အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့မြောက်ပိုင်း ခရိုင်ရှိအချုပ်ခန်းများနှင့် အကျဉ်း စခန်းများတွင် ထားရှိသော အ ကျဉ်းသားများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်က သွားရောက်စစ်ဆေးရာ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ နှင့် နှိပ်စက်ခံရမှုများ တွေ့ရှိခြင်း မရှိကြောင်း မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် လှည်းကူးမြို့နယ်ရှိ လှည်းကူးမြို့ မရဲစခန်းနှင့် တရားရုံးရှိ အချုပ် ခန်း၊ မင်းကုန်းစိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှုအတတ်သင်စ ခန်းနှင့် လှေလှော်အင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် အသက်မွေး မှုအတတ်သင်စခန်းတို့ရှိ အကျဉ်း သားများကို သွားရောက်စစ်ဆေး အပြီးတွင် ဒေါက်တာမြင့်ကြည် က သတင်းထောက်များအား အ ထက်ပါအတိုင်း ပြောကြားခဲ့ သည်။
‘‘သူတို့တွေကို တွေ့တဲ့အခါ မှာ မင်းတို့ပွင့်ပွင့်လင်းလင်းပြော၊ ကြောက်စရာမလိုဘူး၊ အရေးယူ ခြင်းမခံရဘူး။ သူတို့ရှေ့မှာလည်း ပြောနေတာပါ။ ဒါကို သုံးကြိမ်သုံး ခါမေးတယ်။ ပြောတယ်။ ပြီးရင် သီးခြားတင်ပြချင်တဲ့သူရှိလား၊ ရှိ ရင် တင်ပြပါ။ အဲဒီတင်ပြတဲ့သူကို ဘာမှ အရေးယူခြင်းမဆောင်ရွက် ရဘူးဆိုတာ ဆရာတို့က ကော်မ ရှင်ဥပဒေမှာလည်း ရှိတယ်။ ဒီမှာ အဲဒီလိုတွေမေးလိုက်တဲ့အခါကျ တော့ ဒါတွေမရှိပါဘူးလို့ ပြော တယ်။ အဲဒါက သူတို့ဖြေတာ။ သူ တို့အပေါ်မှာမူတည်ပြီးတော့ မေး တယ်။ အဆင်ပြေပြေစားရ သောက်ရတာရှိတယ်။ နှိပ်စက် တာမရှိပါဘူးလို့ သူတို့ဖြေကြားပါ တယ်’’ဟု ဒေါက်တာမြင့်ကြည်က ပြောကြားသည်။
အကျဉ်းသားများကို ကော်မ ရှင်က ထောင်အာဏာပိုင်များမပါ ၀င်ဘဲ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ ကြောင်း ဦးမြင့်ကြည်ကပြော သည်။
လိုက်လံစစ်ဆေးတွေ့ရှိချက် များကို မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်က အစီ ရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘အကျဉ်းထောင်ပဲဖြစ်ဖြစ်၊ ထောင်ဆိုတဲ့ဟာက ကိုယ့်အိမ် လိုတော့ မကောင်းဘူးပေါ့နော်။ သူတို့ကိုကြည့်ရတဲ့အခါမှာ သူ တို့က စိတ်ထဲက တုန်လှုပ်ချောက် ချားတဲ့အမူအရာတွေ၊ စိတ်ချောက် ချားပြီးလန့်တဲ့ပုံမျိုးတွေ အဲဒီလို ဟာမျိုးတွေ မတွေ့ရဘူး။ ပုံမှန် ဟာမျိုးပဲ တွေ့ရတယ်’’ဟု ဒေါက် တာမြင့်ကြည်ကပြောကြားသည်။
