၁၉ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၂၄
ရာထူးမှ နုတ်ထွက်မည်ဟု မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အတည်ပြုပြောကြား

အစိုးရသစ်လက်ထက် ပထမဆုံးနုတ်ထွက်သည့် ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်ပြီး အမတ်နှင့် ပါတီဝင်အဖြစ်မှပါ တစ်ဆင့်ချင်းနုတ်ထွက်မည်ဟုဆို

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မွန်ပြည်နယ်ဝန်ကြီး ချုပ်ဦးမင်းမင်းဦးသည် ၀န်ကြီးချုပ် ရာထူးမှ တရားဝင်နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ယမန်နေ့က အ တည်ပြုပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး မင်းမင်းဦးသည် ၀န်ကြီးချုပ်သက် တမ်း ၁၀လအတွင်း ၀န်ကြီးချုပ် တာဝန်အပြင် ပြည်နယ်စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေး ၀န်ကြီးတာဝန်တို့ကိုပါ ပူးတွဲတာ ၀န်ယူထားသည်။

‘‘နုတ်ထွက်မယ် ဆိုတာ ဟုတ်တယ်။ အတည်ပါခင်ဗျာ။ တရားဝင်တော့ စာမတင်ရသေး ဘူး။ ကျွန်တော်နုတ်ထွက်တဲ့ကိစ္စ က ကျွန်တော့်သဘောနဲ့ကျွန်တော် လုပ်တာပါ။ ဘယ်သူ့ဖိအားမှ မပါ ဘူး။ တရားဝင်စာထုတ်ပြန်သွား မှာပါ’’ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက 7Day Daily  အား ပြောသည်။

‘‘ကိုယ်စားလှယ် တစ် ယောက်အနေနဲ့ရော၊ NLD အဖွဲ့ ၀င်အနေနဲ့ရော၊ ၀န်ကြီးချုပ်တစ် ယောက်အနေနဲ့ရော အားလုံးတစ် ဆင့်ချင်းစီ နုတ်ထွက်သွားမယ်။ အပြင်လူတစ်ယောက် အနေနဲ့ အေးအေးဆေးဆေးနေထိုင်တော့ မယ်’’ဟု ၀န်ကြီးချုပ်ဦးမင်းမင်းဦး ကပြောသည်။

ဦးမင်းမင်းဦးသည် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း ‘‘နုတ်ထွက်ပါပြီ။ အားလုံးကိုကျေး ဇူးတင်ပါတယ်။ ဖြစ်တည်မှုအား လုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ’’ ဟု ဖေဖော်ဝါရီ ၁၈ရက်စွဲဖြင့် ရေး သားကြေညာထားသည်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ပါတီအတွင်းရှိ ပုဂ္ဂိုလ်အချို့ ၏ တိုင်ကြားခြင်းခံထားရပြီး တိုင် ကြားချက်အပေါ် NLDလေ့လာ သုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမှုကို ခံထားရသူဖြစ်သည်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်မည်ဆိုခြင်းနှင့်ပတ် သက်၍ ဒီချုပ်အတွင်းရေးမှူးအဖွဲ့ ၀င်များဖြစ်သည့် ဦးဝင်းထိန်နှင့် ဦးဉာဏ်ဝင်းတို့ကို ဖေဖော်ဝါရီ ၁၇ ရက်က မွန်ပြည်နယ်တွင် လူချင်းတွေ့ဆုံ၍ ပြောကြားခဲ့ ကြောင်း ဦးဉာဏ်ဝင်းက ပြော သည်။

‘‘သူနုတ်ထွက်မယ်လို့ ကျွန် တော်တို့ကိုပြောပြီးသွားပါပြီ။  ထွက်ပြီး၊မပြီးဆိုတာကတော့ကျွန် တော်လည်း နယ်ရောက်နေလို့ မ သိပါဘူး’’ဟု ၎င်းကပြောသည်။

ဝန်ကြီးချုပ်နုတ်ထွက်မည့် ကိစ္စသည် ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် တင်ထားကြောင်း၊ တရားဝင်မ ဟုတ်သေးကြောင်း၊ အမှန်တ ကယ် နုတ်ထွက်မည်ဆိုပါက နိုင်ငံ တော်သမ္မတကို စာတင်ပြီး ပြည် နယ်လွှတ်တော်ရုံး၌လည်း စာ တင်ရမည်ဖြစ်သည်။ ယခုအချိန် အထိပြည်နယ်လွှတ်တော်ရုံးတွင် နုတ်ထွက်စာတင်ထားခြင်း မရှိ သေးကြောင်း မွန်ပြည်နယ်လွှတ် တော် ဒုဥက္ကဋ္ဌဒေါက်တာအောင် နိုင်ဦးက ဆိုသည်။

