၁၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၀၂
NCA မထိုးရသေးသောအဖွဲ့များ လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

NCA လက်မှတ်မရေးထိုး ရသေးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ လက်မှတ်ရေး ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံ တွင် ပါဝင်ရန် ဒေါ်အောင်ဆန်းစု ကြည်က ပြည်ထောင်စုနေ့ အ ခမ်းအနား၌ မေတ္တာရပ်ခံတိုက် တွန်းလိုက်သည်။

၎င်း၏ဖခင် ဗိုလ်ချုပ်အောင် ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်းတိုင်း ရင်းသားခေါင်းဆောင်များ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့ရာ ပင်လုံမြို့တွင် ပြုလုပ်သော ပြည် ထောင်စုနေ့ အခမ်းအနား၌ ယင်း သို့ တိုက်တွန်းခဲ့သည်။

‘‘ကျွန်မအနေနဲ့ အထူးပဲ လက်မှတ်မရေးထိုးရသေးတဲ့၊ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် မရေးထိုးရသေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ရေးထိုးလိုက်ပါ။ ကျွန်မတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ကျွန်မတို့အားလုံးက၊ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ၊ ဘယ်လောက် ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက်ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအရ ပြည်ထောင်စုနေ့ကို ပင်လုံမြို့တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ပြီး ယင်းပွဲ၌ ငြိမ်းချမ်း ရေး၊ ယုံကြည်မှုရှိရေး၊ NCAလက် မှတ်ရေးထိုးရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံမှတစ်ဆင့် စေ့စပ် ညှိနှိုင်း၍အဖြေရှာကြရန် ထပ်တလဲလဲ အသားပေးပြောကြားခဲ့ သည်။ ထို့နောက် တိုင်းရင်းသား များနှင့် ဒေါ်အောင်ဆန်းစုကြည်၏  ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်၍ တစ်နိုင်ငံလုံးသို့ တိုက်ရိုက်ထုတ် လွှင့်ခဲ့သည်။ စကားဝိုင်းတွင်ပါဝင် သူ တိုင်းရင်းသားလူငယ်များ မ ဟာမိတ်အဖွဲ့ (NEYA) ကိုယ်စား လှယ်စိုင်းအောင်မြင့်ဦးက အဓိက ပဋိပက္ခသည် ပင်လုံစာချုပ်ကတိ က၀တ်များကို အကောင်အထည် မဖော်၍ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ထံ တင်ပြခဲ့သည်။

ယင်းအပေါ် ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ဆွေး နွေးရာတွင် ပင်လုံစာချုပ်ချုပ်ဆို ချိန်က လွတ်လပ်ရေးကြိုးပမ်း သည့်ကာလဖြစ်၍ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လွတ် လပ်ရေးမြန်မြန်ရရန်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်အချက် များမှာ လှေနံဓားထစ် မဟုတ်ဘဲ တိုင်ပင်ဆွေးနွေးအဖြေရှာရမည့် အချက်များသာ ဖြစ်ကြောင်း ပြောသည်။

‘‘တိုင်ပင်ဆွေးနွေးပြီး အဖြေ ရှာမယ်ဆိုတာဟာ ပင်လုံရဲ့ အဓိ က ကတိက၀တ်ဖြစ်ပါတယ်။ ဒီ တော့ ကျွန်မတို့အနေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ အဖြေရှာနိုင် တဲ့အဆင့်ကို မရောက်ဘူးဆိုရင် တော့ ပင်လုံစာချုပ်က စကားပဲရှိ ပြီး အပြုအမူမရှိဘူးလို့ ပြောလို့ရ ပါတယ်။ အခုဆိုရင် ကျွန်မတို့က တိုင်ပင်ဆွေးနွေးပြီးတော့ အဖြေ ရှာဖို့အတွက် ဒီညီလာခံကြီးကို အားလုံးကို ဖိတ်ခေါ်နေတာပါ။ ဒီညီလာခံအတွင်းမှာ တိုင်ပင် မယ်၊ ဆွေးနွေးမယ်၊ အဖြေရှာ မယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ကပြောသည်။

NCA လက်မှတ်မရေးထိုးရ သေးသောအဖွဲ့များမှာ ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ဦးဆောင်သည့် ညီ ညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုးဖွဲ့ဖြစ်သည်။ ပြီးခဲ့ သည့်နှစ် စက်တင်ဘာနှောင်းပိုင်း တွင် ၂၁ ရာစုပင်လုံညီလာခံ ပထ မအကြိမ် ကျင်းပချိန်ကစ၍ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းတွင် တပ်မတော်နှင့် KIO အပါအ၀င် မြောက်ပိုင်းမရှိ မဟာ မိတ်တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဆက်တိုက်ဖြစ်ပွားခဲ့ သည်။ ယခုလကုန်တွင် ပြုလုပ် မည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်၌ NCA လက် မှတ်မရေးထိုးသူများ ပါဝင်ဆွေး နွေးခွင့်ရမည်မဟုတ်ဘဲ လေ့လာ သူအဖြစ်သာ တက်ရောက်နိုင် ကြောင်း အစိုးရကဆိုထားသည်။

လက်ရှိတွင် ပြည်ထောင်စု ကြီးသည် စိန်ခေါ်မှုများစွာ ကြုံ တွေ့နေရသည်ဟု ဒေါ်အောင် ဆန်းစုကြည်ကဆိုပြီး လာမည့်မျိုး ဆက်များအကျိုးအတွက် လက်ရှိ ပြည်သူများ၏ ထောက်ခံကျေနပ် မှုကို စွန့်လွှတ်သင့်လျှင် စွန့်လွှတ် ရမည်ဟုဆိုသည်။

