၁၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၂၄
ဒီမိုကရေစီ ဖက်ဒရယ်စနစ်အတွင်း တိုင်းရင်းသားများလိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တည်ဆောက်ကြရမည်ဟု သမ္မတပြော

ဒီမိုကရေစီဖက်ဒရယ် စနစ်အတွင်း တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက် ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်က နှစ်(၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းအ နားသို့ ပေးပို့သော သ၀ဏ်လွှာ တွင် ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီမိုကရေစီဖက်ဒရယ် စနစ်အတွင်း တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက် ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်က နှစ်(၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းအ နားသို့ ပေးပို့သော သ၀ဏ်လွှာ တွင် ဖော်ပြထားသည်။

‘‘တိုင်းရင်းသားပြည်သူတစ် ရပ်လုံးရဲ့ ချစ်ခင်စည်းလုံးညီညွတ် မှုနဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည် ကြာစွာ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရာမှာ တိုင်းရင်း သားအားလုံး တန်းတူရည်တူပါ ၀င်ဖော်ဆောင်နိုင်မှုဟာ အရေး ကြီးလှပါတယ်’’ဟု သမ္မတက ပြောသည်။

နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး အမျိုး သားပြန်လည်သင့်မြတ်စည်းလုံး နိုင်ရေးအတွက် ဖြေရှင်းချက်မှာ ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုတည်ထောင်ရေး’ပဲ ဖြစ် ကြောင်း သမ္မတကဆက်လက် ပြောကြားသည်။

ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး၏ အရင်းခံသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ကြောင်း သမ္မတကပြောသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအ ကြား သင့်မြတ်အောင်ဆောင်ရွက် ရုံသာမက တိုင်းရင်းသားအချင်း ချင်းအကြား သင့်မြတ်ရေးအ တွက်ပါ ဆောင်ရွက်ကြရမှာဖြစ် ကြောင်း သမ္မတကထည့်သွင်း ပြောကြားသည်။

နိုင်ငံတော်က အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များမှာ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်း ရင်းသားအဖွဲ့အစည်းများ၊ လက် နက်ကိုင်အင်အားစုများ၊ နိုင်ငံ ရေးပါတီများ၊ အရပ်ဘက်လူမှုအ ဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရန် သမ္မတကတိုက်တွန်းသည်။

နှစ်(၇၀)ပြည့် ပြည်ထောင် စုနေ့အမျိုးသားဦးတည်ချက်(၄) ရပ်ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ရန် သမ္မတက တိုက်တွန်းသည်။

နှစ်(၇၀)ပြည့် ပြည်ထောင်စု နေ့ အမျိုးသားဦးတည်ချက်(၄) ရပ်မှာ ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်ရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးတို့ ဖြစ်သည်။ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပခဲ့သည့် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်တက်ရောက်ခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ တက်ရောက်စဉ် စာဖတ်ခဲ့သော ညောင်ပင်အောက်တွင် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ ‘ပင်လုံငြိမ်းချမ်းရေးစကားဝိုင်း’ (Panglong Peace Talk) အစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပသည့် နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)သို့ ပင်လုံစာချုပ်လက် မှတ်ရေးထိုးခဲ့ကြသော ခေါင်း ဆောင်များ၏ မိသားစုဝင်များ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ ၀င်) တက်ရောက်ခဲ့သည်။

===================
251/End