အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီကို သေ နတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့သူနှင့် ပတ်သက်သည့် အွန်လိုင်းသတင်း များကို အတည်မယူရန်နှင့်တရား ၀င် သတင်းများ ထုတ်ပြန် မည်ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်း က အခင်းဖြစ်ပြီးလေးရက်အကြာ တွင် လွှတ်တော်၌ ပြောကြား သည်။
နေပြည်တော် လွှတ်တော် ၀င်းအတွင်းဖေဖော်ဝါရီ ၁ ရက် က ကျင်းပသော ဒုတိယအကြိမ် လွှတ်တော်သက်တမ်း တစ်နှစ် ပြည့်အခမ်းအနားသို့ တက် ရောက်လာသည့် ရဲချုပ်ဇော်ဝင်း က သတင်းထောက်များနှင့် တွေ့ ဆုံစဉ် ယင်းသို့ပြောကြားသည်။
‘‘ကောင်းတာတော့ အတည် ပြုချက်နဲ့ထုတ်ပေးတာကို အတည် ယူတာ အကောင်းဆုံးပဲ။ အွန် လိုင်းဆိုတာ အမျိုးမျိုးရှိတတ်ကြ တာ ဟုတ်တယ်မဟုတ်လား’’ဟု ရဲချုပ်ဇော်ဝင်းက ဦးကိုနီလုပ်ကြံခံ ရမှုနှင့်ပတ်သက်၍ ပျံ့နှံ့နေသည့် သတင်းများအပေါ် ပြောကြား သည်။
ထို့အပြင် ၎င်းက အွန်လိုင်း ပေါ်၌ အချို့အကြောင်းအရာများ မပေါက်ကြားသင့်ဘဲ ပေါက်ကြား ခဲ့သော်လည်း အွန်လိုင်းမှသတင်း များ အတည်မယူရန် သတင်း ထောက်များအား ပြောသည်။
‘‘အဲဒါတွေကို လိုက်ပြီးအ တည်မယူနဲ့။ တကယ်အတည်ပြု တဲ့သတင်းက ကျွန်တော်တို့ထုတ် ပြန်ပေးမယ်။ ပြောပေးမယ်နော်’’ ဟု ၎င်းကဆက်လက်ပြောသည်။ သို့သော် တရားဝင်သတင်းထုတ်ပြန်မည့်အချိန်ကိုမူ ရဲချုပ်က ထည့်သွင်းပြောကြားခြင်းမရှိပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီကို သေ နတ်ဖြင့် လုပ်ကြံခဲ့သူ ကြည်လင်း အား စစ်ဆေးထားသော ကနဦးရဲ စစ်ချက်မှတ်တမ်း အချက်အ လက်များ ဇန်န၀ါရီ ၃၁ ရက်က အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါရဲစစ်ချက်မှတ်တမ်း များသည် ကြည်လင်းကိုယ်တိုင် အမှန်တကယ် ထွက်ဆိုခဲ့သော အချက်အလက်များဖြစ်ပြီး စာ မျက်နှာခြောက်မျက်နှာ ရှိသည့် အနက် စာမျက်နှာ ၄ နှင့် ၅ မှအပ ကျန်စာမျက်နှာလေးရွက် ပျံ့နှံ့ခဲ့ သည်။
ဦးကိုနီကို ဇန်န၀ါရီ ၂၉ ရက် ညနေတွင် သေနတ်ဖြင့်လုပ်ကြံခဲ့ သူ ကြည်လင်းသည် အငှားယာဉ် မောင်းများ၏ ၀ိုင်းဝန်းဖမ်းဆီး ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ချက်ချင်းဖမ်းမိခဲ့သော်လည်း သုံး ရက်ကြာသည်အထိ ဦးကိုနီကို လုပ်ကြံရသည့် အကြောင်းရင်းနှင့် ကြည်လင်းနှင့်ပတ်သက်၍ အ သေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ချက် မရှိသေးပေ။
===================
251/End
၂ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၄၄
News ID: 809041
ဦးကိုနီကို သေ နတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့သူနှင့် ပတ်သက်သည့် အွန်လိုင်းသတင်း များကို အတည်မယူရန်နှင့်တရား ၀င် သတင်းများ ထုတ်ပြန် မည်ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်း က အခင်းဖြစ်ပြီးလေးရက်အကြာ တွင် လွှတ်တော်၌ ပြောကြား သည်။