၁၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၃၀
‘‘ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲနဲ့ တခြားတစ်ယောက်ဆိုရင် တိုင်းပြည်ပျက်တာကြာလှပြီလို့ ကျွန်တော်တို့က ဒီလိုပဲမြင်တ

ဗိုလ်ချုပ်ဂွန်မော်နှင့်တွေ့ဆုံခြင်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖေဖော်ဝါရီအတွင်း ကျင်းပရန် အစိုးရကစီစဉ်ထားသည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နီး ကပ်လာသော်လည်း တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) ရေးထိုး ရန်ကျန်ရှိနေသေးသည့် အဖွဲ့ များနှင့် အစိုးရတို့ ဆွေးနွေးမှုများ မှာတိကျထင်ရှားသည့်ရလဒ် ထွက် ပေါ်ခဲ့ခြင်းမရှိသေးပေ။ ထို့အတူ ဒေသအချို့တွင် တိုက်ပွဲများဖြစ် ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်ဦး ရေမှာလည်း တိုးပွားနေဆဲဖြစ် သည်။ လက်ရှိ ငြိမ်းချမ်းရေးဆွေး နွေးမှုအခြေအနေများနှင့်ပတ်သက် ၍ ညီညွတ်သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ(UNFC) ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) ဒု ခေါင်းဆောင်၊ ကေအိုင်အိုဗဟို ကော်မတီဝင်နှင့် KIA  ဒုဥက္ကဋ္ဌဗိုလ်ချုပ်ဂွန်မော်နှင့် ဇန်န၀ါရီလကုန်ပိုင်းက တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
 
NCA ရေးထိုးနိုင်ဖို့ UNFC ကအ ဆိုပြုထားတဲ့ အချက်ရှစ်ချက်ကို အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတာ မှာ ဘယ်နှချက်လောက် ကျန်ပါ သေးလဲ။ ဘာတွေပါ ပါသလဲ။

တကယ်တော့ ဒီရှစ်ချက်က တစ်ချက်မှ သဘောတူညီချက်မရ သေးဘူး။ ဒါပေမဲ့ ဆက်ပြီး ဆွေး နွေးရအောင် ပြောတဲ့အနေအထား ပဲ။ ဥပမာ နံပါတ်(၁)အချက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးပြီး ရင် အစိုးရက ၂၄ ရာရီအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ကြောင်း ကြေညာပေးပါလို့ တောင်းဆိုထားတယ်။ အဲဒါကို ကျွန်တော်တို့နောက်ဆုံးအစည်း အဝေးမှာ အစိုးရကိုယ်စားလှယ် တွေက သူတို့နားလည်တာက လက်မှတ်မထိုးခင် ကြေညာပေးရ မယ်လို့ သူတို့နားလည်တယ်လို့ ပြောတယ်။ မဟုတ်ပါဘူး။ ကျွန် တော်တို့သေချာရေးထားတာပါ။ အဲဒီလို ပထမအချက်မှာတင် နား လည်မှုလွဲမှားနေတာဖြစ်ပါတယ်။ အဲဒီတော့ ကျန်တဲ့အပိုင်းမှာလည်း တချို့နေရာတွေမှာ သဘောထား ချင်းတိုက်ဆိုင်တာရှိသလို တချို့ နေရာတွေမှာ အယူအဆပိုင်းမှာ သဘောထားချင်း လုံးဝမတိုက် ဆိုင်သေးပါဘူး။ အကြမ်းဖျင်းပြော ရမယ်ဆို ရှစ်ချက်စလုံး ဆွေးနွေးရ ဦးမှာပါ။

ဒီအချက်ရှစ်ချက် ပြေလည်ရင် UNFC အနေနဲ့ NCA ကို ထိုးမယ် ဆိုတဲ့သဘောလား။

မှန်ပါတယ်။ ဒါကျွန်တော်တို့ အစိုးရဆီကို စာနဲ့လည်း အ ကြောင်းကြားထားပြီးသားဖြစ်ပါ တယ်။ ဒီရှစ်ချက်ကို ဆွေးနွေးလို့ အဆင်ပြေသွားရင် လက်မှတ်ရေး ထိုးမယ်လို့ အတိအကျရေးပြီး ပို့ ထားတာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံဒုတိယအစည်းအ ဝေးက အခုဖေဖော်ဝါရီမှာ ပြုလုပ် ဖို့ အစိုးရက စီစဉ်ထားတာဆိုတော့ အဲဒီမတိုင်ခင်မှာ ဒီအချက်ရှစ်ချက် ညှိနှိုင်းလို့ ပြေလည်နိုင်မယ်ထင်ပါ သလား။

