အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၇-၁၈ဘဏ္ဍာနှစ် တွင် နိုင်ငံ၏ GDP(နိုင်ငံ၏အသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး)ကို ၇ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းပြီး ပြည်သူတစ်ဦးချင်းစီ ၏ ထုတ်လုပ်မှုတန်ဖိုးကို တစ်နှစ် လျှင် ကျပ် ၁၇ သိန်းရရှိရန် စီမံ ကိန်းရေးဆွဲထားကြောင်း နိုင်ငံတော်သမ္မ တဦးထင်ကျော်က ပြောကြားသည်။
အစိုးရသစ်၏ ပထမဦးဆုံး ရေးဆွဲထားသော အမျိုးသားစီမံ ကိန်းကို ပြည်ထောင်စုလွှတ်တော် သို့မတင်ပြမီ စီမံကိန်းကော်မရှင် ၏ အတည်ပြုချက်ရယူသည့် အ စည်းအဝေးကို ဇန်န၀ါရီ ၉ ရက် တွင်ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးထင်ကျော်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ပထမနှစ် ၀က်အတွင်း စီးပွားရေးနှေးကွေးခဲ့ ပြီး လယ်ယာထုတ်ကုန်ကျဆင်း ခြင်း၊ ပို့ကုန်ဈေးနှုန်းများကျဆင်း ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီး ၀င်မှုနှေးကွေးခြင်းနှင့် ကမ္ဘာ့နိုင်ငံ ရေး၊ စီးပွားရေးဂယက်များက နိုင်ငံ၏ စီးပွားရေးကိုဂယက်ရိုက် ခတ်ခဲ့သည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်ကုန်တွင် GDP တိုးတက်မှုသည် ၅ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ဆက်လက်၍ သမ္မတက နိုင် ငံတော်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာ ရေးအရင်းအမြစ်၊ သဘာဝသယံ ဇာတအရင်းအမြစ်နှင့် လူသားအ ရင်းအမြစ်ပေါ်တွင် အခြေခံ၍ ကာလရှည်နှင့် ကာလတိုငါးနှစ်စီမံကိန်းများ ရေးဆွဲနေသည်ဟု ပြောသည်။
ထိုသို့ စီမံကိန်းများရေးဆွဲရာ တွင်လည်း ပြည်သူများအတွက် လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည် ရေရှည်ဖွံ့ဖြိုးရေးလို အပ်ချက်ဟူသည့် အပိုင်းနှစ်ခုကို ခွဲခြားရှုမြင်ဆောင်ရွက်ရန်နှင့် စီမံ ကိန်းကြီးများကိုလည်း ခွင့်ပြုထား သည့် ဘတ်ဂျက်ဘောင်အတွင်း က ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း ဆောင်ရွက်မည့် စီမံကိန်း များကို ဖြစ်မြောက်နိုင်စွမ်းရှိ၊မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊မရှိ၊ ပြည်သူများအတွက် အ ကျိုးရှိ၊မရှိ၊ ဒေသဖွံ့ဖြိုးရေး အ တွက်၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိတို့ကို ဘက်စုံလေ့လာဆန်းစစ် ရန်လိုအပ်သည်ဟု နိုင်ငံတော်သ မ္မတကပြောကြားသည်။
ထို့အပြင် နိုင်ငံအတွင်းစီး ပွားရေးဖွံ့ဖြိုးတိုးတက်ရုံသာမက အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုး တက်ရန်၊ လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးရန်၊ သဘာဝပတ်ဝန်း ကျင်၊ ဇီဝမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရန်နှင့် ဂေဟစနစ်များ ဖွံ့ဖြိုးရေးထိန်းသိမ်းဆောင်ရွက် ရန် သမ္မတက ဆက်လက်ပြော ကြားသည်။ ထို့နောက် တိုင်းဒေ သကြီးနှင့် ပြည်နယ်များအကြား အချိုးမျှတသည့် အကျိုးခံစားခွင့် လူမှုစီးပွားများရှိလာအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆွေးနွေးပွဲတွင် စီမံကိန်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က စီမံကိန်း များ အကောင်အထည်ဖော်ရာ ၌ အစိုးရအဖွဲ့အတွင်းပူးပေါင်း ဆောင်ရွက်ရန်၊ ၀န်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်ရန်၊ ၊ ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများပူးပေါင်းဆောင်ရွက်မှုများ သည် အရေးကြီးပြီး အမြင်မ တူမှုများကို ပွင့်ပွင့်လင်းလင်းညှိ နှိုင်း အဖြေရှာရန် အရေးကြီး ကြောင်း ပြောသည်။ထို့အပြင် နိုင်ငံတကာနှင့် ပတ်သက်သည့်စီမံကိန်းတွင် ပွင့်ပွင့်လင်းလင်းဆောင်ရွက်ရန်အ ရေးကြီးသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုရေးဆွဲသည့် စီမံကိန်း များကို လွှတ်တော်သို့တင်ပြရ မည်ဖြစ်ပြီး လွှတ်တော်ကထောက် ပြသည့်ကိစ္စများသည် မှန်ကန်ပါ က လက်ခံရမည်ဖြစ်သည်ဟုဒေါ် အောင်ဆန်းစုကြည်က ပြော သည်။ လွှတ်တော်၏ အကြံပြု ချက်များဖြင့် ပြုလွယ်ပြောင်း လွယ်အောင် လုပ်ဆောင်ရမည်ဟု၎င်းက ဆက်လက်ပြောသည်။
အမျိုးသားစီမံကိန်းကော်မ ရှင်ကို နိုင်ငံတော်သမ္မတကဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင် စုဝန်ကြီးအားလုံးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ၁၄ဦး စလုံးအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အ တွင်းရေးမှူးအဖြစ် ဆောင်ရွက် သည်။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ခန့်မှန်းချက်အရမြန်မာ နိုင်ငံ၏ GDPတိုးတက်မှုသည် ၂၀၁၆တွင် ၈ဒသမ၄ရာခိုင်နှုန်းနှင့် ၂၀၁၇တွင် ၈ဒသမ၃ရာခိုင်နှုန်းရှိမည်ဟုဆိုထားသည်။ ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် GDP ဖွံ့ဖြိုးမှုသည် ၇ဒသမ၈ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံတွင် IMF ၏ အဆိုအရ ၂၀၁၆ အတွက် တစ်ဦးချင်းစီထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ကျပ် ၁၇ သိန်းကျော်ရှိသည်။
===================
251 / End
လာမည့်ဘဏ္ဍာနှစ်တွင် ဂျီဒီပီ ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် ပြည်သူတစ်ဦးချင်းထုတ်လုပ်မှု ကျပ် ၁၇ သိန်းရှိရန် မျှော်မှန်း စီမံကိန်းမျ
၁၀ ဇန်နဝါရီ ၂၀၁၇ - ၁၉:၀၈
News ID: 804174
၂၀၁၇-၁၈ဘဏ္ဍာနှစ် တွင် နိုင်ငံ၏ GDP(နိုင်ငံ၏အသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး)ကို ၇ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းပြီး ပြည်သူတစ်ဦးချင်းစီ ၏ ထုတ်လုပ်မှုတန်ဖိုးကို တစ်နှစ် လျှင် ကျပ် ၁၇ သိန်းရရှိရန် စီမံ ကိန်းရေးဆွဲထားကြောင်း နိုင်ငံတော်သမ္မ တဦးထင်ကျော်က ပြောကြားသည်။