၄ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၂၁
မြန်မာ-ထိုင်း ပူးပေါင်း၍ စက်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍတွင် အာဆီယံဈေးကွက် ထိုးဖောက်မည်ဟုဆို

စက်မှုလုပ်ငန်းနှင့် စိုက် ပျိုးရေးကဏ္ဍ၌ ထိုင်း-မြန်မာ နှစ် နိုင်ငံပူးပေါင်း၍ CMLV နိုင်ငံများ တွင် ဈေးကွက် ထိုးဖောက်ရန် ရည်ရွယ်ထားကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စက်မှုလုပ်ငန်းနှင့် စိုက် ပျိုးရေးကဏ္ဍ၌ ထိုင်း-မြန်မာ နှစ် နိုင်ငံပူးပေါင်း၍ CMLV နိုင်ငံများ တွင် ဈေးကွက် ထိုးဖောက်ရန် ရည်ရွယ်ထားကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် စက်မှု ကဏ္ဍနှင့် စိုက်ပျိုးရေးလုပ်ငန်း တွင် စီးပွားရေးအတွက် အခွင့်အ ရေးကောင်းများ ပိုင်ဆိုင်ထား သည့်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အ ဆိုပါကဏ္ဍများ၌ အတွေ့အကြုံရှိ နေသဖြင့် အာဆီယံ အသိုင်းအ ၀ိုင်း (AEC)တွင် ယှဉ်ပြိုင်ရာ၌ မြန်မာနှင့် ထိုင်းနိုင်ငံ ပူးတွဲ၍ ထိုး ဖောက်လိုကြောင်း ၎င်းကဆက် ပြောသည်။

‘‘ထိုင်းဘက်က မြန်မာစက် မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့တုန်း က ပြောခဲ့တယ်။ ထိုင်းအစိုးရကို ယုံကြည်ပါ။ ထိုင်းအလုပ်ရှင်တွေ ကို ယုံကြည်ပါ။ မြန်မာနိုင်ငံကို ၀င်လာတာ နှစ်နိုင်ငံအကျိုးရှိဖို့ပါ။ CMLVT နိုင်ငံတွေ ဖွံ့ဖြိုးသွားဖို့ပါ။ ထိုင်းလုပ်ငန်းရှင်တွေ စည်းကမ်း ချိုးဖောက်ရင် ပြစ်ဒဏ်ကို ထိထိ ရောက်ရောက်ပေးသွားမှာပါ’’ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ဆက် ပြောသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မြ၀တီ-မဲ ဆောက် နယ်စပ်ကုန်သွယ်ရေး စခန်းအပြင် နောက်ထပ် ထပ်မံ ဖွင့်လှစ်နိုင်သည့် နယ်စပ်ကုန် သွယ်ရေးစခန်းများကိုလည်း ထပ် မံဖွင့်လှစ်လိုကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က ဆက်ပြော ကြားသည်။

ထိုသို့ ဖွင့်လှစ်ရန် ထိုင်း နိုင်ငံဘက်မှ ခရိုင်အုပ်ချုပ်ရေးမှူး များနှင့် တိုင်းဒေသကြီး ၀န်ကြီး များဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း ဆိုသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရာ တွင်လည်း ထိုင်းဘတ်ငွေကို တရားဝင်ငွေကြေးအဖြစ် အသုံး ပြုနိုင်ရန် မြန်မာအစိုးရထံ တောင်း ဆိုထားသည်ဟု ထိုင်းဒုတိယ၀န် ကြီးချုပ်က ပြောသည်။

CMLVT ဆိုသည်မှာ အာဆီ ယံမြောက်ပိုင်း နိုင်ငံများဖြစ်ပြီး ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကို ဆိုလိုခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ၌ ကြံစိုက်ပျိုး၍ သကြားထုတ် လုပ်ရန် ရည်ရွယ်ပြီး အခြားဟင်း သီးဟင်းရွက်များကိုလည်းတန်ဖိုး မြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် ရန် ဆန္ဒရှိနေသည်ဟု ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။

‘‘ထိုင်းနိုင်ငံက ဒီမှာ စက်ရုံ တွေလာထောင်ရင် ဟိုမှာလုပ်နေ တဲ့ မြန်မာ အလုပ်သမားတွေ ပြန် ခေါ်ဖို့ပါရှိတယ်။ ဒါဆို မြန်မာ နိုင်ငံအတွက် ကောင်းတယ်ပေါ့။ အခုက မြန်မာနဲ့ ထိုင်းက ပုံစံအ သစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်’’ ဟု ဦးရဲမင်းဦးက ပြောသည်။

ထို့ပြင် သီလ၀ါအထူးစီးပွား ရေးဇုန်တွင်လည်း ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်း နှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး အ ဆိုပါအထူးစီးပွားရေးကို လေ့လာ မှုလည်း ယခုခရီးစဉ်တွင် ပါဝင် ကြောင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီး သွားကဏ္ဍ ပိုမိုမြှင့်တင်ဆောင် ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှု ကဏ္ဍ ပိုမိုတိုးမြှင့်ရေးနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေး နွေးရန် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီး ချုပ်သည် မြန်မာနိုင်ငံသို့ ရောက် ရှိနေခြင်းဖြစ်သည်။

ထို့အပြင် ထိုင်း-မြန်မာ ပူး ပေါင်းဆောင်ရွက်ရေး လုပ်ငန်း များအတွက် ဖေဖော်ဝါရီ ၃ ရက် ၌ ကဏ္ဍ ၁၆ ခုတွင် နားလည်မှုစာ ချွန်လွှာများ ရေးထိုးခဲ့သည်။

===================
251/End