အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံခြားခရီးသွားများ အဓိက ၀င်ထွက်ရာမြို့ဖြစ်သည့် ရန်ကုန်မြို့ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Yangon Tourism Master Plan တစ်ရပ်ရေးဆွဲနေကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး Master Plan ရေးဆွဲထားပြီးဖြစ်သော်လည်း ရန်ကုန်မြို့အတွက်သီးသန့် Mas-ter Plan တစ်ရပ် မရှိသေးသဖြင့် ယခုကဲ့သို့ရေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း
မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA)ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
‘‘ရန်ကုန် Tourism Master Plan ရေးနေပြီ။ တစ်နိုင်ငံလုံးအ တွက် ရေးထားတာရှိပေမယ့် ရန် ကုန်အတွက်တော့ မရှိသေးပါဘူး။ ဒါကြောင့် ရန်ကုန်မြို့အတွက်အဓိကထား ရေးဆွဲမှာပါ’’ဟု ဦးသက်လွင်တိုးကပြောသည်။
ရန်ကုန်မြို့ ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဟိုတယ်နှင့် ခရီးသွားလာရေးကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်နေသော ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
ပြင်သစ်သံရုံးနှင့် ပူးပေါင်း ပြုလုပ်ခဲ့သော ၀ါးရုပ်သေးရုပ်ကြီး နှစ်ရုပ်ဖြင့် လှည့်လည်ဖျော်ဖြေခဲ့ သည့် မင်္ဂလာပါအစီအစဉ်နှင့် ဗြိတိသျှသံရုံးနှင့် ပူးပေါင်းပြုလုပ် ခဲ့သော My Yangon, My Home (Night Life) ညဈေးတန်း
အစီအစဉ်များသည် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သောခရီးသွား မြှင့်တင်ရေးအစီအစဉ်များဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့ကပြောသည်။
ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ တည်းခိုရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် နည်း ဥပဒေတစ်ရပ် ရေးဆွဲရေး၊ ဆိပ်ကမ်းအနီးရှိ ရှေးဟောင်း ဂိုဒေါင်များကို အနုပညာနှင့် ပတ်သက်သော
နေရာများအဖြစ် ပြောင်းလဲရေး၊ ရန်ကုန်တိုင်းအတွင်းရှိ ကျေးလက် ဒေသအချို့ကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) အဖြစ် ဆောင်ရွက်ရေးတို့ကို လုပ်ဆောင် နေကြောင်း နော်ပန်းသဉ္ဇာမျိုးက ပြောကြားထားသည်။
===================
251/End
၂၂ ဖေဖော်ဝါရီ ၂၀၁၇ - ၀၇:၁၉
News ID: 813349
နိုင်ငံခြားခရီးသွားများ အဓိက ၀င်ထွက်ရာမြို့ဖြစ်သည့် ရန်ကုန်မြို့ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Yangon Tourism Master Plan တစ်ရပ်ရေးဆွဲနေကြောင်း သတင်းရရှိသည်။