၁၉ ဇန်နဝါရီ ၂၀၁၇ - ၁၅:၅၉
ပြည်သူကို ငဲ့ညှာမည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အခက်အခဲမရှိဟု KNU စစ်ဦးစီးချုပ်ပြော

ပြည်သူများကို ငဲ့ညှာ မည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေး အခက်အခဲမရှိဟု ကရင် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောဂျော်နီက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်သူများကို ငဲ့ညှာ မည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေး အခက်အခဲမရှိဟု ကရင် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောဂျော်နီက ပြောသည်။


ဘားအံမြို့တွင် ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်သည့် လူမျိုးအ လိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ(ကရင်)သို့ ဧည့်သည် တော်အဖြစ် တက်ရောက်လာ သည့် KNU စစ်ဦးစီးချုပ်က လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်း စဉ်များ၊ လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်း၌ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအခြေအနေများနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

‘‘တစ်ဖက်ကို အပြစ်တင်လို့ မရဘူး။ နှစ်ဖက်စလုံးက လွန် မယ်။ လက်တစ်ဖက်ဆိုတာ တီး လို့မရဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ရင် နှစ်ဖက်စလုံး ပြည်သူကိုငဲ့ညှာလို့ရှိရင် ဘာမှ အခက်အခဲ မရှိဘူး။ ငြိမ်းချမ်းရေးအောင်မြင် အောင် တိုင်းရင်းသားအားလုံး တာဝန်ပဲ။ ငြိမ်းချမ်းရေးလိုချင်ရင် ပေါ့။ မလိုချင်ရင်တော့ မပြော တတ်ဘူး’’ဟု ဗိုလ်ချုပ်ကြီးစော ဂျော်နီက လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များအကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့်ပတ်သက် ပြီး ပြောကြားသည်။

တည်ငြိမ်အေးချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် တိုင်းနှင့် ပြည်နယ်အားလုံးတွင် အမျိုးသားအဆင့်    နိုင်ငံရေးဆွေးနွေးပွဲများကျင်းပ နိုင်ရန်လိုသည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ပြောသည်။

‘‘ကျွန်တော်တို့အတူတကွ ပိုင်ဆိုင်တဲ့နိုင်ငံကို ပြန်လည်တည် ဆောက်ရာမှာ အယူအဆနဲ့ ခံယူ ချက်ကအစ အနှစ်သာရ ပါဝင် တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ ပြည်ထောင်စုတည်ဆောက်ရေး ကို ရှေးရှုဖို့လိုအပ်ပါတယ်။ အ နှစ်သာရပါတဲ့ ပြောင်းလဲဖြစ်ထွန်း မှုအတွက် ကျွန်တော်တို့အားလုံး ရဲ့ကြိုးပမ်းအားထုတ်မှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် လေးနက်မှုရှိတဲ့ လုပ်ငန်းယန္တရား တွေကို အတူတကွ ချမှတ်အ ကောင်အထည်ဖော်ကြရမှာဖြစ် ပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အနှစ်ခြောက် ဆယ်ကျော်ကြာ စစ်ရေးပဋိပက္ခ များဖြစ်သွား၍ တိုင်းပြည်ဆင်း ရဲခဲ့ရသည်ဟု KNU စစ်ဦးစီးချုပ် က ပြောသည်။

‘‘လောကမှာ လူတိုင်းလူ တိုင်းက ငြိမ်းချမ်းရေးလိုချင်ကြ တယ်မဟုတ်လား။ ကျွန်တော်တို့ က ငြိမ်းချမ်းရေးလိုချင်လို့ အခု ဒီအစိုးရနဲ့ တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးသွားမယ်။ သေနတ်နဲ့ မဖြေရှင်းဘူး။ ကျွန်တော်တို့နိုင်ငံ ရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မယ်။ သွေးထွက်သံယိုမရှိတဲ့ နည်း’’ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင် စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင် ရေး၊ တိုင်းရင်းသားအားလုံးတန်း တူအခွင့်အရေးရရှိပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရရှိရေး ညှိနှိုင်းဆွေးနွေးမည်ဟု KNU စစ်ဦးစီးချုပ်က ပြောသည်။

KNUသည် တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည်။

၂၀၁၂ ဇန်နဝါရီတွင် အစိုးရ နှင့် ၎င်းတို့အကြား ပြည်နယ်အ ဆင့် အပစ်ရပ်စဲရေးစတင်ဆောင် ရွက်ပြီးနောက် နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျှော့ချနိုင်ခဲ့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ဆိုသည်။

လက်ရှိတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်တပ်မ တော်တို့အကြား ကချင်ပြည်နယ် နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသ များတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ နှစ်ဖက်တပ်ဖွဲ့ ဝင်များအပြင် အရပ်သားပြည်သူ များလည်း သေဆုံးဒဏ်ရာရရှိမှု များရှိခဲ့သည်။ တိုက်ပွဲများကြောင့် ဒေသခံအများအပြား စစ်ဘေး ဒုက္ခကြုံတွေ့နေကြရသည်။

===================  
251 / End