အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒီမိုကရေစီအခြေ ခံအုတ်မြစ်ခိုင်မာစေရေး လွှတ် တော်ခိုင်မာတောင့်တင်းရန် လို အပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။
‘‘လွှတ်တော်ကြီး ခိုင်မာ တောင့်တင်းမှသာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအခြေခံအုတ် မြစ် မြဲမြံမှာဖြစ်ပါတယ်။ လွှတ် တော်ကြီးခိုင်မာတောင့်တင်းမှုမရှိ ရင် ဒီမိုကရေစီခိုင်မာမှာမဟုတ်ပါ ဘူး’’ဟု ဦးဝင်းမြင့်ကပြောသည်။
လွှတ်တော်အစည်းအဝေးများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်က ကျင်းပရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အမှာစကား ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
‘‘ဗဟိုအစိုးရ၊ ဗဟိုအဖွဲ့အ စည်းတွေပဲ ကြည့်ကြည့်၊ ပြည် နယ်တိုင်းအစိုးရ၊ ပြည်နယ်တိုင်း အဖွဲ့အစည်းတွေကိုပဲ ကြည့် ကြည့် လွှတ်တော်ခေါ်ပြီး လွှတ် တော်ကတစ်ဆင့် ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါကြောင့် လွှတ် တော်ဟာ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
အဆိုပါလွှတ်တော်များတစ် နှစ်ပြည့် နှစ်ပတ်လည်အခမ်းအ နားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားမည်ဟု မူလအခမ်းအနားအစီအစဉ်တွင် ပါဝင်ခဲ့သလို၊ အခမ်းအနားတွင်ထိုင်ခုံနေရာပါ စီစဉ်ထားသည်ကို တွေ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိပေ။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကဒေါ်အောင်ဆန်းစုကြည်သည် အခြားအစီအစဉ်တစ်ခု ရှိလာ၍ မတက်ရောက်ခြင်းဖြစ်ကြောင်း ပြောသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်းဒီမိုကရေစီရှင်သန်ခိုင်မာစေရန် အားကောင်းခိုင်မာသည့် လွှတ်တော်များရှိနေရန် မဖြစ်မနေလိုအပ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကို စွမ်းရည်မြင့်မားလာစေရန် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်း၏အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုပေါ်ပေါက်လာ ရေး အားသွန်ခွန်စိုက်ဆက်လက်ကြိုးပမ်းရန်ကိုလည်း ပြည်ထောင်စုလွှတ်တော်နာယကက တိုက်တွန်းခဲ့သည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲရလဒ်ကြောင့် ထွက် ပေါ်လာသည့် ဒီချုပ်က နေရာအများဆုံးရထားသော ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးများကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်ကစတင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းများဖြစ်သည့် သူရဦးရွှေမန်း၊ ဦးခင်အောင် မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်သူများကို ဖိနှိပ်ထား သည့် ဥပဒေအချို့အား ပယ်ဖျက် နိုင်ခဲ့ပြီး ပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အတွက် ဥပဒေအချို့ကိုလည်း ပြဋ္ဌာန်းပေးနိုင်ခဲ့ကြောင်း လွှတ်တော်သက်တမ်း တစ်နှစ်အတွင်း အသစ်ပြဋ္ဌာန်းသည့် ဥပဒေငါးခု၊ ခေတ်ကာလအခြေအနေနှင့် လျော်ညီခြင်းမရှိ၍ ပြင်ဆင်ခဲ့ သည့်ဥပဒေရှစ်ခုနှင့် ပယ်ဖျက်ခဲ့သော ဥပဒေခြောက်ခုရှိသည်။
ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များကမူ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို အတည်ပြုနိုင်ခဲ့ခြင်းသည် လွှတ်တော်သက်တမ်းတစ်နှစ်အတွင်း ထူး ခြားသည့် ဆောင်ရွက်ချက်ဖြစ် သည်ဟု ဆိုကြသည်။
===================
251/End
ဒုတိယအကြိမ် လွှတ်တော်တစ်နှစ်ပြည့်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရန် စီစဉ်ပြီးမှ မတက်ရောက် ဒီမိုကရေစီအခြေခံအုတ်မြစ်ခိုင်မာရေး
၂ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၀၉
News ID: 809047
ဒီမိုကရေစီအခြေ ခံအုတ်မြစ်ခိုင်မာစေရေး လွှတ် တော်ခိုင်မာတောင့်တင်းရန် လို အပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။