၂၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၀၉
လက်ရှိပညာရေးစနစ်သည် နယ်ပယ်ကိုးခုတွင် အဓိကစိန်ခေါ်မှုများ ရင်ဆိုင်နေရ

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် လတ်တလောတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အဓိကစိန်ခေါ်မှု နယ်ပယ်ကိုးခုရှိနေကြောင်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ စာတမ်း တွင် ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် လတ်တလောတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အဓိကစိန်ခေါ်မှု နယ်ပယ်ကိုးခုရှိနေကြောင်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ စာတမ်း တွင် ဖော်ပြထားသည်။

မူကြိုနှင့် သူငယ်တန်းပညာ ရေး၊ အခြေခံပညာရေး၊ သင်ရိုး ညွှန်းတမ်း၊ စာမေးပွဲများကျင်းပ ခြင်း၊ ဆရာအတတ်ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ နည်း ပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေးတို့တွင် ကြုံ တွေ့နေရသော စိန်ခေါ်မှုများကို စီမံကိန်းစာတမ်းတွင် ရှင်းလင်း ဖော်ပြထားသည်။


ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခမဲ့အခြေခံပညာရေးကိုအကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း မူလတန်းမှ အလယ်တန်းနှင့် အလယ်တန်းမှ အထက်တန်းသို့ အကူးအပြောင်း တွင် ကျောင်းထွက်နှုန်းမြင့်မားနေ သည်ဟုဆိုသည်။

 လက်ရှိအခြေအနေသည် သင်ကြားသင်ယူမှု၊ စစ်ဆေးမှုတို့ တွင် အလွတ်ကျက်မှတ်ဖြေဆိုမှုအပေါ် အလေးပေးနေသော ကြောင့် သင်ယူစဉ်စစ်ဆေးအကဲ ဖြတ်ခြင်း၊ သင်ယူအပြီး စစ်ဆေး အကဲဖြတ်ခြင်းနှစ်မျိုးကို မျှတစွာ ပေါင်းစပ်ကျင့်သုံးသော စနစ်တစ် ရပ်ချမှတ်ရန် အရေးတကြီး လို အပ်နေကြောင်း ထင်ရှားနေသည် ဟု စီမံကိန်းစာတမ်းတွင် သုံးသပ် ထားသည်။

‘‘စာမေးပွဲစနစ် ပြောင်းလဲ ကျင့်သုံးဖို့ စီမံကိန်းမှာ ပါဝင်လာ တာက ကောင်းမွန်တဲ့ အချက်ပါ ပဲ။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတဲ့ စီမံကိန်းတွေတော့ ပါဝင်လာတာ မတွေ့ရသေးပါဘူး’’ ဟု ပညာရေးပြုပြင်ပြောင်းလဲမှု အတွက် ဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆင့်မြင့် ပညာရေးနယ် ပယ်တွင် သမားရိုးကျ ဗဟိုဦးစီး စနစ်ပုံစံမှ လုပ်ငန်းစွမ်းဆောင်နိုင် မှု၊ တာဝန်ခံမှုနှင့် ကိုယ်ပိုင်စီမံခန့် ခွဲမှုကို ဦးစားပေး၍ လုပ်ငန်းတာ ၀န် ခွဲဝေဆောင်ရွက်သောပုံစံသို့ ပြောင်းလဲရန် လိုအပ်နေသည်ဟု အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း၊ လက်ရှိပညာရေးစနစ်၏ အဓိကစိန်ခေါ်မှုများအခန်း တွင် ဖော်ပြထားသည်။

‘‘ပညာရေးမှာ အပြောင်းအ လဲမရှိဘူးလို့ ခံစားရတယ်။ ဗဟို ဦးစီးစနစ်က ရှိနေတုန်းပါပဲ’’ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ် ဦးကပြောသည်။

 မြန်မာနိုင်ငံ၏ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)ကို ဒီ ချုပ်အစိုးရက စတင်မိတ်ဆက် ပြီး လက်ရှိပညာရေးစနစ်၏ အဓိက စိန်ခေါ်မှုများကို သုံးသပ်ဖော်ပြထားခြင်းဖြစ်သည်။

===================
251/End