လှေလှော်အင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးမှု အ တတ်သင်စခန်းတွင် အကျဉ်းသား ၃၀၀ ခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာ ရေးစောင့်ရှောက်မှုများ၊ စား သောက်မှုနှင့် နေထိုင်မှုပုံစံများ ကောင်းမွန်စွာထားရှိကြောင်း ယင်းစခန်းတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင်၏ တွေ့ရှိ ချက်များသည် နိုင်ငံရေးအကျဉ်း သား ကူညီစောင့်ရှောက်ရေးအ သင်း(AAPP)က ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၅ ရက်တွင်ထုတ် ပြန်သည့် မြန်မာနိုင်ငံ၏ အကျဉ်း ထောင်အခြေအနေနှင့် အကျဉ်း ထောင်စနစ် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာဖော်ပြချက်နှင့် ကွဲလွဲ မှုများရှိနေသည်။
မြန်မာနိုင်ငံအကျဉ်းထောင် များရှိ အကျဉ်းသားများကို ကုလ သမဂ္ဂကထုတ်ပြန်ထားသည့် စံ ချိန်စံညွှန်းများအတိုင်း ထားရှိ ခြင်းမရှိသကဲ့သို့ လက်ရှိအကျဉ်း ထောင်များတွင် အကျဉ်းသားဦး ရေ အဆမတန်များပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုအ ပိုင်း၌ အားနည်းမှုများရှိနေ ကြောင်း မြန်မာနိုင်ငံ၏ အကျဉ်း ထောင်အခြေအနေနှင့် အကျဉ်း ထောင်စနစ် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာက ဖော်ပြထား သည်။
မြန်မာနိုင်ငံတွင် အကျဉ်း ထောင် ၄၃ ခုနှင့် ရဲဘက်စခန်း ၅၀ကျော်ရှိပြီး လက်ရှိတွင် အ ကျဉ်းသားဦးရေ ၆၀,၀၀၀ ခန့်ရှိ ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားသည်။ အကျဉ်းသားများ အနက် အမျိုးသမီးအကျဉ်းသား ဦးရေသည် ၁၆ ရာခိုင်နှုန်းကျော်ရှိ ပြီး အသက်မပြည့်သေးသည့် ကလေးသူငယ်အကျဉ်းသားဦး ရေ ၁ ရာခိုင်နှုန်း ပါဝင်နေကြောင်း အစီရင်ခံစာကဆိုသည်။
အကျဉ်းထောင်များတွင် အ ကျဉ်းသားများ ထားရှိနိုင်မည့် နှုန်း ထား ၁၀၀ ရာခိုင်နှုန်းသာ ထားရှိ ရမည်ဖြစ်သော်လည်း လက်ရှိ၌ အကျဉ်းသား ၁၄၄ ဒသမ ၃ ရာ ခိုင်နှုန်းအထိ ကျော်လွန်ထားရှိနေ သည်ဟု အစီရင်ခံစာ၌ ထောက် ပြသည်။
စစ်ကိုင်းတိုင်းရှိ ခန္တီးအကျဉ်း ထောင်သည်ဦးရေ ၃၀၀ ခန့်သာ ဆံ့သော်လည်း အကျဉ်းသား ၆၈၈ ဦးအထိထားရှိနေပြီးကယား ပြည်နယ်ရှိ လွိုင်ကော်အကျဉ်း ထောင်သည် အကျဉ်းသား ၄၀၉ ဦးသာဆံ့သော်လည်း အကျဉ်း သား ၅၁၈ဦးအထိ ကျော်လွန် ထားရှိကြောင်း AAPP ၏ အစီရင် ခံစာကဖော်ပြထားသည်။
===================
251/End
ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ အချုပ်ခန်းနှင့် အကျဉ်းစခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မရှိကြောင်း ကော်မရှင်ပြော
၂၃ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၁၆
News ID: 813698
ရန်ကုန်မြို့မြောက်ပိုင်း ခရိုင်ရှိအချုပ်ခန်းများနှင့် အကျဉ်း စခန်းများတွင် ထားရှိသော အ ကျဉ်းသားများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်က သွားရောက်စစ်ဆေးရာ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ နှင့် နှိပ်စက်ခံရမှုများ တွေ့ရှိခြင်း မရှိကြောင်း မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်က ပြောကြားသည်။