 ‘‘ပြည်သူပြည်သားတွေကို ထိခိုက်စေမယ့် နည်းနဲ့တော့ ကျွန်မတို့ရဲ့ ထောက်ခံမှုကို ဘယ် တော့မှ ရယူမှာမဟုတ်ပါဘူး။ ဒီ လိုထောက်ခံမှုလည်း ကျွန်မတို့ မလိုချင်ပါဘူး။ ကျွန်မတို့ကို ငြို ငြင်ရင် ငြိုငြင်ပါစေ။ တကယ်ပဲ နိုင်ငံရဲ့ ရေရှည်ကောင်းကျိုးအ တွက် လိုအပ်တဲ့ ကိစ္စတွေဆိုရင် ကျွန်မတို့အားလုံး လုပ်ရပါလိမ့် မယ်’’ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုနေ့အခမ်းအ နားတွင် ပင်လုံသမိုင်းဖတ်ကြား သော တိုင်းရင်းသူတစ်ဦးက တပ် မတော်နှင့် တိုင်းရင်းသားခေါင်း ဆောင်များ ဒေါ်အောင်ဆန်းစု ကြည်၏ ဦးဆောင်မှုအောက်တွင် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

‘‘နိုင်ငံ့ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုလည်း အထူးအားဖြင့် မေတ္တာရပ်ခံလိုပါတယ်။ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ ဦးဆောင် မှုအောက်မှာကျွန်မတို့အားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်သွားကြဖို့ အချိန်တန်ရုံသာမ က အချိန်လွန်နေပါပြီ’’ဟု ပင်လုံ သမိုင်းဖတ်ကြားသူ ဒေါ်မိမိချမ်း ကပြောသည်။

ပင်လုံမြို့ စကားဝိုင်းတွင် တိုင်းရင်းသားများက NCA မထိုး သေးသောအဖွဲ့များ လက်မှတ်ထိုး နိုင်ရန်အခင်းအကျင်းလိုကြောင်း နှင့် တိုင်းရင်းသားနယ်မြေများတွင် တပ်တော်ထိုးစစ်များရပ်တန့်ပေး ရန်လိုကြောင်း ထောက်ပြဆွေး နွေးခဲ့သည်။ ယင်းတို့နှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်ဖြေကြားခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သစ္စာရှိရန်၊ NCA ရေးထိုး၍ ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်ရန်သာ အသာပေးဆွေးနွေးခဲ့သည်။

တစ်ရက်တည်းမှာပင် KIO ဒုဥက္ကဋ္ဌဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပြည် ထောင်စုနေ့နှင့်ပတ်သက်၍ မှတ် စုတိုတစ်ခုတင်ခဲ့ပြီး ပြည်ထောင် များစုသောနေ့ဟူသောအချက်ကို ရေးသားခဲ့သည်။ ပင်လုံစိတ်ဓာတ် ဆိုသည်မှာ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်အပါအ၀င် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား အခိုင် အမာအပြန်အလှန်ပေးခဲ့ကြသော ကတိက၀တ်များနှင့် သဘောတူ ညီချက်များကို လိုက်နာစောင့် ထိန်းပြီး အကောင်အထည်ဖော် လိုသော စိတ်ဓာတ်ကို ဆိုလိုသည် ဟုလည်း ၎င်းကရေးသားသည်။

  ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ် ကြောင့် နိုင်ငံသည် ဗြိတိသျှကိုလို နီလက်အောက်မှ လွတ်လပ်ရေးရ ရှိခဲ့သည်။ သို့သော် ယခုနှစ်ပေါင်း ၇၀ကြာလာသော်လည်း ပင်လုံ စာချုပ်ပါ ကတိက၀တ်များကို အကောင်အထည်ဖော်ခြင်းမရှိသ လို စစ်အစိုးရအဆက်ဆက်တို့၏ လျစ်လျူရှုမှုနှင့် ခွဲခြားဆက်ဆံမှု များကြောင့် ပြည်တွင်းစစ်မီးသက် ဆိုးရှည်တောက်လောင်နေရခြင်း ဖြစ်သည်ဟု တိုင်းရင်းသားများက ရှုမြင်ကြသည်။

၂၀ရာစု ပင်လုံညီလာခံမှ တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရယူနိုင်ခဲ့သလို ၂၁ ရာစုပင်လုံညီလာခံဖြင့် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူကရင် ကြားစေ့ပေးနိုင်ရန် တောင်းဆိုသူ များလည်းရှိခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ၂၁ရာစုပင် လုံဖြင့် သမိုင်းစာမျက်နှာသစ်၊ သ မိုင်းစာအုပ်သစ်ဖွင့်ကြရန်တောင်း ဆိုခဲ့သည်။

ပင်လုံမြို့ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသူ ၁,၆၉၁ဦးရှိပြီး ပင်လုံကျောက်တိုင်ကွင်း ပြင်ပ တွင်လည်း ပရိသတ်များလာ ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လက်မှတ် ရေးထိုးခဲ့သော ကချင်ခေါင်း ဆောင်များ၊ ရှမ်းခေါင်းဆောင် များနှင့် ချင်းခေါင်းဆောင်များ၏ သားသမီးများသည် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးနှင့် ပထမဆုံးအကြိမ်နိုင်ငံတော်အဆင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးများ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သထုံစော်ဘွား၊ စကွယ်စော်ဘွား၊ ဘန်းယာဉ်စော်ဘွား၊ NCAလက်မှတ်ရေးထိုးထားသော RCSSနှင့် PNLOခေါင်းဆောင်များ၊ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့ကြသည်။

===================
251/End