‘‘သူနုတ်ထွက်မယ့်ကိစ္စကို ကျွန်တော့်အမြင်နဲ့ပြောရရင် သူ ရင်ဆိုင်ကြုံတွေ့နေတဲ့ ဖိအားပေး မှုတွေများတယ်။ သူ့ရဲ့ပါတီတွင်း ကလူတွေ အထက်ကိုတိုင်ကြ တော့ စစ်ဆေးမှုပြုလုပ်တယ်။ စစ်ဆေးချက်တွေမှန်ကန်တယ်ဆို ပြီးတော့ မကြာခင်အရေးယူမယ် ဆိုပြီး ကြားသိရတယ်။ အဲဒီအနေ အထားအရ မကြာခင် သူနုတ် ထွက်ရမယ့်အနေအထားရှိတဲ့အ တွက် ဒီလိုနုတ်ထွက်တာလည်း ဖြစ်နိုင်တယ်။ သူ့ကို ၀န်းရံပေးနိုင် တဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အား နည်းမှုတွေရှိတယ်။ ၀န်ကြီးချုပ် တစ်ယောက်ကောင်းရုံနဲ့ ပြည် နယ်ကို မအုပ်ချုပ်နိုင်ဘူး။ အစိုးရ အဖွဲ့ပူးပေါင်းဆောင်ရွက်မှုက အ ရေးကြီးတယ်။ ကျွန်တော်ပြောချင် တာက ပြည်နယ်ဝန်ကြီးတွေက သူနဲ့ ပူးပေါင်းမှုအားနည်းလို့ဒီလို ဖြစ်တာလည်း ဖြစ်နိုင်တယ်’’ဟု ဒေါက်တာအောင်နိုင်ဦးကပြော သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၆၄(က)တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတစ်ဦးဦး သည် ရာထူးသက်တမ်းမကုန် ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာ ထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ် ထွက်လိုကြောင်း နိုင်ငံတော် သမ္မတထံ စာဖြင့်တင်ပြပြီး နုတ် ထွက်နိုင်ကြောင်း ဖော်ပြထား သည်။

မွန်ပြည်နယ် ၀န်ကြီးချုပ်  သည် ၀န်ကြီးချုပ်တာဝန်ယူခဲ့ သည့်ကာလအတွင်းလွှတ်တော် အစည်းအဝေးတက်ရန် ပျက် ကွက်ခြင်း၊ ပြည်နယ်စီမံကိန်း ကော်မတီဖွဲ့စည်းရာတွင် စီးပွား ရေးလုပ်ငန်းရှင်အချို့ကို ထည့် သွင်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် မကြာခဏတွေ့ဆုံခြင်း နှင့်ပတ်သက်၍ ပြည်သူလူထု ကြား ဝေဖန်ခံနေရပြီး လူမှုရေး ကိစ္စနှင့်ပတ်သက်၍ သတင်း ထွက်ပေါ်နေမှုအပေါ်မှာလည်း ဝေဖန်မှုများရှိနေသည်။

မွန်ပြည်နယ် လွှတ်တော်မှ အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးကလည်း မွန်ပြည် နယ်ဝန်ကြီးချုပ်အား တိုင်ကြား မှု တွင် လူ မှုရေးကိစ္စများနှင့်သက်ဆိုင်သည် ဟု ကြားသိရကြောင်း၊ လွှတ် တော်နှင့် အစိုးရအကြား ပြေပြေ လည်လည်ညှိနှိုင်းဆောင်ရွက် ခြင်းများကိုသာ လိုလားကြောင်း ယခုနှစ်ဆန်းပိုင်းတွင် ပြောကြား သည်။

ထို့အပြင် ချောင်းဆုံတံတား ကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပြောင်းလဲခြင်းကြောင့် တိုင်းရင်းသာများနှင့် ဒေသခံများ ကလည်း ဝေဖန်မှုများရှိသည်။

‘‘နုတ်ထွက်စာတင်မယ်ဆို တာ သတင်းတွေကြားနေရတယ်။ အ မှန်တကယ်တော့ ပေးထွက်ချင် တယ်။ ၀န်ကြီးချုပ်သက်တမ်းမှာ တခြားပြည်နယ်နဲ့ တိုင်းတွေလို ထူးထူးခြားခြားလုပ်တာဘာမှမရှိ သေးဘူး။ ပြဿနာတက်တာပဲ ကြားနေရတယ်။ အခုနုတ်ထွက် စာတင်တော့မယ်ဆိုတော့ သူ့အ စားစိတ်တော့မကောင်းပါဘူး’’ဟု မော်လမြိုင်မြို့ခံ ဦးရာဇကပြော သည်။

သမ္မတဦးထင်ကျော်အမည် စာရင်းတင်သွင်းခန့်အပ်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး သည် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်(၂) နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်နယ်လွှတ်တော်နေရာ၌ အနိုင်ရရှိခဲ့ပြီး ဖေဖော်ဝါရီ၈ရက်တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး ပထမဆုံးနေ့တွင် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးခန့်အပ်ခြင်းခံရသည်။ ၎င်း သည် ၈၈အရေးတော်ပုံလှုပ်ရှားမှု တွင် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိ ၌ ဘီးလင်းမြို့နယ် NLDပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

===================
251/End