၂၁ ရာစုပင်လုံဟာ တကယ် ဖေဖော်ဝါရီမှာဖြစ်လာမယ်ဆိုရင် တော့ အချိန်မီဖို့မလွယ်ဘူးလို့ပဲ မြင်ပါတယ်။

ကေအိုင်အိုက UNFC မှာလည်း ဥက္ကဋ္ဌတာဝန်ယူထားတာဆိုတော့  ကေအိုင်အိုတို့အပါအ၀င် UNFC အနေနဲ့ ၂၁ ရာစုပင်လုံကို တက် မယ်၊ မတက်ဘူးဆိုတဲ့ အနေအ ထားဘယ်လိုများရှိပါလဲ။

၂၁ ရာစုပင်လုံအခင်းအ ကျင်းနဲ့ ညီလာခံရဲ့ဆွေးနွေးမှု အစီ အစဉ်တွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန် တော်တို့က တန်းတူရည်တူ ဆွေး နွေးနိုင်မယ်၊ ပွင့်လင်းမြင်သာစွာ နဲ့ အားလုံးကို ဖိတ်ခေါ်မယ်ဆိုရင် တော့ ကျွန်တော်တို့သွားပါမယ်။ ညီလာခံဆိုရင် ညီလာခံရဲ့ဂုဏ် အင်္ဂါတွေနဲ့ ညီညွတ်ဖို့လိုတယ်လို့ ကျွန်တော်တို့က ခဏခဏ ပြော တယ်။ ၂၁ ရာစုပင်လုံ ပထမညီ လာခံဟာ ညီလာခံလို့ပြောသော် လည်း တိုင်းရင်းသားလူမျိုးစုတွေ က ရွေးချယ်တဲ့ ကိုယ်စားလှယ် တွေတက်ရောက်တာမဟုတ်ဘဲနဲ့ အဖွဲ့အသီးသီး ရွေးချယ်တဲ့ကိုယ် စားလှယ်တွေ တက်ရောက်တယ်။ ပြီးတော့ ညီလာခံမှာ ကိုယ်စား လှယ်လို့ မသုံးနှုန်းဘဲ ညီလာခံ တက်ရောက်သူလို့ သုံးနှုန်းတယ်။ ပြီးရင် တင်ပြချက်တွေကိုလည်း မှတ်တမ်းအနေနနဲ့ ထားတယ်။ အဲဒီတော့ ညီလာခံလို့ပြောရင် အဲ ဒီလိုမဖြစ်သင့်ဘူး။ ညီလာခံလို့ ပြောရ င် ကိုယ်စားလှယ်တွေဖြစ်ရ မယ်။ ဒီကိုယ်စားလှယ်တွေက စစ် မှန်တဲ့ တိုင်းရင်းသားတွေက ရွေး ချယ်တဲ့ ကိုယ်စားလှယ်တွေဖြစ်ရ မယ်။ ကျွန်တော်တို့ ခဏခဏပြော တယ်။ သုံးပွင့်ဆိုင်ဆိုတာ ပါတီ က ကိုယ်စားလှယ်တွေကလည်း တစ်ဖက်ကနေ လာမယ်။ အစိုးရ ကိုယ်စားလှယ်တွေ လာမယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေ တက်လာမယ်။ ပင်လုံညီလာခံလို့ ပြောတဲ့အတွက်ကြောင့် ပြည် ထောင်စုကြီးမှာ အတူတကွ ဘယ် လိုနေထိုင်မလဲဆိုတဲ့ အကြောင်း အရာတွေက အဓိကဖြစ်သင့်ပါ တယ်။ အဲဒီတော့ ဒါကိုမဆွေးနွေး ဘဲနဲ့ တခြားအစီအစဉ်တွေနဲ့ ဆွေး နွေးတယ်ဆိုရင် ညီလာခံရဲ့ အ ဓိပ္ပာယ်ကလည်း တစ်မျိုးပြောင်း လဲသွားနိုင်ပါတယ်။ ဒါပထမပိုင်း ပေါ့။ ဒုတိယပိုင်းအနေနဲ့ကတော့ ရွေးချယ်မှုနဲ့ အကောင်အထည် ဖော်မှုတွေမှာပေါ့။ ညီလာခံမှာရရှိ လာတဲ့ တင်ပြချက်တွေကို ဘယ် လိုလုပ်မလဲဆိုတဲ့အပိုင်းမှာ ဒီ Frame Work နဲ့ ဆက်စပ်ပြီး ဆွေး နွေးတဲ့အခါမှာ လုပ်ငန်းကော်မတီ ရဲ့ လုပ်ပိုင်ခွင့်တို့ ပြီးတော့အတွင်း ရေးမှူးအဖွဲ့တွေ လုပ်ပိုင်ခွင့်တို့ဆို တဲ့ဟာတွေကို ကျွန်တော်တို့ကပြန် ပြီးတော့မှ ဆွေးနွေးချင်တဲ့ ဆန္ဒရှိ ပါတယ်။ ဒါလည်း ကျွန်တော်တို့ Frame Work ဆွေးနွေးရင်းနဲ့ပြော ထားပြီးသားပါ။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့ကေအိုင်အို အနေနဲ့ ပြောနေတာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို  သက်ဆိုင်ရာတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက မိမိတို့ရဲ့ လူ မျိုးတွေနဲ့ တွေ့ဆုံပြီးမှ ကြိုတင် ပြင်ဆင်ဖို့လိုအပ်ပါတယ်။ လက် နက်ကိုင်တော်လှန်ရေးမရှိတဲ့တိုင်း ရင်းသားတွေအနေနဲ့လည်း လက် နက်ကိုင်ထားတဲ့ အဖွဲ့တွေမရှိဘဲ နဲ့ ကိုယ့်ရဲ့အမျိုးသားရေးကို အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ အ ခုဖြစ်နေတဲ့အပိုင်းက အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အနှစ်သာရကိုကျွန်တော်တို့ နား လည်တဲ့ဟာနဲ့ ကွဲပြားနေတယ်။ ၂၀၁၃ မြစ်ကြီးနားအစည်းအဝေး မှာ ကျွန်တော်တို့ဦးအောင်မင်းကို စပြောတဲ့အချိန်မှာကျွန်တော်တို့ ကေအိုင်အိုဟာ ကချင်တိုင်းရင်း သားတွေနဲ့ တွေ့ဆုံပြီးမှ ညီလာခံ တက်မယ်လို့စပြီးပြောခဲ့တာဖြစ်ပါ တယ်။ ဒါပေမဲ့ အားလုံးနဲ့ဝိုင်းဆွေး နွေးတဲ့အခါ လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေက သက်ဆိုင်ရာ လူမျိုးများနဲ့ တွေ့ဆုံရေးဆိုတဲ့ ပုံစံ ကနေ ခေါင်းစဉ် သုံးခုခွဲပြီးမှအမျိုး သားအဆင့်နိုင်ငံရေးကို တစ်ပိုင်းစီ တစ်ပိုင်းစီ လုပ်သွားတဲ့ပုံစံမျိုး တွေ့ရပါတယ်။ ဒီလိုပြောတဲ့အခါ ကျွန်တော်တို့ ကေအိုင်အိုက ကချင်လူမျိုးတွေနဲ့တွေ့မယ်လို့ ပြောတဲ့အခါ ကချင်ပြည်မှာနေတဲ့ တခြားတိုင်းရင်းသားတွေရဲ့ အ ရေးမပါဘူးလို့ တချို့စဉ်းစား ကောင်းစဉ်းစားမှာဖြစ်ပါတယ်။ ဒီ လိုမဟုတ်ပါဘူး။ ကေအိုင်အိုဟာ ကချင်လူမျိုးနဲ့ တွေ့ဆုံတယ်၊ SSPP က ရှမ်းလူမျိုးနဲ့တွေ့ဆုံတဲ့ အခါမှာ အခြေခံကတော့ ဖက်ဒ ရယ်နဲ့ ဒီမိုကရေစီကိုအခြေခံပြီး ကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါ တယ်။ ကျွန်တော်တို့က ကျွန် တော်တို့နဲ့အတူတကွ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေအရေးကို ဆွေးနွေးသလို ရှမ်းအဖွဲ့နဲ့ ရှမ်းလူ ထုကလည်း အတူတူနေထိုင်ကြတဲ့ ကချင်လူမျိုးများအရေးကို ဆွေး နွေးကြမှာဖြစ်ပါတယ်။ ဒါ ဥပမာ တစ်ခုပေါ့။ ဒါကြောင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့မျှော်လင့်ထားသလို နဲ့ အခုထွက်ပေါ်လာတာ တော် တော်လေး ကွာခြားမှုတွေရှိပါ တယ်။

