၇ ဇန်နဝါရီ ၂၀၁၇ - ၂၀:၁၄
နှစ် ၂၄၀ ကျော်သက်တမ်းရှိ လက်ရေးမူဖြင့် ရေးဆွဲထားသော အာရှမြေပုံကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်း

နှစ် ၂၄၀ ကျော် သက်တမ်းရှိ မိသားစုပိုင်လက်ရေး မူဖြင့် ရေးဆွဲထားသော အာရှမြေ ပုံတစ်ချပ်နှင့် သက်တမ်း ၆၉ နှစ်ရှိ ဓာတ်ပြားငါးချပ်ကို နေပြည်တော် ရှိ သမိုင်းသုတေသနနှင့် အမျိုး သား စာကြည့်တိုက်သို့ Youth Force ကုမ္ပဏီများအုပ်စု ဒါရိုက် တာ ဒေါ်မြမြဖြိုးက ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နှစ် ၂၄၀ ကျော် သက်တမ်းရှိ မိသားစုပိုင်လက်ရေး မူဖြင့် ရေးဆွဲထားသော အာရှမြေ ပုံတစ်ချပ်နှင့် သက်တမ်း ၆၉ နှစ်ရှိ ဓာတ်ပြားငါးချပ်ကို နေပြည်တော် ရှိ သမိုင်းသုတေသနနှင့် အမျိုး သား စာကြည့်တိုက်သို့ Youth Force ကုမ္ပဏီများအုပ်စု ဒါရိုက် တာ ဒေါ်မြမြဖြိုးက ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်မြမြဖြိုးသည် ၂၀၁၄ တွင် ရှေးဟောင်းဓာတ်ပြား ၁၈၅ ချပ်ကို ပထမအကြိမ် လှူဒါန်းထား ပြီး ယခုဒုတိယအကြိမ် ထပ်မံလှူဒါန်းခြင်း ဖြစ်သည်။ မြန်မာနိုင်ငံပါဝင်သော အာရှမြေပုံသည် မိသားစုပိုင် မြေပုံတစ်ခု ဖြစ်ကာ ၁၇၇၁ က လက်ရေးမူဖြင့် ရေးဆွဲ ထားသော မြေပုံတစ်ခုဖြစ်ပြီး သားစဉ်မြေးဆက် ထိန်းသိမ်းလာကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်မတို့မိသားစုရဲ့ ကိုယ် ပိုင်ပစ္စည်းလေးပါ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်တဲ့အတွက် သက်တမ်းတစ်လျှောက်လုံးထိန်း သိမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ ပေမဲ့လည်း ဒီနေ့ဒီအချိန်မှာတော့ ကျွန်မတို့ ပုဂ္ဂလိကလက်ထဲမှာ ဂုဏ်သိက္ခာတစ်ခုအနေနဲ့ပဲ ရှိမယ့် ပစ္စည်းထက် အများပြည်သူအ တွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေ အနှစ်ပစ္စည်းအဖြစ် လေ့လာလို့ရ အောင်၊ တိုက်ရိုက်ထိတွေ့လို့ရ အောင်ဆိုတဲ့ ပင်ကိုပကတိစိတ် ထားနဲ့ပဲ လှူတာပါ’’ဟု ဒေါ်မြမြဖြိုး က ၎င်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့အပြင် ယခင် ၁၈ ရာစုက မြေပြင်အနေအထားများနှင့် ယခု ၂၁ ရာစုမြေပြင်အခြေအနေများ နှိုင်းယှဉ်၍ ရစေရန်လည်း ရည်ရွယ်လှူဒါန်းခဲ့ကြောင်း ၎င်းကဆက် လက် ပြောကြားသည်။

‘‘တကယ့်ကိုရှားပါးတန်ဖိုးရှိ တဲ့ မြေပုံတစ်ခုဖြစ်ပါတယ်။ အဲဒီ တုန်းက ကျွန်တော်တို့မြန်မာနိုင်ငံ က လက်ရှိမြန်မာနိုင်ငံထက် ကျယ်ဝန်းတယ်။ အနောက်ဘက်ဆိုရင် အာသံမဏိပူရအထိ၊ အရှေ့ဘက် ဆိုရင်လည်း ထိုင်းနိုင်ငံဘက်ထိ ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒုတိယ ခေတ်ကြီးကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်း ဘုရားကြီးလက် ထက်မှာ တည်ထောင်ခဲ့တဲ့ မြေပုံ ဖြစ်ပါတယ်။ အဲဒါကိုတွေ့ရတဲ့အ တွက်လည်း ကျွန်တော်တို့မြန်မာ နိုင်ငံအတွက် သမိုင်းအထောက် အထားအရ တန်ဖိုးကြီးတဲ့ မြေပုံဖြစ်ပါတယ်’’ဟု သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန်၊ သမိုင်းသုတေသ နနှင့် အမျိုးသားစာကြည့်တိုက် ဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်ကပြောသည်။

သာသနာရေးနှင့် ယဉ်ကျေး မှု ၀န်ကြီးဌာန လက်အောက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်တွင် လက်ရှိထိန်း သိမ်းထားသော စာအုပ်ပေါင်းသုံး သိန်းကျော်နှင့် ပေပုရပိုက် ခုနစ် ထောင်ကျော်ရှိကြောင်း သိရသည်။

===================    
251 / End