အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံအစိုးရက ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ဖီစနုဆူဗန် နာဂျတာက လှူဒါန်းငွေကို ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေများကို လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန်အတွက် ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာ ငွေစာရင်းသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်သလို ရခိုင်ပြည်နယ် အစိုးရသို့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
===================
251 / End
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများအတွက် ထိုင်းအစိုးရမှ ကန်ဒေါ်လာ (၂)သိန်း လှူဒါန်း
၁၄ ဇန်နဝါရီ ၂၀၁၇ - ၁၁:၅၃
News ID: 804806
ထိုင်းနိုင်ငံအစိုးရက ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သိရပါတယ်။