အစိုးရ တာဝန်ရှိသူတချို့ပြော ထားတာရှိပါတယ်။ ကေအိုင်အိုနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ နှစ်ဖက်နေ ရာတာတွေ ညှိနှိုင်းတာရှိတယ်။ ဒါပေမဲ့ ကေအိုင်အိုဘက်က ပြန် ကြားတာမရှိသေးလို့ တွေ့ဆုံရေး က ဖြစ်လာတာမရှိဘူးပေါ့။ ဒီလို တွေ့ဆုံဆွေးနွေးဖို့ကော ရှိပါသ လား။

အစပိုင်းမှာ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ကျွန် တော်တို့ဘက်ကလည်း စာသုံး စောင်ပို့ထားပါတယ်။ ဒါပေမဲ့ တ ကယ်တမ်းပြန်စာမရတာက အစိုး ရဘက်ကနေ စာမပြန်တာဖြစ်ပါ တယ်။ ဒီလိုစာပြန်မှုမရှိတာကိုပဲ လွန်ခဲ့တဲ့ ချင်းမိုင်အစည်းအဝေး မှာ ငြိမ်းချမ်းရေးကော်မရှင်က ကျွန်တော်တို့ကို တရားဝင်ပြောပါ တယ်။ သူတို့ဘက်က အားနည်း ချက်တွေရှိလို့ အချင်းချင်း ညှိနှိုင်း တဲ့အခါမှာ လိုအပ်မှုရှိလို့ ဒီလိုဖြစ် သွားရတယ်။ ဒါကျွန်တော်တို့ အ စည်းအဝေး မှတ်တမ်းတွေမှာ လည်း ရှိပါတယ်။ ကျွန်တော်တို့ ဘက်က စာရေးတယ်။ အစိုးရ ဘက်ကနေ မပြန်ကြားတာဖြစ်ပါ တယ်။

(မှတ်ချက်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အိုနဲ့ သီးသန့်တွေ့ဆုံရန် ဇန်န၀ါရီ ၂၇ ရက်တွင် အကြောင်းကြားစာ ထပ်မံပေးပို့ခဲ့ပြီး ကေအိုင်အိုက UNFC အနေဖြင့်သာ တွေ့ဆုံမည်ဟု အကြောင်းပြန်ခဲ့သည်။)

ကေအိုင်အိုနဲ့ အရင်လို တိုက်ရိုက် ဆွေးနွေးဖို့ အစိုးရဘက်က ကမ်း လှမ်းတာမျိုးရှိခဲ့ရင်ကော ဘယ်လို သဘောထားရှိပါလဲ။

ကျွန်တော်တို့ကတော့ နှစ် ပိုင်းပေါ့။ ကေအိုင်အိုအနေနဲ့တိုက် ရိုက်ဆွေးနွေးဖို့လိုတဲ့ ခေါင်းစဉ်ရှိ ရင်ကျွန်တော်တို့ တွေ့ဆုံမှာဖြစ် ပါတယ်။ နောက်တစ်ပိုင်းကတော့ နိုင်ငံရေးဆွေးနွေးမှုတွေ အကုန် လုံးကတော့ ကျွန်တော်တို့ UNFC နဲ့ အတူတကွသွားမှာဖြစ်ပါတယ်။ နိုင်ငံရေးကို UNFC ရဲ့ မူ၊ ပေါ်လစီ အောက်မှာ ကျွန်တော်တို့က ဆွေး နွေးသွားဖို့ရှိ ပါတယ်။

ဂီဒွန်၊ လိုင်ဖောင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန် ချက်တွေမှာ ပါတာရှိပါတယ်။ ကေအိုင်အေက ဒီစခန်းတွေဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့တွေကို ခြိမ်းခြောက်ဖို့အတွက် ဆောင် ရွက်ချက်တွေဖြစ်တယ်။ နောက် တစ်ခုက အကြမ်းဖက်သောင်း ကျန်းသူလို့ သုံးနှုန်းတာမျိုးပေါ့။ ဒီ အပေါ်မှာ အစိုးရအပေါ် ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

