အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂလူ့အခွင့်အ ရေးကောင်စီသည် မြန်မာ့လူ့ အခွင့်အရေးမှတ်တမ်းကို စုံစမ်း ရန် ကော်မရှင်တစ်ခု ဖွဲ့စည်းရ မည်ဖြစ်ပြီး မြန်မာခေါင်းဆောင် ကိုလည်း ၎င်း၏ လူအများချီးမွမ်း လေးစားသော အနေအထား ကြောင့် လျှော်မပေးရန် အမေရိ ကန်သမ္မတဟောင်း အိုဘားမား ၏ လူ့အခွင့်အရေးသံတမန် ဟောင်းက ဖေဖော်ဝါရီ ၂၇ ရက် ၌ ပြောကြားသည်။
ဂျီနီဗာအခြေစိုက် ကုလ လူ့ အခွင့်အရေးကောင်စီဆိုင်ရာ အ မေရိကန်သမ္မတအိုဘားမား၏ သံ အမတ်ကြီးအဖြစ် ၂၀၁၄ မှ ၂၀၁၇ ဇန်န၀ါရီအထိ တာဝန် ထမ်းဆောင်သော ကိတ်ဟာပါ က ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (ရိုဟင် ဂျာ) မွတ်စလင်လူနည်းစုများ၏ အတိဒုက္ခကို ထုတ်ဖော်ပြောကြား ရန်ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့ သည်။
အနောက်တိုင်းသံတမန်များ နှင့် လူ့အခွင့်အရေးထောက်ခံ အားပေးသူများသည် ဒေါ်အောင် ဆန်းစုကြည်ကို သူရဲကောင်းတစ် ဦးအဖြစ် ရှုမြင်ကြပြီး မြန်မာကို လွတ်ငြိမ်းခွင့်ပြုနိုင်သည်ဟု မစ္စ တာဟာပါက ဆိုသည်။ ထို့အတူ အမေရိကန်အစိုးရသစ်ကလည်း အခြေအနေ၏ အရေးကြီးမှုနှင့် အခြေအနေဆိုးရွားမှုကို လျှော့ ပေါ့ရှုမြင်နိုင်သည့် အလားအလာ ကိုလည်း ကြောက်ရွံ့မိသည်ဟု ၎င်းကဆိုသည်။
‘‘ကျကျနန အထောက်အ ထား မှတ်တမ်းတင်ထားတဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လိုပဲရှိရှိ သူ့ (ဒေါ်အောင် ဆန်းစုကြည်)ရဲ့ ဒီမိုကရေစီလို လားတဲ့ တိုက်ပွဲဝင်သူအဖြစ် လူ အများချီးမွမ်းလေးစားတဲ့ အနေ အထားကြောင့် ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အစိုးရကို တာဝန်ခံခိုင်းဖို့ တော်တော်များ များအတွက် အခက်အခဲဖြစ်စေ တယ်’’ဟု မစ္စတာဟာပါက ရေး သားသည်။
‘‘သူ့နိုဗယ်ဆုဟာ သင့်တင့် လျောက်ပတ်တဲ့ စိစစ်မှုကနေ ကာကွယ်ပေးထားတဲ့ အဆိုးရွားဆုံးဒိုင်းတစ်မျိုးဖြစ်လာပါပြီ’’ဟု ၎င်းက ဝေဖန်သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်သော သုံးပတ်ကြာမည့် လူ့ အခွင့်အရေးကောင်စီညီလာခံအ တွင်း မြန်မာ့အရေးအချေအတင် ဆွေးနွေးမည်ဟု မျှော်လင့်ထား သည်။ မြန်မာကို အပြည့်အစုံ စုံ စမ်းစစ်ဆေးမှုတစ်ရပ် ညွှန်ကြား သင့်ကြောင်း မစ္စတာဟာပါက ပြောပြီး ယင်းကို ကြောက်မက် ဖွယ် လူ့အခွင့်အရေးအခြေအနေ များအတွက် သီးသန့်အပြင်းစား ဆေးလေးကြီးအဖြစ် တင်စားခဲ့ သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သော ဘင်္ဂါလီ မွတ်စလင် များ၏ သက်သေခံချက်များ အပေါ် အခြေခံထားသော ကုလ လူ့အခွင့်အရေးအစီရင်ခံစာ တစ်စောင်က မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လူသတ်မှု များနှင့် အုပ်စုလိုက် မုဒိမ်း ကျင့်မှုများပါဝင်သော တိုက်ပွဲစဉ် တစ်ခုဖြင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုများ ကျူးလွန်ထားသည်မှာ သေချာသလောက်ဖြစ်ကြောင်း မကြာသေးမီက အစီရင်ခံခဲ့သည်။
လူပေါင်းတစ်ထောင်ကျော် ကို သတ်ဖြတ်ခဲ့သည်ဟု ယုံကြည် ကြောင်း ကုလအဆင့်မြင့်အရာရှိ များက ရိုက်တာအားပြောသည်။
၁၉၉၁ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့်နှစ်က တာဝန်ယူခဲ့ချိန် ၌ လူ့အခွင့်အရေး အကျပ်အ တည်းကို ကိုင်တွယ်မည်ဟု လူ အများစုက မျှော်လင့်မိကြောင်း Just Security အမည်ရှိ အွန် လိုင်းဖိုရမ်ပေါ်တွင် မစ္စတာဟာပါ က ထောက်ပြရေးသားခဲ့သည်။
===================
251/End
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ကုလလူ့အခွင့်အရေးကောင်စီ ကန်သံအမတ်ဝေဖန်
၂၈ ဖေဖော်ဝါရီ ၂၀၁၇ - ၁၃:၅၈
News ID: 814706
ကုလသမဂ္ဂလူ့အခွင့်အ ရေးကောင်စီသည် မြန်မာ့လူ့ အခွင့်အရေးမှတ်တမ်းကို စုံစမ်း ရန် ကော်မရှင်တစ်ခု ဖွဲ့စည်းရ မည်ဖြစ်ပြီး မြန်မာခေါင်းဆောင် ကိုလည်း ၎င်း၏ လူအများချီးမွမ်း လေးစားသော အနေအထား ကြောင့် လျှော်မပေးရန် အမေရိ ကန်သမ္မတဟောင်း အိုဘားမား ၏ လူ့အခွင့်အရေးသံတမန် ဟောင်းက ဖေဖော်ဝါရီ ၂၇ ရက် ၌ ပြောကြားသည်။