၁၈ ဖေဖော်ဝါရီ ၂၀၁၇ - ၁၆:၂၇
ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းရွာရှိ အိမ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ထားသည့်ကားများ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ နေအိမ်တစ်ခုတွင် ကျပ်သန်းကိုးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စပိန်နိုင်ငံလုပ် ပစ္စတိုသေနတ်နှင့် ကျည်ဆန်များဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၆ ရက်က မူး ယစ်ဆေးဝါးများထားရှိသည်ဟု သတင်းများအရ အဆိုပါအိမ်သို့ ၀င်ရောက်စစ်ဆေးရာ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ်တစ် လက်၊ ကျည် ၈၃ တောင့်၊ ကျည် အိမ် တစ်ခု၊ ဘိန်းဖြူ ၃၄၈ ဂရမ်၊ အက်တက်စီခေါင်းခါဆေး ၃၄ ပြား၊ ICE  ၁ ဒသမ ၀၅ ကီ လိုဂရမ်၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၇၀,၈၅၈ ပြား၊ ကားနှစ်စီးနှင့် ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှတ်တမ်းအရ သိရသည်။

မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်ခုသို့ ဖေဖော်ဝါရီ ၁၅ရက်က ၀င်ရောက်ရှာဖွေစစ်ဆေး ရာ မူးယစ်ဆေးဝါးအနည်းငယ်တွေ့ရှိပြီးနောက် ကွင်းဆက်အဖြစ် မဲကင်းကုန်းကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးအမြောက် အမြားနှင့် သေနတ်ကျည်ဆန်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ နေရာနှစ်ခု၌ မူး ယစ်ဆေးဝါးများ အရောင်းအ၀ယ် ပြုလုပ်သူများ၊ သုံးစွဲသူများပါ  အ မျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိပြီး ထိုမူးယစ်ဆေးဝါးများသည် တာမိုးညဲမြို့နယ်တွင် နေထိုင်သူတစ်ဦးထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

မဲကင်းကုန်းကျေးရွာရှိ နေအိမ်တွင် မူးယစ်ဆေးဝါးအမြောက် အမြားနှင့်အတူ လက်ဝယ်တွေ့ရှိ သူ အမျိုးသားသည် ၂၀၁၀ ကမူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ် ကျခံရ ကာ ၂၀၁၄ စက်တင်ဘာ ၁၀ ရက်တွင် ထုံးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သိမ်းဆည်းရမိသည့် ပစ္စတို သေနတ်မှာလည်း တာမိုးညဲမြို့ နယ်နေသူထံမှ မူးယစ်ဆေးဝါးနှင့်အတူ ၀ယ်ယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။ မူးယစ်ဆေးဝါးများနှင့်အ တူ ဖမ်းဆီးရမိသူများကို အောင်ပင်လယ်၊ မဟာအောင်မြေနှင့် ပုသိမ်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းတို့တွင် အမှုဖွင့်ထားရှိပြီး တာမိုးညဲ၌ နေထိုင်သည့် အမျိုးသားတစ်ဦး ကို ဖမ်းဆီးရမိရန် စုံစမ်းလျက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

===================
251/End