အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကလေးစာပေနှင့် ကလေးစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ပြီး စာပေ၀န်းကျင်တွင် ကလေးများပျော်မွေ့လာစေရန် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ပေးရန် သမ္မတဦးထင်ကျော် က မန္တလေးမြို့ ကလေးစာပေပွဲ တော်ဖွင့်ပွဲတွင် ပြောကြားသည်။
‘‘နည်းပညာတိုးတက်နေတဲ့ ခေတ်မှာ ကလေးငယ်တွေကို အ တွေးအခေါ်၊ အယူအဆတွေယိမ်း ယိုင်ပျက်စီးနိုင်တဲ့အခြေအနေမှာ ကလေးတွေစာပေဖတ်ရှုပြီး စာ ကြည့်တိုက်မှာပျော်မွေ့အောင် စည်းရုံးဖို့ လွယ်ကူမှာမဟုတ်ပေ မယ့် တိုးတက်အောင်မဖြစ်မနေ ၀ိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ် ပါတယ်’’ဟု သမ္မတဦးထင်ကျော် က ပြောကြားသည်။
ကလေးစာပေများသည် ရှေးယခင်က ဂုဏ်သရေရှိစွာ ထွက်ပေါ်ခဲ့သော်လည်း အကြောင်းအ မျိုးမျိုးကြောင့် မှေးမှိန်ခဲ့ကာ ယင်း သည်ကလေးများ၏ အနာဂတ်နှင့် နိုင်ငံ၏အနာဂတ်ကိုပါ ရိုက်ချိုးဖျက်ဆီးရာကျ၍ကလေးစာပေတိုးတက်အောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း သမ္မတက ဆက်လက် ပြောကြားသည်။
ထို့ပြင် သမ္မတဦးထင်ကျော် သည် ရန်ကုန်နိုဘယ်မြန်မာစာပေ ပွဲတော်တွင်လည်း လူငယ်များ အင်တာနက်သုံးစွဲခြင်းကို လျှော့ ချပြီး စာဖတ်ရန် တိုက်တွန်းခဲ့သည်။
သမ္မတဦးထင်ကျော်၏ ဖခင်စာရေးဆရာကြီးမင်းသုဝဏ် သည် မြန်မာစာပေသမိုင်းတွင် ကလေးကဗျာများအပါအ၀င် ရေးသားရာ၌ အထူးထင်ရှားသူတစ်ဦး ဖြစ်သည်။ ဒုတိယအကြိမ်မြောက် ကလေးစာပေပွဲတော်ကို မန္တလေး မြို့ရှိ မြန်မာသတင်းအချက်အ လက် နည်းပညာတက္ကသိုလ် (MIIT) တွင် ဇန်န၀ါရီ ၂၇ ရက် မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ် သည်။ကလေးစာပေပွဲတော်တွင် ကလေးငယ်များ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင် ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပန်းချီပြ ခန်းများ၊ သိပ္ပံပြခန်းများနှင့် စာအုပ်များကိုလည်း ပြသထားကာ စာအုပ်ဈေးရောင်းပွဲတော်လည်း ပါဝင်သည်ကိုတွေ့ရသည်။
ပထမအကြိမ်မြောက် ကလေးစာပေပွဲတော်ကို နေပြည်တော် တွင် ကျင်းပခဲ့ပြီး နိုဘယ်မြန်မာစာပေပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
===================
251 / End
ကလေးများ စာပေ၀န်းကျင်တွင် ပျော်မွေ့စေရေးအဖွဲ့အစည်းအသီးသီး ပူးပေါင်းပါဝင်ပေးရန် သမ္မတဦးထင်ကျော် တိုက်တွန်း
၂၈ ဇန်နဝါရီ ၂၀၁၇ - ၁၇:၂၃
News ID: 807844
ကလေးစာပေနှင့် ကလေးစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ပြီး စာပေ၀န်းကျင်တွင် ကလေးများပျော်မွေ့လာစေရန် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ပေးရန် သမ္မတဦးထင်ကျော် က မန္တလေးမြို့ ကလေးစာပေပွဲ တော်ဖွင့်ပွဲတွင် ပြောကြားသည်။