အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာစက်မှုဆိပ်ကမ်းဝင်းအတွင်း ပြည်ပသို့တရားမဝင်တင်ပို့မည့် ပိတောက်သစ်များထည့်သွင်းထားသော ကွန်တိန်နာ ၁၁ လုံးကို ဇန်နဝါရီ ၂၆ ရက်က ဖမ်းဆီးမိစဉ် (ဓာတ်ပုံ − Forest Department)
မြန်မာစက်မှုဆိပ်ကမ်း ဝင်းအတွင်း ပြည်ပသို့ တင်ပို့မည့် တရားမဝင် ပိတောက်သစ်များ အပြည့်ပါရှိသည့် ကွန်တိန်နာ ၁၁ လုံးကို ဇန်နဝါရီ ၂၆ ရက်က ထပ်မံဖမ်းဆီးရမိကြောင်း သစ်တောဦး စီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါကွန်တိန်နာ ၁၁ လုံး ကို ပို့ကုန်သွင်းကုန်ကုမ္ပဏီတစ်ခု က တာဝန်ယူဆောင်ရွက်ပေးခြင်း ဖြစ်၍ မည်သည့်သစ်ကုမ္ပဏီများ ပါဝင်ပတ်သက်သည်ကို စစ်ဆေး မေးမြန်းနေဆဲဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး သစ်တောဦး စီးဌာန ညွှန်ကြားရေးမှူး ဦးသိန်း တိုးက ပြောသည်။
‘‘အခု ဖမ်းမိတဲ့ ကွန်တိန်နာ တွေက ဇန်နဝါရီ ၂၄ ရက်က ဖမ်း မိတဲ့ ကုမ္ပဏီက မဟုတ်ဘူး။ တ ခြားကုမ္ပဏီတွေဆီကပါ။ ပို့ကုန် သွင်းကုန်ကုမ္ပဏီကို စစ်ဆေးနေ ပါတယ်’’၎င်းက ပြောသည်။ဇန်နဝါရီ ၂၄ ရက်ကလည်း စင်ကာပူနိုင်ငံသို့ တင်ပို့မည့် ကွန် တိန်နာနှစ်လုံးအတွင်း တရားမ ဝင် ကျွန်းသစ်ခွဲသား တန် ၃၀ ကျော်ကို မြန်မာ့စက်မှုဆိပ်ကမ်း တွင်ပင် ဖမ်းမိခဲ့ပြီး အဆိုပါကွန် တိန်နာနှစ်လုံးပိုင်ရှင်အပါအဝင် ပတ်သက်သူလေးဦးကို အလုံရဲ စခန်း၌ သစ်တောဥပဒေဖြင့် တရားစွဲဆိုထားသည်။
အဆိုပါကျွန်းသစ်များ ဖမ်းမိပြီးနောက် သတင်းကွင်းဆက်ထပ်မံဖော်ထုတ်နိုင်ခဲ့သဖြင့် ကွန်တိန်နာ ၁၁ လုံးဖြင့် တရားမ၀င်ပိတောက်သစ်များ ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ တရာဝင်ဖေ့စ်ဘွတ်ခ်တွင်ထုတ်ပြန်ထားသည်။
===================
251 / End
၂၇ ဇန်နဝါရီ ၂၀၁၇ - ၁၅:၄၉
News ID: 807641
မြန်မာစက်မှုဆိပ်ကမ်းဝင်းအတွင်း ပြည်ပသို့တရားမဝင်တင်ပို့မည့် ပိတောက်သစ်များထည့်သွင်းထားသော ကွန်တိန်နာ ၁၁ လုံးကို ဇန်နဝါရီ ၂၆ ရက်က ဖမ်းဆီးမိစဉ် (ဓာတ်ပုံ − Forest Department)