အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တရုတ်နိုင်ငံ ကာကွယ် ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာဌာန အင်ဂျင်နီယာချုပ်တို့ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက်က နေ ပြည်တော်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် တရုတ် နိုင်ငံကာကွယ်ရေးဆိုင်ရာ သိပ္ပံ နည်းပညာနှင့်စက်မှုလုပ်ငန်းစီမံ ရေးရာဌာန အင်ဂျင်နီယာချုပ် Mr.Long Hong Shan ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လေ့ လာသုတေသနပြုလုပ်ငန်းများ၏ အရေးပါမှု အခြေအနေများ၊ နှစ် နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သတင်းထုတ် ပြန်ချက်တွင်ပါရှိသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာ ရှိကြီးများ တက်ရောက်ခဲ့သည်။
===================
251/End
၁၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၀၂
News ID: 812333