ကျွန်တော်တို့ကတော့ မှတ် ချက်မပြုလိုပါဘူး။ သတင်းဆိုတာ ကတော့ သတင်းဖတ်တဲ့သူအကုန် လုံးကတော့ အမှားနဲ့ အမှန်ကို အ နည်းဆုံး ၆၀ ရာခိုင်နှုန်းလောက် ကတော့ ဝေခွဲလို့ရပါတယ်။ တချို့ မသိတဲ့အပိုင်းရှိနိုင်သော်လည်း အ မှားအမှန် ဘယ်လောက်ရှိနိုင်တာ လဲဆိုတာ သတင်းဖတ်တဲ့သူတွေ က သိနိုင်ပါတယ်။ ဥပမာပေါ့။ ဂီဒွန်တို့၊ လိုင်ဖောင်တို့ဆိုတာက မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးနဲ့ ၀ိုင်းမော်မြစ်ကြီးနားတို့ကို ခြိမ်း ခြောက်နိုင်တယ်ဆိုတာက ယုတ္တိ မရှိပါဘူး။ ဥပမာ ဝေဟင်ကနေ အဖြောင့်အတိုင်း ဆိုရင်တောင်မှ ကီလိုမီတာ နှစ်ဆယ်၊ သုံးဆယ် လောက်ဝေးတဲ့ ဒီစခန်းတစ်ခုက မြစ်ကြီးနား-၀ိုင်းမော်ကို ခြိမ်း ခြောက်နိုင်တယ်ဆိုတာ ဒါယုတ္တိ မရှိပါဘူး။ ပြီးတော့ကျွန်တော်တို့ ဆီမှာလည်း မိုင်လေးငါးဆယ် ပစ် နိုင်တဲ့ လက်နက်တွေလည်း ရှိတာ မဟုတ်ပါဘူး။ နောက်အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့ပေါ့ နော်။ အဲဒီတော့ အကြမ်းဖက် သောင်းကျန်းသူလို့ အစိုးရက သုံး ချင်တယ်ဆိုရင်လည်း သူတို့ သ ဘောပါပဲ။ ကျွန်တော်တို့ကတော့ ကိုယ့်ဘက်က မှန်ကန်မယ် ကျွန် တော်တို့ကချင်တိုင်းရင်းသားတွေ က ကျွန်တော်တို့ကို အကြမ်းဖက် လို့ မယူဆသရွေ့ ကျွန်တော်တို့ အကြမ်းဖက်မဖြစ်နိုင်ပါဘူး။ တစ် နေ့က ချင်းမိုင်အစည်းအဝေးမှာ လည်း ငြိမ်းချမ်းရေးကော်မရှင်ကို ဒီသဘောထား ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။

အရင်အစိုးရလက်ထက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ အခုငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ အခုအခြေအ နေက ပိုဆိုးလာတယ်။ထိုးစစ်တွေ  လည်း ပြင်းထန်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ ၀င် အစိုးရက နှုတ်ဆိတ်နေတယ် လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိ ပါတယ်။ ဒီအပေါ်မှာ အစိုးရကို ဘာများပြောကြားလိုပါလဲ။

ဒီလိုအခြေအနေမျိုးမှာ ဒေါ် အောင်ဆန်းစုကြည်မဟုတ်ဘဲနဲ့ တခြားတစ်ယောက်ဆိုရင် တိုင်း ပြည်ပျက်တာကြာလှပြီလို့ ကျွန် တော်တို့က ဒီလိုပဲမြင်တယ်။ ဘာ ဖြစ်လို့လဲဆိုရင် ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ တပ်မတော်ကို ဘယ်သူမှ ထိန်းချုပ်နိုင်မှာမဟုတ် ပါဘူး။ ဒါကြောင့်မို့လို့ အခုအစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘာ မှ မလုပ်နိုင်ဘူးလို့ပြောတာထက် စာရင် တခြားသူဆိုရင် ဒီလောက် လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကျွန် တော်တို့အမြင်ပေါ့။ နောက်တစ်ခု က ၂၀၀၈ အခြေခံဥပဒေပေါ့။ လွန်ခဲ့တဲ့လ အစည်းအဝေးမှာ လည်း ကျွန်တော်တို့ပြောတာက ဒါဆိုရင် တခြားဘာမှမလုပ်နဲ့။ NCA လက်မှတ်ရေးထိုးပြီးလို့ရှိရင် ၂၀၀၈ အခြေခံဥပဒေ ဘယ်လို ပြု ပြင်မလဲဆိုတဲ့ အပိုင်းကို အဓိက ထားစဉ်းစားမလားပေါ့။ အကြံပြု ဖူးတယ်။ တောင်အာဖရိကတိုက် ခရီးစဉ်မှာလည်း ခေါင်းဆောင် တွေကိုကျွန်တော်တို့ ပြောတာက တချို့အပိုင်းတွေမှာ ကျွန်တော် တို့မပါဘဲ အစိုးရနဲ့ တပ်မတော်က လုပ်လို့ရတဲ့ အပိုင်းတွေအများကြီး ရှိပါတယ်။ ဥပမာ ၂၀၀၈ အခြေခံ ဥပဒေအပါအ၀င် မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေတွေကို ရေးဆွဲတဲ့ အခါမှာ ကျွန်တော်တို့မပါဝင် သော်လည်းပဲ၊ အစိုးရနဲ့တပ်မ တော်ကပဲ ရေးဆွဲသော်လည်းပဲ ကောင်းမွန်တဲ့ အခြေခံဥပဒေတွေ ထွက်ပေါ်လာရင် ကျွန်တော်တို့ အားလုံးက လက်ခံမှာပါ။ တချို့ အပိုင်းမှာ ကျွန်တော်တို့မပါဝင်လို့ မအောင်မြင်ဘူးလို့ အပြစ်တင်တာ က အဓိပ္ပာယ်မရှိပါဘူး။ ဥပမာ ဒီ ၂၀၀၈ အခြေခံဥပဒေကို ကျွန် တော်တို့အဖွဲ့တွေက တိုင်းရင်း သား လက်နက်ကိုင်မပါဘဲ အ ကောင်းဆုံးရေးဆွဲထားရင် ဒါကို တစ်နိုင်ငံလုံးက လက်ခံမှာပါ။ အဲဒါက ဥပမာတစ်ခုကို ကျွန် တော်ပြောပြတာဖြစ်တယ်။

