အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
YBS စနစ်သည် မထသ စနစ်ထက် အခြေအနေ ပို၍ဆိုး ရွားနေသည်ဟု ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦး ဆောင်ကျင်းပသည့် ‘ရန်ကုန်ခရီး သွား တို့အလေးထား’ ခေါင်းစဉ် ဖြင့် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူအများစုက ဝေ ဖန်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် ဘတ်စ်ကားစနစ်အ သစ်ကို ကြိုတင်လေ့လာဆန်းစစ်မှု အားနည်းစွာ စတင်ခဲ့ခြင်း ကြောင့် လက်ရှိတွင် ခရီးသွားများသည် အဆင်မပြေမှုများစွာနှင့် ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက်က Melia ဟိုတယ်၌ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူ အများစုက ပြောကြားခဲ့သည်။
‘‘စနစ်ကို အဆင့်ဆင့်ပြောင်း လဲမှသာ ပြည်သူတွေ ဒုက္ခရောက် မှုက လွတ်ကင်းစေမှာ ဖြစ်ပါ တယ်။ တိုးတက်မှုအနေနဲ့ အခုထိ တော့ တစ်ခုမှတွေ့သေးဘူး။အခု တစ်လကျော်ပြီ။ ကားမှတ်တိုင် တွေမှာ ခရီးသည်တွေ ပြုံနေတုန်း ပဲ’’ဟု ဦးဆောင်ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာရှင် ဒေါက်တာရဲအောင်က ပြော ကြားသည်။
YBS စနစ်ပြောင်းလဲရာတွင် အများပြည်သူ၏ သဘောထား များကို တောင်းခံမှုမရှိခြင်း၊ ကြို တင်ပြင်ဆင်ဆောင်ရွက်မှု အား နည်းခြင်း၊ စီမံခန့်ခွဲမှုအားနည်း ခြင်းနှင့် ဥပဒေသတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်မှုမရှိခြင်း စ သည့် အချက်များရှိခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ များက ထောက်ပြကြသည်။
‘‘မထသစနစ်က စည်းကမ်း တွေ ညံ့ဖျင်းလို့ ပြောင်းလဲခဲ့ပေ မယ့် အခုအချိန်ထိ စည်းကမ်းတွေ ညံ့ဖျင်းနေဆဲပဲ ဖြစ်နေပါတယ်’’ဟု ဆွေးနွေးမှုတွင် ပါဝင်သည့် ယာဉ်ပိုင်ရှင် ဦးမင်းမင်းဦးကဆို သည်။
YBS စနစ်ကို အကောင်အ ထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့(YRTA)ဆိုသည့် အ ဖွဲ့အစည်း၏ အမည်တွင် အာဏာ ပိုင်အဖွဲ့၏ ထည့်သွင်းထားခြင်းသည် တည်ဆဲဥပဒေ သတ်မှတ်ချက်များနှင့် ကွဲလွဲနေသည်ဟု ဦးဆောင်ဆွေးနွေးရာတွင် ပါဝင်သည့် တရားလွှတ်တော်ရှေ့နေဦးဝင်းထိန်ကဆိုသည်။
‘‘၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ဥပဒေမှာဆိုရင်လည်း ကြီးကြပ် ကွပ်ကဲမှုလို့ပဲသုံးထားတယ်။ အာ ဏာပိုင်အဖွဲ့ရယ်လို့မဖော်ပြထား ဘူး။ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့လို့ သုံးရင် လုံလောက်ပြီ။ ပယ်ဖျက် ပြီးဖြစ်တဲ့ ဥပဒေမှာတော့ အာ ဏာပိုင်အဖွဲ့ရယ်လို့ပါတယ်။ တ ကယ်လို့ အဲဒီအသုံးအနှုန်းသုံးမယ် ဆိုရင်တော့ တည်ဆဲဥပဒေကို ပြင်ဆင်ဖြည့်စွက်တာမျိုး အရင် လုပ်ရမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ဆွေးနွေးပွဲသို့ တက်ရောက် လာသူများက လက်ရှိစနစ်မှာ ၎င်းတို့အတွက် အဆင်ပြေမှုမရှိခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများအသံကို နားထောင်ရန်လိုကြောင်း ပါဝင် ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ရန်ကုန်တိုင်းဒေသကြီး) က ဦးဆောင်ပြုလုပ်သည် ဆိုသော် လည်း ပါဝင်ဆွေးနွေးသူများသည် ပါတီကို ကိုယ်စားပြု၍ ပြောကြားခြင်းမဟုတ်ဟု ဒေါက်တာရဲ အောင်ကဆိုသည်။
