အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လစ်လပ်နေတဲ့ အမေရိကန် တရားသူကြီးချုပ်နေရာအတွက် ကော်လိုရာဒိုပြည်နယ် အယူခံတရားရုံး တရားသူကြီး နီးလ် ဂေါဆက်ခ်ျ (Neil Gorsuch) ကို သမ္မတသစ် ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၃၁ ရက်မှာ အဆိုပြုလိုက်ပါတယ်။
တကယ်လို့ အမေရိကန် အထက်လွှတ်တော်က အတည်ပြုဖြစ်ရင်တော့ အသက် ၄၉ နှစ်အရွယ် ဂေါဆက်ခ်ျဟာ အသက်အငယ်ဆုံး အမေရိကန် တရားသူကြီးချုပ် ဖြစ်လာမှာပါ။
အထက်လွှတ်တော် ဒီမိုကရက်တစ် အမတ်တွေကတော့ ဂေါဆက်ခ်ျကို အဆိုပြုထားတာ စဉ်းစားစရာတွေ အများကြီးရှိတယ်လို့ ပြောဆိုထားပြီး အတည်ပြုဖို့ မဲခွဲတဲ့အခါ ကန့်ကွက်မယ်လို့လည်း ပြောဆိုထားကြပါတယ်။
ကိုယ်ဝန်ဖျက်ချမှု အပါအဝင် လိင်တူလက်ထပ်ခွင့်၊ နိုင်ငံအတွင်း လက်နက်ထိန်းချုပ်မှု စတဲ့ သိပ်အထိအခိုက်မခံတဲ့ ကိစ္စတွေကို အမေရိကန်တရားရုံးချုပ်က ကိုင်တွယ်ဆုံးဖြတ်ရဖို့ ရှိနေတာပါ။
ဒေါ်နယ်ထရမ့်ကတော့ သူအဆိုပြုလိုက်တဲ့ တရားသူကြီး ဂေါဆက်ခ်ျဟာ အင်မတန် ထူးချွန်ထက်မြက်ပြီး တရားသူကြီးချုပ်နေရာအတွက် အသင့်တော်ဆုံးဖြစ်တယ်၊ ပါတီကြီး ၂ ခုလုံးရဲ့ ထောက်ခံမှုရရှိသူဖြစ်တယ်လို့ ပြောပါတယ်။
ဂေါဆက်ခ်ျကလည်း သူ အခုလို တရားသူကြီးချုပ်နေရာအတွက် အဆိုပြုခံရတာကို အထူးဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ပြောပါတယ်။
===================
251/End
၁ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၅၆
News ID: 808772
လစ်လပ်နေတဲ့ အမေရိကန် တရားသူကြီးချုပ်နေရာအတွက် ကော်လိုရာဒိုပြည်နယ် အယူခံတရားရုံး တရားသူကြီး နီးလ် ဂေါဆက်ခ်ျ (Neil Gorsuch) ကို သမ္မတသစ် ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၃၁ ရက်မှာ အဆိုပြုလိုက်ပါတယ်။