အစိုးရအဖွဲ့က NLD ကိုယ်စား လှယ်တချို့က ပြောတာရှိပါတယ်။ NCA ကို ရေးထိုးလိုက်ပြီဆိုရင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို တချို့အချက်တွေမှာ ပြင်ပြီးသားဆိုတဲ့သဘောမျိုး ငြိမ်းချမ်းရေးဖိုရမ်တွေမှာ ပြောဖူးတာရှိပါတယ်။ ဘယ်လိုများ သုံးသပ်မိပါသလဲ။

ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ ၂၀၀၈ ကို ပြင်မယ်ဆို ရင် အဲဒီလိုပုံစံမျိုးနဲ့ ပြင်လို့မရပါ ဘူး။ ပြင်ချင်တယ်ဆိုရင်တော့ သဘောတူညီချက် ယူဖို့လိုပါ တယ်။ ၂၀၀၈ ကိုပြင်မယ် (သို့မ ဟုတ်) အသစ်ရေးဆွဲမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုရှိပြီးမှ သာလုပ်လို့ရမယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ NCA ကို ရေးထိုးပြီးမှ လွှတ် တော်ထဲကပြင်မယ်ဆိုတာက မ ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုလို့ မြင်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ နှစ်ဖက်စလုံးပေါ့။ အဓိက အ ကျဆုံးနဲ့ အရင်ဆုံးလက်ရှိအချိန် မှာ လုပ်ရမယ့် အချက်က ဘာဖြစ် မယ်၊ ဘာလုပ်သင့်တယ်လို့ မြင် ပါလဲ။

နှစ်ဖက်စလုံးက လုပ်သင့်တဲ့ အချက်က တိုက်ပွဲတွေကို မရှိ အောင် အရင်သဘောတူညီချက် တွေလုပ်ဖို့လိုပါတယ်။ နှစ်ဖက်စ လုံးက တိုက်ပွဲတွေ မရှိအောင်လုပ် မှပဲ အေးဆေးတဲ့အခြေအနေ အောက်မှာ ဆွေးနွေးနိုင်မှာဖြစ်ပါ တယ်။ တစ်ဖက်ကတိုက်ပွဲဖြစ်နေ မယ်ဆိုရင် မယုံကြည်မှုများလာ မယ်၊ မခံချင်စိတ်တွေများလာ မယ်။ ပြီးတော့ အေးအေးဆေး ဆေး ဆွေးနွေးနိုင်ဖို့မဖြစ်နိုင်ဘူး။ ဥပမာ ကျွန်တော်တို့ ကေအိုင်အို ဒီအချိန်သွားမလားဆိုရင် ဆုံး ဖြတ်ရခက်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ ပြီးရင် အွန်လိုင်း မှာ အမျိုးမျိုးရေးနေကြတဲ့ အချိန် မှာ ပြည်တွင်းကိုသွားမလားမေး လို့ရှိရင် ဒီကိစ္စက ဘယ်လိုလုပ်မ လဲဆိုတဲ့မေးခွန်းက အရင်တက် လာတယ်။ အဲဒီတော့ ဒီလိုအခြေ အနေမျိုးမဖြစ်အောင် နှစ်ဖက်စ လုံးက တိုက်ပွဲတွေရပ်အောင် ကြိုး စားကြဖို့လိုပါတယ်။

