အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ပွဲများရပ်တန့်ပေးရန် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲကို ဖေဖော်ဝါရီ ၄ရက်က ရန်ကုန်မြို့အပါအ၀င် မြို့အချို့၌ ပြုလုပ်ပြီး အချက် လေးချက်တောင်းဆိုခဲ့သည်။
ရန်ကုန်မြို့ ငြိမ်းချမ်းရေးလူ ထုလှုပ်ရှားမှု ချီတက်လမ်း လျှောက်ပွဲတွင် နိုင်ငံခြားသားများ လည်း ပူးပေါင်းပါဝင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံမှ ကျောင်း သား ၂၀ ခန့်ကလည်း အဆိုတော်မျိုးကြီးသီဆိုထားသည့် ‘ရိုးရှင်း သောဘ၀’ သီချင်း သီဆိုခဲ့သည့်အပြင် သံစုံတီးခတ်ခဲ့ကြသည်။
တောင်ကိုရီးယား နိုင်ငံမှ ကျောင်းသားများသည် ထိုင်းနိုင်ငံ နယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာဒုက္ခသည်ကလေးများကို ပညာရေးဆိုင်ရာများ သွားရောက်ကူညီနေ သည့် ကျောင်းသားများဖြစ်သည်။
ထို့အပြင် အခြားကမ္ဘာလှည့် ခရီးသွားအချို့ကလည်း ငြိမ်းချမ်း ရေးတောင်းဆိုသော ဆိုင်းဘုတ် များကိုင်ဆောင်၍ ချီတက်လမ်း လျှောက်ရာတွင် ပါဝင်ခဲ့သည်။
မြေနီကုန်း ခုံးတံတားမှ ဆူး လေလမ်းကြောင်းနှင့် ဗိုလ်စိန်မှန် ကွင်းမှ ဆူးလေလမ်းကြောင်း စသည့် လမ်းကြောင်းနှစ်ခုဖြင့် ချီတက်တောင်းဆိုပြီး စုစုပေါင်း လူဦးရေ ငါးရာကျော် ပါဝင်ခဲ့ သည်။ ပြည်တွင်းစစ်များရပ်တန့် ရေး၊ စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီခွင့်ရရှိရေး၊ စစ် အသုံးစရိတ်များလျှော့ချရေးနှင့် တပ်မတော်က တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို စတင်ကြေညာပေးရန် အချက်လေးချက် တောင်းဆိုခဲ့သည်။
‘‘ငြိမ်းချမ်းရေးဆိုတာအပေါ် မှာရှိနေတဲ့ လူကြီးခေါင်းဆောင် တွေပဲ ဆွေးနွေးတိုင်ပင်နေလို့မ ပြီးဘူး။ ပြည်သူတွေရဲ့ အသံတွေ ကို နားထောင်ရမယ်။ ပြည်သူ တွေရဲ့ အသံတွေပါမှ ပိုပြီးတော့ ခိုင်မာတဲ့ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်ချက်နဲ့ ပြည်သူတွေဘာ တွေတောင်းဆိုနေလဲသိအောင် တောင်းဆိုပေးတာပါ’’ဟု ငြိမ်း ချမ်းရေးလှုပ်ရှားမှု ဦးဆောင်သူဗကသ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ကိုဂျိမ်း က ပြောသည်။
‘‘မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေးရမှ အားလုံးအဆင်ပြေကြမှာ ဖြစ်လို့ ဒီငြိမ်းချမ်းရေးရဖို့က အဓိ ကဖြစ်နေတယ်။ အဲဒါကြောင့် ဒီ ငြိမ်းချမ်းရေးရဖို့ အရေးကြီးနေလို့ ပါဝင်ဖြစ်တာပါ’’ဟု ဖေဖော်ဝါရီ ၄ရက်ကပြုလုပ်သည့် ရန်ကုန်မြို့ ငြိမ်းချမ်းရေးလှုပ်ရှားမှုချီတက်လမ်းလျှောက်ပွဲတွင်ပါဝင်သူ ကိုမြတ်သူက ပြောသည်။
ကမ္ဘာလှည့်ခရီးသွားအမျိုး သမီးတစ်ဦးက ‘ပြည်သူသည် စစ်ပွဲမလိုလား’ စာသားပါဆိုင်း ဘုတ်ကိုကိုင်ဆောင်ပြီး ချီတက် လမ်းလျှောက်မှုပွဲတွင် ပါဝင်ခဲ့ သည်။
စစ်ပွဲများရပ်တန့်ရန် လမ်း လျှောက်ပွဲများကို ရန်ကုန်မြို့အ ပါအ၀င် ပြည်၊ မော် လမြိုင်၊ ပဲခူး၊ နတ်တလင်း စသည့်မြို့များ၌ လည်း တစ်နေ့တည်းပြုလုပ်ခဲ့ သည်။
ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ တွင် စစ်ပွဲများရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြခဲ့သည်။
လက်ရှိတွင် ကချင်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသများ ၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲ များ မကြာခဏဖြစ်ပွားခဲ့သည်။
===================
251/End
၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၂၈
News ID: 809659
စစ်ပွဲများရပ်တန့်ပေးရန် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲကို ဖေဖော်ဝါရီ ၄ရက်က ရန်ကုန်မြို့အပါအ၀င် မြို့အချို့၌ ပြုလုပ်ပြီး အချက် လေးချက်တောင်းဆိုခဲ့သည်။