အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဇန်န၀ါရီ ၇ ။ ။ အစိုးရအနေဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ကြားဝင်စေ့စပ်သော အခန်းကဏ္ဍကသာ ပါဝင်ရန် လိုကြောင်း စာရေးဆရာကျော်ဝင်းက ပြောသည်။
စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာစာအုပ်များကို အဓိကရေးသားခဲ့သည့် စာရေးဆရာကျော်ဝင်းက ဇန်နဝါရီ ၇ ရက်က ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
"NLD အစိုးရ အနေနဲ့ တပ်မတော်အပေါ်ကိုလည်း ပြေပြေလည်လည်ဆက်ဆံနိုင်ရင်တော့ ကောင်းတာပဲ။ တပြိုင်တည်းအရေးကြီးတာက လူမျိုးစုတွေနဲ့လည်း ပြေလည်ဖို့လိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ NLD မပေါ်ခင်ကတည်းက ရှိခဲ့တာ။ တစ်နည်းပြောရရင် ပြည်တွင်းစစ်ရဲ့ အဓိကဇာတ်လိုက်တွေလေ။ အခု အချင်းချင်းကြားမှာ NLD ဟာ တစ်ဖက်ဖက်ကို မရပ်သင့်ဘူး။ ကြားထဲက Moderator(ကြားဝင်စေ့စပ်သူ) အနေနဲ့ပဲ နေသင့်တယ်လို့ ကျွန်တော်တော့ ထင်တယ်"ဟု စာရေးဆရာ ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။
လက်ရှိ အစိုးရ တာဝန်ယူနေသည့် သက်တမ်းတစ်နှစ် မပြည့်မီအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ ယခင်ကထက် ပိုမိုများပြားလာပြီး အဓိကအားဖြင့် ကေအိုင်အေအဖွဲ့ အပါအ၀င် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
===================
251 / End
အစိုးရအနေဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကြားဝင်စေ့စပ်သော အခန်းကဏ္ဍကသာ ပါဝင်ရန် စာရေးဆရာကျော်ဝင်း တိုက်တွန်
၇ ဇန်နဝါရီ ၂၀၁၇ - ၂၀:၂၄
News ID: 803433
ရန်ကုန်၊ ဇန်န၀ါရီ ၇ ။ ။ အစိုးရအနေဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ကြားဝင်စေ့စပ်သော အခန်းကဏ္ဍကသာ ပါဝင်ရန် လိုကြောင်း စာရေးဆရာကျော်ဝင်းက ပြောသည်။