အရင်ဦးအောင်မင်းဦးဆောင် ဆွေးနွေးတဲ့ အခြေအနေနဲ့ အခု ဒေါက်တာတင်မျိုးဝင်း ခေါင်း ဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ ဆွေးနွေးတဲ့အခြေအနေကဘယ် လိုကွာခြားပါသလဲ။ တချို့ကအခု က တိုးတက်မှုနည်းတယ်လို့ပြော ဆိုတာတွေ ရှိတော့ ဘယ်လို သုံး သပ်ချင်ပါသလဲ။

အရင်ဦးအောင်မင်းကို ပေး အပ်ထားတဲ့ တာဝန်ပိုင်းအရ သူ့ မှာ လုပ်ပိုင်ခွင့်တော်တော်များ များရှိပါတယ်။ ဥပမာပေါ့ နိုင်ငံ တော်သမ္မတက ခရီးထွက်နေတဲ့ အချိန်မှာ ဒီ Peace Process နဲ့ ပတ်သက်လို့ သူ့ကို လုံးဝဥဿုံ အခွင့်အာဏာ ပေးထားတာ တောင်ရှိပါတယ်။ ပြီးရင် သမ္မတနဲ့ သော်လည်းကောင်း၊ ကာလုံနဲ့ သော်လည်းကောင်း တိုက်ရိုက် တွေ့ပြီးတော့မှ ဆုံးဖြတ်ချက်တွေ ကို ချပေးနိုင်ဖို့တင်ပြနိုင်တဲ့ အ ခွင့်အရေးသူ့မှာရှိပါတယ်။ အခု အစိုးရမှာကျတော့ အဲဒီလိုမဟုတ် ဘဲနဲ့ အဆင့်တွေများလာတဲ့အခါ ကျတော့ ဆုံးဖြတ်မှုတွေကို ချနိုင် ဖို့အတွက် အချိန်တွေ အများကြီး လိုတယ်။ တချို့အပိုင်းတွေမှာ ဒါ ကျွန်တော်တို့ထင်တာပေါ့။ တချို့ ကျွန်တော်တို့ဆွေးနွေးတဲ့အပိုင်း တွေက ဒေါ်အောင်ဆန်းစုကြည်ဆီ ကိုသော်လည်းကောင်း၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ဆီကို သော်လည်းကောင်း အပြည့်အ၀ မရောက်ဘူးလို့ ကျွန်တော်တို့ ဒီ လိုပဲ နားလည်တယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က သဘော ထားတွေအပြည့်အ၀မရောက်ဘဲ နဲ့၊ မကြားဘဲနဲ့ ဆွေးနွေးပွဲတွေမှာ တစ်စုံတစ်ရာ နားလည်နိုင်တဲ့ ဆုံး ဖြတ်ချက်ကျလာဖို့မလွယ်ဘူးလို့ပဲ မြင်ပါတယ်။ ဒါ အခက်အခဲဖြစ် ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်နဲ့ မဆိုင်ဘဲနဲ့ သူ့ရဲ့ပုံစံနဲ့ ဆိုင်ပါတယ်။

UNFC အနေနဲ့ကော အစိုးရနဲ့ ဒီ ရက်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေး နွေး ဖို့ရှိပါလား။

ရှိပါတယ်။ အခု UNFC အ နေနဲ့ကတော့ အခုလည်း တွေ့ပါ တယ်။ DPN နဲ့လည်းတွေ့တယ်။ ဖြစ်နိုင်လို့ရှိရင် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့အတွက် လည်း မေတ္တာရပ်ခံထားတာရှိပါ တယ်။ ဒီလိုတွေ့ဖို့ပြောတာက တ ခြားခေါင်းဆောင်တွေကို မယုံ ကြည်ဘူး၊ သူ့ကိုပဲ ယုံတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ သူဟာ ဒီ Process ကို အဓိကကိုင်ထား တယ်။ ပြီးတော့ နိုင်ငံတော်မှာ  လည်း သူက အတိုင်ပင်ခံတစ် ယောက် အနေနဲ့သော်လည်း ကောင်း ၂၁ ရာစုပင်လုံကို အဓိက မောင်းနှင်တဲ့ ပုဂ္ဂိုလ်သော်လည်း ကောင်းပေါ့။ ကျွန်တော်တို့ဘက် က အနေအထားတွေကို မျက်နှာ ချင်းဆိုင် သေချာရှင်းပြဖို့လိုပါ တယ်။ ခုနပြောသလိုပဲ အစည်းအ ဝေးမှာ ကျွန်တော်တို့ရဲ့အယူအဆ တွေကို တချို့က သူ့နားထဲရောက် ချင်မှရောက်မယ်လို့ ဒီလိုအယူအ ဆတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ UNFC က၊ DPNU က ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေကဆုံဖို့တောင်းဆိုမှုတွေ လုပ် ထားတာဖြစ်ပါတယ်။