၎င်းက YBS စနစ်သည် အောင်မြင်မှုမရှိနိုင်ဟုမဆိုလိုဘဲစနစ်တကျ တစ်ဆင့်ချင်းပြောင်းလဲမှုမရှိပါက အစိုးရက မူလခန့်မှန်းထားသည့် အောင်မြင်မှုရရှိနိုင်မည်ဆိုသည့် အချိန်ထက် ပိုမိုအချိန်ယူရနိုင်သည်ဟု ထင်မြင်ကြောင်း ဆွေးနွေးပွဲအပြီး 7Day Daily သတင်းစာ၏ မေးမြန်းချက်အပေါ် ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီိး ၀န် ကြီးချုပ်က YBS စနစ်ကို သတ်မှတ် ကာလဖြတ်ပိုင်းများဖြင့် တစ်ဆင့် ချင်း အဆင့်မြှင့်တင်မှုပြုလုပ်မည်ဖြစ်ပြီး တစ်နှစ်အကြာတွင် နိုင်ငံတကာအဆင့်သို့ ရောက်ရှိမည်ဟု အာမခံပြောကြာထားသည်။
အဆိုပါ ဆွေးနွေးပွဲသည် YBS ဘတ်စ်ကားပြေးဆွဲမှုစတင် သည့်ရက်ပေါင်း ၄၀ ကြာပြီး ကြား ဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ၃၅ ရက်အလိုတွင် ပြုလုပ်သောပွဲ ဖြစ်သည်။
YBS စနစ်ကို ဇန်န၀ါရီ ၁၆ ရက်က စတင်ပြေးဆွဲခဲ့ပြီး ယင်းစနစ်စတင်သည့် ရက်ပိုင်းကာလအတွင်း ခရီးသွားများ အဆင်ပြေစေရန် လက်ရှိအာဏာရပါတီဝင်များ၊ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် စေတနာရှင်များက ပါဝင်ကူညီခဲ့ကြသည်။
အတိုက်အခံပါတီက ဦးဆောင်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ပြောကြားချက်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းရာ မရရှိသေးပေ။
YBS ဘတ်စ်ကားစနစ် အ ပြောင်းအလဲကို ၎င်းတို့အနေဖြင့် တာဝန်ယူလုပ်ကိုင်ခွင့်ရရှိမည်ဆို ပါက ပြည်သူအများစု ပါဝင်ခွင့်ရ ရှိအောင် လုပ်ဆောင်မည်ဖြစ်ပြီး ဘတ်စ်ကားများနှင့် ပတ်သက် သော ဥပဒေများကို အရင်ဆုံး တိ ကျစွာရေးဆွဲချမှတ်မည်ဟု ဒေါက်တာ ရဲအောင်ကပြောသည်။
‘‘ကျွန်တော့်အနေနဲ့ဆိုရင် တစ်ဆင့်ချင်းပြောင်းမယ်။ ယာဉ် စည်းကမ်းလမ်းစည်းကမ်း လိုက် နာရမယ့် ဥပဒေတွေ ရေးဆွဲရ မယ်။ ပြီးတော့ မော်တော်ယာဉ် တွေမှာဖြစ်နေတာ ဥပဒေ၊ ယာဉ် မောင်းတွေ လိုက်နာရမယ့်ဥပဒေ၊ ယာဉ်ကို လိုက်ပါစီးနင်းသူတွေ လိုက်နာရမယ့်ဥပဒေတွေ လို တယ်။ ယာဉ်တိုက်မှုဖြစ်တာ၊ရိုက် ကြနှက်ကြတယ် ဆိုတာတွေက ဥပဒေအားသာချက်နည်းလို့ ဖြစ် နေတာ။ ဒီဥပဒေတွေကို ကျော သားရင်သားမခွဲဘဲ လိုက်နာဆောင်ရွက်မယ်ဆိုရင် မထသမှာလည်း ဒီပြဿနာတွေရှိမှာမဟုတ်ဘူး။ ထိုနည်းလည်းကောင်း YBSလည်း ဥပဒေတိတိကျကျလိုက်နာမှုလိုတယ်’’ဟု ၎င်းကဆိုသည်။
===================
251/End
၂၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၁၃
News ID: 814092
YBS စနစ်သည် မထသ စနစ်ထက် အခြေအနေ ပို၍ဆိုး ရွားနေသည်ဟု ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦး ဆောင်ကျင်းပသည့် ‘ရန်ကုန်ခရီး သွား တို့အလေးထား’ ခေါင်းစဉ် ဖြင့် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူအများစုက ဝေ ဖန်ပြောကြားသည်။