အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နီပေါ-တရုတ် ဖက်စပ်လေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ ဟိမဝန္တာလေကြောင်းလိုင်း (Himalaya Airlines) ဟာ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။
ဒါဟာ စတုတ္ထမြောက်ပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်တခုဖြစ်ပြီး နှစ်ပေါင်း ၂၀ ကြာ ကာလအတွင်း နှစ်နိုင်ငံကြား တိုက်ရိုက်ပြန်လည်ပြေးဆွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ အင်တာနက်စာမျက်နှာသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဟိမဝန္တာလေကြောင်းလိုင်း ဒုတိယဥက္ကဋ္ဌ ဗီဂျေး ရှရက်စ်သာက “လေကြောင်းလိုင်းအနေနဲ့ နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် တခြားအာရှဒေသတွင်း လေကြောင်းချိတ်ဆက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ခဲ့တဲ့အတိုင်း ခုလို မှတ်တိုင်စိုက်ထူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံကြား ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ခုလို တိုက်ရိုက် လေကြောင်းခရီးစဉ် ရှိလာတဲ့အတွက် မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့ လုမ္ဗနီဒေသကို လွယ်လွယ်ကူကူ သွားရောက်ဖူးမြော်နိုင်မှာဖြစ်တယ်လို့ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ခတ္တမန္ဒူ လေဆိပ်ကြား တနင်္လာနေ့နဲ့ သောကြာနေ့တွေမှာ တပတ်ကို ၂ ကြိမ် ပျံသန်းပေးဆွဲပေးနေတာ ဖြစ်ပါတယ်။
===================
251/End
၂၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၂၁
News ID: 814546
နီပေါ-တရုတ် ဖက်စပ်လေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ ဟိမဝန္တာလေကြောင်းလိုင်း (Himalaya Airlines) ဟာ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။