အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မလေးရှားထောက်ပံ့ ရေးသင်္ဘောဖြင့် လာရောက်ပို့ ဆောင်ထားသော ထောက်ပံ့ရေး ပစ္စည်းများကို တပ်မတော်ရေ ယာဉ်များဖြင့် မောင်တောမြို့သို့ စတင်ပို့ဆောင်နေပြီး ယင်းဒေသ ရှိ လူမျိုးစုနှစ်စုမှ အိမ်ထောင်စု တစ်သောင်းခန့်ကို ပေးဝေမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အမြဲတမ်းအတွင်း ဝန် ဦးစိုးအောင်က ပြောကြားသည်။
‘‘ကျွန်တော်တို့ အခုပဲ တပ် မတော်ရေယာဉ်တွေနဲ့ ဆန်တွေ တင်နေပါပြီ။ ဆန်တွေတင်တာက နှစ်ရက်၊ သုံးရက်လောက်တင်ရမှာပေါ့။ ပြီးတာနဲ့ ဆက်ထွက်မှာ ပေါ့။ စစ်တွေကို သွားရမှာပေါ့။ စစ်တွေကနေမှ မောင်တောကို ဆက်သွားရမှာပေါ့။ အိမ်ထောင် စုတွေက အဲဒီမှာရှိတဲ့ နှစ်ဖက် စလုံးကို ပေးဝေမှာပါ။ အိမ် ထောင်စု ငါးထောင်ကျော်ကနေ တစ်သောင်းကြား ပေးဝေမယ်’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ မောင်တောဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရာတွင် သီတင်းတစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ဦးစိုးအောင်က ဆက်လက်ပြောကြားသည်။
‘‘အိမ်ထောင်စု တစ်စုကို ဘယ်လောက်ရမယ်ဆိုတာက ခွဲ ဝေနေတုန်းပဲ ရှိပါသေးတယ်’’ဟု ၎င်းက ပြောသည်။
ရခိုင်ဒေသရှိ လူမျိုးစုနှစ်စု အား ပေးဝေရန် Food Flotilla for Myanmar ဟု အမည်ရှိ မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ်အဖွဲ့အစည်းမှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် Nautical Aliya သင်္ဘောသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်။
ယင်းသင်္ဘောပေါ်တွင် အ စားအစာနှင့် လူသုံးကုန်ပစ္စည်း များ တန်ချိန် ၂,၀၀၀ ကျော်(တန်ဖိုးအားဖြင့် ကျပ်သိန်းသုံးထောင် ကျော်) တင်ဆောင်လာပြီး မြန်မာ နိုင်ငံ၌ ဝယ်ယူထားသော ဆန်တန်ချိန် ၃၀၀ ကျော်ကိုလည်း ပေး ဝေမည်ဖြစ်သည်။
မလေးရှားသင်္ဘောပေါ်တွင် ပါရှိသည့် ထောက်ပံ့ရေးပစ္စည်း များကို ရခိုင်ဒေသရှိ လူမျိုးစုနှစ်ခု စလုံးအား မျှမျှတတပေးဝေမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားထားသည်။
===================
251/End
၁၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၃၆
News ID: 811744