၂၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၆:၃၈
သိမ်းဆည်းခံလယ်ယာမြေများ ပြန်ပေးရန် မြို့နယ် ၁၈မြို့နယ်မှ တောင်သူများ မန္တလေးတွင် ဆန္ဒထုတ်ဖော်

မန္တလေးတိုင်းဒေသကြီး အတွင်း သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်ပေးရန်နှင့် တောင်သူများအား တရားစွဲဆို ထားသည့်အမှုများ ပြန်လည်ရုပ် သိမ်းပေးရန် မြို့နယ် ၁၈ မြို့နယ် မှ တောင်သူများက မန္တလေးမြို့ စန္ဒာမုနိဘုရား အနောက်ဘက် တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်းဒေသကြီး အတွင်း သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်ပေးရန်နှင့် တောင်သူများအား တရားစွဲဆို ထားသည့်အမှုများ ပြန်လည်ရုပ် သိမ်းပေးရန် မြို့နယ် ၁၈ မြို့နယ် မှ တောင်သူများက မန္တလေးမြို့ စန္ဒာမုနိဘုရား အနောက်ဘက် တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေးခရိုင်ရှိ မြို့နယ် ၁၈ မြို့ နယ်မှ တောင်သူ ၃၀၀ ခန့်သည် သိမ်းဆည်းထားသည့် မြေယာ များ ပြန်လည်ပေး ရန် ဖေဖော်ဝါရီ ၂၄ ရက်က စန္ဒာမုနိဘုရားအ နောက်ဘက်၌ ဆန္ဒပြတောင်း ဆိုခဲ့သည်။

‘‘မြေသိမ်းခံတောင်သူတွေ ကို မတရားဖမ်းဆီးထောင်ချတာ တွေ အမြန်ဆုံးလွှတ်ပေးဖို့၊ တောင်သူတွေကို ဓားပြမှု၊ လု ယက်မှုတွေ စွဲဆိုတာတွေလွဲမှား နေတယ်။ ကျွန်တော်တို့ မတ္တရာ မြို့နယ်၊ စဥ့်ကူးမြို့နယ်မှာတင် သိမ်းဆည်းထားတဲ့လယ်ယာမြေ သုံးသိန်းကျော်ရှိတယ်’’ဟု မတ္တ ရာမြို့နယ် လယ်ယာမြေသိမ်း ဆည်းခံတောင်သူ ဦးရဲရင့်အောင် ကပြောသည်။ အစိုးရက လုပ်ပိုင်ခွင့်ပေးထာသည့် ကုမ္ပဏီများကမြေသိမ်းခံတောင်သူများကို တရားစွဲဆိုနေပြီး ပြစ်မှုပုဒ်မ ၅၀၅၊ ပုဒ်မ ၁၈၊ ၄၄၇ နှင့်တရားမမှုများဖြင့် တရားစွဲဆို၍ ဖမ်းဆီးထောင်ချမှုများရှိနေကြောင်း ဆန္ဒပြတောင်သူများကပြောသည်။

‘‘၂၀၁၂ လယ်ယာမြေဥပဒေ ပေါ်ကတည်းက တောင်သူတွေကို တန်းစီထောင်ချနေတာ။ အဲဒီဥပ ဒေကို ပြင်ရမယ်။ လယ်ယာမြေ ဥပဒေမှာပါတဲ့ သိမ်းဆည်းမြေနဲ့ ပတ်သက်ပြီး တောင်သူတွေ စီမံ ကိန်းမအောင်မြင်ရင် ပြန်ပေးရ မယ်ပြောတယ်။ မြေလွတ်မြေရိုင်း မှာ လျှောက်ထားတဲ့ ခရိုနီကြီးတွေ ကို သွားပေးတယ်။ မူလတောင် သူတွေက ပြန်တောင်းတဲ့အချိန် မှာ ပြဿနာတွေဖြစ်တယ်။ ဥပ ဒေနှစ်ခုကို တစ်ခုတည်းပေါင်းပြီး မပြင်ဆင်ရင် ဘယ်တော့မှ ပြီးဆုံး မှာမဟုတ်ပါဘူး’’ဟု တောင်သူ များအား လိုက်ပါဆောင်ရွက် ပေးနေသည့် အထက်တန်းရှေ့နေ တစ်ဦးက ပြောသည်။

ဆန္ဒပြတောင်းဆိုပွဲတွင် တောင်သူများ ယခင်လုပ်ကိုင်ခဲ့ သည့် လယ်ယာမြေများ ပြန်လည် ပေးအပ်ရန်၊ ဒေသခံတောင်သူ များ မတရားစွပ်စွဲခံရသည့်ကိစ္စ ဖြေရှင်းပေးရန်၊ တောင်သူလယ် သမားများကို အထက်ပိုင်းအရာ ရှိကြီးများက ဖိနှိပ်ချုပ်ချယ်အနိုင် ကျင့်မှုများ ချက်ချင်းရပ်ပေးရန် စသည့်အချက်များ တောင်းဆိုခဲ့ သည်။

===================
251/End