အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘဏ်လုပ်ငန်းများနှင့်ဆက်နွှယ်၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်နေ သည့် အမေရိကန်နည်းပညာ ကုမ္ပဏီ Diebold Nixdorf သည် ဖေဖော်ဝါရီအတွင်း ရန်ကုန်မြို့၌ ရုံးခန်းလာရောက်ဖွင့်လှစ်ပြီး ATM စက်တပ်ဆင်ပေးခြင်း ဘဏ်လုပ် ငန်းဆိုင်ရာ Solution များ တိုးချဲ့ လုပ်ကိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
Diebold Nixdorf သည် ပြည်တွင်းဘဏ်များအတွက် လို အပ်သော ၀န်ဆောင်မှုကို ဘဏ် လုပ်ငန်းများ စတင်ဖွံ့ဖြိုးစဉ်က တည်းက မိတ်ဖက်အနေဖြင့် လုပ် ဆောင်လာခဲ့သော်လည်း မြန်မာ နိုင်ငံ၌ ရုံးခွဲအနေဖြင့် ၂၀၁၇ မှသာ ဖွင့်လှစ်ခြင်းဖြစ်သည်။
ပြည်တွင်းဘဏ်လုပ်ငန်းများ ၏ ၇၀ ရာခိုင်နှုန်းနှင့် Diebold Nixdorf က လက်တွဲလုပ်ဆောင် နေပြီး ဘဏ်လုပ်ငန်းနှင့်ဆက်နွှယ် သည့် ၀န်ဆောင်မှုများ တိုးချဲ့လုပ် ဆောင်နိုင်ရန် မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း Diebold Nixderf က ထုတ်ပြန်သည်။ ‘‘ပြည်တွင်းဈေး ကွက် လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ဖို့ ဘဏ်လုပ်ငန်းနဲ့ retail နည်း ပညာလုပ်ငန်းနယ်ပယ်တွေမှာ တီ ထွင်ဆန်းသစ်မှုတွေကို ကုမ္ပဏီက ဆက်လက် တွန်းအားပေးလုပ် ဆောင်မှာ ဖြစ်ပါတယ်’’ဟု Diebold Nixdorf ၏ အာရှပစိ ဖိတ်ဒေသ အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာ Neil Emerson က ပြောသည်။
Diebold Nixdorf သည် မ ကြာသေးမီက ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် CB ဘဏ်၏ ATM ကွန်ရက်ကို နှစ်ဆအထိ ၂၀၁၇ အတွင်း တိုးချဲ့သွားရန် သ ဘောတူညီထားကြောင်း သတင်း ထုတ်ပြန်သည်။ Visa နှင့်Master တို့၏ နည်းပညာဆိုင်ရာ စံသတ် မှတ်ချက်အတိုင်း ATM စက်အလုံး ရေ ၅၀၀ တပ်ဆင်ရန် CB ဘဏ် နှင့် သဘောတူညီခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ATM စက်အ ရေအတွက်သည် ၂၀၁၅ အထိ အ လုံးရေ ၁,၇၈၀ ရှိကြောင်း ခန့်မှန်း ထားပြီး ၂၀၂၁ ကုန်ဆုံးသည့်အခါ ATM စက်အသုံးပြုအရေအတွက် ၁၀ ရာခိုင်နှုန်းတိုးတက်မှုရှိလာ မည်ဟု သုတေသနနှင့် စီးပွားရေး လုပ်ငန်း အကြံပေးဝန်ဆောင်မှု RBR က ထုတ်ပြန်ထားသည်။
===================
251/End
၈ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၀၄
News ID: 810398
ဘဏ်လုပ်ငန်းများနှင့်ဆက်နွှယ်၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်နေ သည့် အမေရိကန်နည်းပညာ ကုမ္ပဏီ Diebold Nixdorf သည် ဖေဖော်ဝါရီအတွင်း ရန်ကုန်မြို့၌ ရုံးခန်းလာရောက်ဖွင့်လှစ်ပြီး ATM စက်တပ်ဆင်ပေးခြင်း ဘဏ်လုပ် ငန်းဆိုင်ရာ Solution များ တိုးချဲ့ လုပ်ကိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။