၈ ဇန်နဝါရီ ၂၀၁၇ - ၁၆:၂၅
တိုင်းဒေသကြီးများတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမှုနည်းပါးနေဟုဆို

ရန်ကုန်၊ ဇန်န၀ါရီ ၇ ။ ။ ပြည်နယ်များတွင် ငြိမ်းချမ်းရေးနှင့်ပက်သက်သည့် ဆွေးနွေးပွဲကျင်းပမှုများ ရှိသော်လည်း တိုင်းဒေသကြီးများတွင် ကျင်းပမှုနည်းနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ ဇန်န၀ါရီ ၇ ။          ။ ပြည်နယ်များတွင် ငြိမ်းချမ်းရေးနှင့်ပက်သက်သည့် ဆွေးနွေးပွဲကျင်းပမှုများ ရှိသော်လည်း တိုင်းဒေသကြီးများတွင် ကျင်းပမှုနည်းနေသည်ဟု   မြန်မာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။

“ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပက်သက်ရင် ပြည်နယ်တွေမှာကျတော့ တော်တော်များများ ဆွေးနွေးပွဲတွေကျင်းပခဲ့ကြတယ် တိုင်းဒေသကြီးမှာကျတော့ ဘယ်လိုဖြစ်နေလည်းဆိုတော့ ငြိမ်းချမ်းရေးနှင့် တိုင်းဒေသကြီးဟာ မပက်သက်သလိုဖြစ်နေတယ် “ ဟု၎င်းကပြောဆိုသည်။

ရန်ကုန်မြို့ အင်းယားကန်ဟိုတယ်တွင် ယနေ့ပြုလုပ်ခဲ့သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) အကြိုလူထုဆွေးနွေးပွဲ “ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးမှာရှိတဲ့ ဗမာအများစုနှင့် တိုင်းရင်းသားများကို ပေါင်းကူးပေးရန်အတွက် အကြိုလူထုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ဆက်လက်ပြောဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကလည်း “ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုအကြိုဆွေးနွေးပွဲကို ဒီရန်ကုန်မြို့မှာ ကျင်းပနိုင်တဲ့အတွက် အများကြီးကျေနပ်မိပါတယ် ဆိုရရင် အချို့နိုင်ငံတော်ဘက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးဆွးနွေးပွဲဟာ ဒီတိုင်းရင်းသားဒေသတွင်းမှာပဲလုပ်သင့်ပါတယ်။ တိုင်းဒေသကြီးတွေမှာကျတော့ လွှတ်တော်မှာပဲ အဲ့ဒီ့နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ ပြောကြတာရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးပြသာနာဟာ တိုင်းရင်းသားဒေသတွင်းမှာ မကဘူး။ တစ်နိုင်ငံလုံးမှာဖြစ်တဲ့ ပြဿနာဖြစ်တယ်" ဟု ပြောဆိုသည်။

ယခုဆွေးနွေးပွဲမှရရှိလာသည့်အချက်များကို ကျင်းပရန်ရှိသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ တိုင်းရင်းသားဒေသများတွင် ကျင်းပရန်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ သို့မဟုတ်   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့တွင် တင်ပြနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ KNU အထွေထွေအတွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်း၊ ABSDF မှတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့သည်။

===================    
251 / End