၂၀ ဇန်နဝါရီ ၂၀၁၇ - ၁၁:၅၀
အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံနိုင်ရေး တရုတ်ကိုယ်စားလှယ် ထပ်မံညှိနှိုင်း

အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး နိုင်ရန် တရုတ်အထူးကိုယ်စားလှယ် က ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး နိုင်ရန် တရုတ်အထူးကိုယ်စားလှယ် က ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၁၉ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့ ၌ တွေ့ဆုံခဲ့ရာ မြန်မာအစိုးရနှင့်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွေ့ဆုံနိုင်ရေး ထပ်မံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်၍ ‘‘အဓိကကတော့ ကျွန်တော်တို့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်နဲ့ တွေ့ ဆုံနိုင်ဖို့အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန် က ကျွန်တော်တို့ကိုခေါ်ယူတွေ့ဆုံပြီးညှိနှိုင်းပေးတာပါ။ မစ္စတာ ဆွန်ကော်ရှန်  ပြောတဲ့ အပိုင်းဆိုရင်တော့ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကလည်း ကျွန်တော်တို့ သုံးဖွဲ့ကို ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပါနိုင်ဖို့ သဘောတူပါတယ်ဆိုတဲ့ စကားတော့ ပါးလိုက်ပါတယ်’’ ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်က ပြောသည်။

တွေ့ဆုံဆွေးနွေးရန် ၎င်းတို့ ဘက်က အဆင်သင့်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

 ‘‘ကျွန်တော်တို့ ဘက်က လည်း တွေ့ဆုံဆွေးနွေးဖို့ အဆင် သင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲအကြောင်းပြန်ပါတယ်။ ကြားထဲမှာ ကျန်တဲ့တွေ့ဆုံဆွေး နွေးဖို့ တစ်ဆို့နေတဲ့အချက်လေး တွေတော့ ဒါဆက်ညှိရမယ့် သဘောတော့ ရှိတာပေါ့’’ ဟု ဆို သည်။

တရုတ်၏ကြားဝင်ဆောင် ရွက်မှုဖြင့် အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကချင်လက်နက် ကိုင်အဖွဲ့ (KIA)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တို့သည် ၂၀၁၆ ဒီဇင်ဘာ ၂ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံမည့်အဖွဲ့ အရေအတွက် ကိစ္စညှိနှိုင်းမှုမပြေလည်၍ တွေ့ ဆုံပွဲပျက်ပြယ်ခဲ့သည်။ ထို့နောက် ဆက်လက်ညှိနှိုင်းရာ ဆွေးနွေးပွဲ ၌ တရုတ်နှင့် ‘၀’လက်နက်ကိုင်အ ဖွဲ့(UWSA) ကိုယ်စားလှယ်များ သက်သေပါဝင်ရေး မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့ဘက်က တောင်းဆိုမှုကြောင့် တွေ့ဆုံရေး ကြန့်ကြာနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင် အ ကြံပေးအဖွဲ့ဝင်ဦးလှမောင်ရွှေက ‘‘ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ဖေဖော်ဝါရီလမကုန်ခင်မှာ ကျင်း ပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ပါဝင်သင့်တဲ့ အဖွဲ့ တွေ အားလုံးပါဝင်နိုင်ဖို့ဆိုတဲ့ မူဝါ ဒရှိတယ်။ အဲဒီအတွက်ကို ကော် မရှင်က ကြိုးစားဆောင်ရွက်သွား မယ်’’ဟု ပြောသည်။

 မစ္စတာ ဆွန်ကော်ရှန်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ မစ္စ တာ ဆွန်ကော်ရှန်သည် ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက နေပြည်တော်သို့ လာရောက်၍ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ယခင်အစိုးရလက်ထက်က ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်ခဲ့သည့် ၀န်ကြီးဟောင်းဦးအောင်မင်းတို့ နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

ဇန်န၀ါရီ ၁၀ ရက်က နေ ပြည်တော်၌ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ် အောင်မြင်ရေး အတတ်နိုင်ဆုံးကူညီမည်ဟု  တရုတ်အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

===================  
251 / End