၁၀ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၅၄
ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းကြီး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် နှင့် ပုပ်ရဟန်းမင်းကြီး၏ အထူး ကိုယ်စားလှယ်တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော် ဆောင်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒေါ်အောင်ဆန်းစုကြည် နှင့် ပုပ်ရဟန်းမင်းကြီး၏ အထူး ကိုယ်စားလှယ်တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော် ဆောင်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ် His Grace Comboy Arehbishop Paul Tschang in Nam တို့သည် ဖေဖော်ဝါရီ ၈ ရက်က နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ (ဘင်္ဂါလီ) မွတ်စလင် လူနည်းစု သည် ဖိနှိပ်ညှဉ်းပန်းခံနေရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဗာတီကန်နန်းတော်တွင် ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ၌ဝေဖန်မိန့်ကြားပြီးနောက် ယင်းရက်တွင် ၎င်း၏ အထူးကိုယ်စားလှယ်က မြန်မာအစိုးရ ခေါင်းဆောင်နှင့် နေပြည်တော်သို့ လာရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးကိုယ်စားလှယ်တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေ အိမ်၌ တွေ့ဆုံရာတွင် ဗာတီကန် နှင့် မြန်မာနိုင်ငံအကြား သံတမန် ထူထောင်ရေးကိစ္စ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပူးပေါင်းဆောင် ရွက်နိုင်သည့် အလားအလာများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော် ဆောင်မှုဖြစ်စဉ်များနှင့်ပတ်သက် ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

===================
251/End