၂၂ ဖေဖော်ဝါရီ ၂၀၁၇ - ၀၅:၅၈

နုတ်ထွက်စာတင် ထားသော မွန်ပြည်နယ်ဝန်ကြီး ချုပ်ရာထူးအတွက် ကျိုက်ထိုအ မှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးဇံ ကို ထောက်ခံထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်း ခေါင်းဆောင်ဦးဝင်းထိန်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နုတ်ထွက်စာတင်  ထားသော မွန်ပြည်နယ်ဝန်ကြီး ချုပ်ရာထူးအတွက် ကျိုက်ထိုအ မှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးဇံ ကို ထောက်ခံထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်း ခေါင်းဆောင်ဦးဝင်းထိန်က ပြော ကြားသည်။

ထို့ကြောင့် ဒီချုပ်အစိုးရ လက်ထက် ပထမဆုံးပြည်နယ် ၀န်ကြီးချုပ် အပြောင်းအလဲကို တွေ့မြင်ရတော့မည်ဖြစ်သည်။

နုတ်ထွက်သွားသော ၀န် ကြီးချုပ် ဦးမင်းမင်းဦး နေရာအ တွက် ခန့်အပ်ရန်လျာထားခြင်းရှိ၊ မရှိသတင်းထောက်များ၏ မေး မြန်းမှုကို ဖေဖော်ဝါရီ ၂၀ရက်တွင် ဦးဝင်းထိန်ကဖြေကြားခဲ့သည်။

ဒေါက်တာ အေးဇံသည် လက်ရှိတွင်  မွန်ပြည်နယ်လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီနှင့် သဘာဝသ ယံဇာတရေးရာ ကော်မတီတို့၏ ဥက္ကဋ္ဌဖြစ်သည်။

၎င်းသည် ဒီချုပ်ပါတီ၏ အမာခံတစ်ဦးဖြစ်ပြီး ၁၉၅၄ တွင် မွေးဖွားခဲ့ရာ ယခုအခါ (၆၃) နှစ်ရှိ ပြီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ကျိုက်ထို မဲဆန္ဒနယ်မှ ရွေး ကောက်ခံအမတ်ဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ နောက် ပိုင်း သစ်တောမြေတွင် ရော်ဘာ စိုက်ပျိုး၍ဟုဆိုကာ ထောင်ငါးနှစ် ကျခဲ့သည်။

ဒီချုပ်၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ခဲ့သူ ဒေါက်တာအေးဇံသည် ၂၀၁၂တွင် ဒီချုပ်ပါ တီညီလာခံကျင်းပစဉ် ကျိုက်ထို မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရသည်။

ဆရာဝန်အလုပ်ဖြင့် အ သက်မွေးခဲ့သူ ဒေါက်တာအေးဇံ သည် မုဒုံဇာတိဖြစ်ကာ အိမ် ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသုံး ဦးနှင့် သမီးတစ်ဦးရှိကာ လက်ရှိ တွင် ကျိုက်ထိုမြို့တွင် နေထိုင် လျက်ရှိသည်။

ဒေါက်တာ အေးဇံသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင် ဘက် ခြောက်ဦးကို ကျော်ဖြတ်ပြီး ကျိုက်ထိုမဲဆန္ဒနယ်(၂)၏ ခိုင်လုံ မဲ ၆၀ရာခိုင်နှုန်းရရှိခဲ့သည်။

‘‘မွန်ပြည်နယ်လွှတ်တော်မှာ တော့ သူက၀ါအရင့်ဆုံးပေါ့’’ဟု ၎င်း၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် လည်းဖြစ်သည့် ကျိုက်ထိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာခင်ဆောင်ကပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဒီ ချုပ်အနိုင်ရပြီးနောက် မွန်ဝန်ကြီး ချုပ်နေရာကို ဒေါက်တာအေးဇံကို ခန့်အပ်မည်ဟု ရေပန်းစားခဲ့သော် လည်း လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ ဦးမင်းမင်းဦး က အံ့အားသင့်ဖွယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်ရာထူးသာမက စည်ပင်နှင့်ဆောက်လုပ်ရေးဝန် ကြီးရာထူးများကိုပါ ရယူခဲ့သူဦး မင်းမင်းဦးသည် တာဝန်ထမ်း ဆောင်စဉ်အတွင်း တိုင်ကြားခံရမှုအမြောက်အမြားရှိခဲ့ပြီး သက်တမ်းတစ်နှစ်မပြည့်မီ နုတ်ထွက်စာတင်ခဲ့သည်။

သို့သော် ဦးမင်းမင်းဦးသည်  ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဆက်ရှိနေမည်ဖြစ် ကြောင်း ဗဟိုအတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ သမ္မတက ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦးကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ပြီး ပြည်နယ်လွှတ်တော်၏ သဘော တူညီမှုကို ရယူခန့်အပ်ရမည်ဖြစ် သည်။

သို့ဖြစ်ရာ မွန်ပြည်နယ်လွှတ် တော်၏ အမတ်နေရာ ၃၁နေရာ အနက် ဒီချုပ်က ၁၉နေရာရှိနေရာ လွှတ်တော်၏ သဘောတူညီချက် ကို ရယူရန်ခက်ခဲမည်မဟုတ်ပေ။ မြန်မာနိုင်ငံရှိ လွှတ်တော်ဥက္ကဋ္ဌ များအနက် တစ်ဦးတည်းသော အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌ သည်  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိဖြစ်သည်။

===================
251/End