ဒါကတော့ Personal မေးခွန်းပါ။ ဗိုလ်ချုပ်က အရင်မန္တလေးတက္က သိုလ်ကျောင်းသားဘ၀က ဒရမ် မာတစ်ယောက်လို့ သိရတော့ အခုလို တိုင်းရင်းသားလက်နက် ကိုင်ပုံစံမဟုတ်ခဲ့ရင်ဘ၀ကို ဘယ် လိုစဉ်းစားထားပါလဲ။

ကျွန်တော်တစ်ခါတလေစဉ်း စားမိတာက ကျွန်တော်ကတော့ ၀ါသနာရှင်အဆင့်ပါပဲ။ တီးတာ ခတ်တာတွေရှိတာပေါ့။ တကယ် လို့ အနုပညာလောကထဲကို ၀င်ခဲ့ မိရင် မအောင်မြင်ဘဲနဲ့ ယောင် လည်လည်ဖြစ်နေမယ်လို့ ကိုယ့် ဟာကိုယ်သုံးသပ်မိတာပဲ။ ဒီလိုပဲ ယောင်လည်ယောင်လည်နဲ့ သွား နေမိမယ်လို့ မြင်ယောင်မိပါတယ်။

အစိုးရနဲ့ ပြည်သူတွေကို ဘာများ အမှာစကား ပါးချင်တာရှိပါသလဲ။ ဖြည့်စွက် ပြောချင်တာရှိပါသလား။

အဓိကကတော့ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ အွန်လိုင်းမီဒီယာ တွေမှာ အယူအဆအမျိုးမျိုးတွေ ပေါ့။ တက်လာတဲ့အပိုင်းမှာ သ တင်းနားထောင်တဲ့သူတွေ ပြည် သူတွေအနေနဲ့ ဆင်ခြင်တုံတရား နဲ့ နားထောင်စေချင်ပါတယ်။ တစ်ဖက်သတ်အမြင်မျိုး မဟုတ် ဘဲနဲ့ နှစ်ဖက်မျှပြီးတော့ပေါ့။ သ  ဘောထားအမြင်တွေကိုမြင်စေ ချင်ပါတယ်။ နောက်တစ်ခုက တော့ ကျွန်တော်တို့ ကေအိုင်အိုကို လည်း အပြုသဘောနဲ့ အကြံပေး နိုင်ပါတယ်။ အပြုသဘောမျိုးနဲ့ အကြံပေးတယ်ဆိုရင်ကျွန်တော် တို့ လက်ခံမှာပါ။ အကြံပြုနိုင် အောင်လည်း မြစ်ကြီးနားမှာ ကျွန် တော်တို့ရုံးတွေရှိပါတယ်။ ပြီးရင် တခြားနည်းတွေနဲ့လည်း အကြံပြု နိုင်ပါတယ်။ အားလုံးကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။

အစိုးရကိုတော့ ကျွန်တော် တို့ကငြိမ်းချမ်းရေးလို့ပြောတဲ့အခါ ဖြစ်စဉ်တစ်ခုအနေနဲ့ အမြဲတမ်း စဉ်းစားစေချင်ပါတယ်။ အခု ကျွန်တော်တို့မြန်မာနိုင်ငံမှာက Peace လို့ပြောလိုက်ရင် Process က မပါဘူး။ အခု ဒီဘက်ပိုင်းမှာ Process က ပါလာပါတယ်။ သို့ သော်လည်းပဲ ဒီ Process က တစ် ခုလုံးအနေနဲ့လုပ်ဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ Peace Process နဲ့ National Building ဒီ နှစ်ခုကို ချိတ်ဆက်ပြီးတော့မှ လုပ် ဖို့လိုပါတယ်။ သီးခြားစီလုပ်လို့ရှိ ရင် ဒါအောင်မြင်ဖို့မလွယ်ပါဘူး လို့ ဒီလိုပဲမြင်ပါတယ်။

===================
251/End