၁ ရာစုပင်လုံကျင်းပခြင်း ဖြင့် ကြိုးပမ်းဆောင်ရွက်နေ ကြောင်းနှင့် လက်နက်ကိုင်နည်း လမ်းသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခကို ရှည်ကြာစေခဲ့ပြီး ဖွံ့ဖြိုးမှုများလည်း နောက်ကျကျန် ရစ်ခဲ့ရသည်ကို အထင်အရှား တွေ့မြင်ခဲ့ရပြီးဖြစ်သည်ဟု သမ္မတက သဝဏ်လွှာတွင် ဆိုထားသည်။
နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းလာသည်နှင့် အမျှ ပြည်ထောင်စု၏နယ်မြေဒေ သအားလုံး၌ တစ်ပြိုင်တည်း ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏စားဝတ်နေ ရေး၊ လူမှုစီးပွားဘဝတိုးတက်ရေး တို့အတွက် ကြိုးစားဆောင်ရွက် လျက်ရှိရာ တိုင်းရင်းသားပြည်သူ များအနေဖြင့် တောင်ပေါ်မြေပြန့်၊ ပြည်နယ်ပြည်မ မခွဲခြားဘဲ မိမိကျရာအခန်းကဏ္ဍမှ ပြည်ထောင် စုအစိုးရနှင့်အတူ လက်တွဲပူး ပေါင်း ဆောင်ရွက်ကြရန် လိုအပ် သည်ဟုလည်း သဝဏ်လွှာတွင် ပါရှိသည်။
သဝဏ်လွှာ၏နိဂုံးချုပ်တွင် သမ္မတက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မျှော်လင့်တောင့်တ လျက်ရှိသည့် အမျိုးသားရေးရည် မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး အောင်မြင်ရ မည်ဟူသော ယုံကြည်မှုသန္နိဋ္ဌာန် ဖြင့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ် စွာ အကောင်အထည်ဖော်ဆောင် ရွက်ကြပါရန် တိုက်တွန်းထား သည်။
၂၀၁၆အတွင်း လက်နက် ကိုင်ပဋိပက္ခအကြိမ်ရေ သုံးရာ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခ သည်ဦးရေ သုံးသောင်းနှင့်အ ထက် တိုးမြင့်လာကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စောင့် ကြည့်လေ့လာသည့် Myanmar Peace Monitorစစ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါလက် နက်ကိုင်ပဋိပက္ခများတွင် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများသာမက တိုင်းရင်း သားအဖွဲ့ အချင်းချင်းကြားဖြစ် ပွားခဲ့သည့် ပဋိပက္ခများလည်း ပါ ၀င်သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားလုံးအ နေဖြင့် ပြည်ထောင်စုမှ ခွဲမထွက် ပါဟု ကတိပြုထားပြီး ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ရာစုပင်လုံကိုတက်ရောက်၍ နိုင် ငံရေးဆွေးနွေးလိုစိတ်ရှိကြသည် ဟု ယူဆကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပြောရေးဆိုခွင့်ရှိသူဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။
‘‘ငြိမ်းချမ်းရေးကိုဖော် ဆောင်တဲ့နေရာမှာ စကားလုံး တွေနဲ့ပဲ တစ်ယောက်ပေါ်တစ် ယောက်အပြစ်ဖို့နေရုံနဲ့တော့ မပြီး နိုင်ပါဘူး။ တကယ့်စေတနာမှန်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မယ် ဆို အရေးအကြီးဆုံးအချက်က ရိုး သားဖို့ပါ။ တရားမျှတမှုကို လက် ခံယုံကြည်ဖို့လိုအပ်ပါတယ်’’ဟု ဦးစိုင်းလိတ်ကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်း က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင်မပါဝင်သည့် ကေအိုင် အေ၊ တအာင်းနှင့် ကိုးကန့်ပူး ပေါင်းလက်နက်ကိုင်အဖွဲ့က မူ ဆယ်ဒေသသို့ ၀င်ရောက်တိုက် ခိုက်ခဲ့ရာ အရပ်သားအချို့သေ ဆုံးဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ပြီး ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
===================
251 / End
၅ ဇန်နဝါရီ ၂၀၁၇ - ၁၆:၀၃
News ID: 802975
အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့်ပြည်ထောင်စုငြိမ်း ချမ်းရေးအတွက် စုပေါင်းတွေ့ဆုံ အဖြေရှာမည့် ၂၁ ရာစုပင်လုံကို တိုင်းရင်းသားပြည်သူများအား လုံးက မျက်မှောက်ပြုကြရန် အ ထူးအရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၉)နှစ် မြောက်လွတ်လပ်ရေးနေ့ အခမ်း အနားသို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားတိုက်တွန်းထား သည်။