အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံရေးဆွေးနွေးပွဲကို ရှောင်လွှဲစေပြီး လက်နက်ဖြုတ် သိမ်းရေးကို အကောင်အထည် ဖော်နေသော ငြိမ်းချမ်းရေးညီလာ ခံ အားကောင်းစေရန် NCA ကို တွန်းအားအဖြစ် အစိုးရနှင့် တပ် မတော်က အသုံးချနေကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO) က ပန်ဆန်း (ပန်ခမ်း)အစည်းအ ဝေးသို့ စာတမ်းတင်သွင်းခဲ့သည်။
ကချင်လွတ်မြောက်ရေးအ ဖွဲ့ (KIO)အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မရေးထိုးသေးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ဖေဖော်ဝါရီ ၂၂ ရက်ကစ၍ ‘ဝ’လက်နက်ကိုင်အဖွဲ့ဌာန ချုပ် ပန်ခမ်းတွင် အစည်းအဝေး ပြုလုပ်လျက်ရှိရာ ကေအိုင်အိုက အဆိုပါအချက်ပါစာတမ်းကို တင်သွင်းခဲ့သည်။
‘‘NCA စာချုပ်ဟာ ရိုးရှင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရှောင်လွှဲသွား စေပြီး လက်နက်ဖြုတ်သိမ်းရေး ကို အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကို အား ကောင်းစေရန် တွန်းအားအဖြစ် မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် က အသုံးချနေကြတယ်’’ဟု ကေ အိုင်အိုဗဟိုကော်မတီက ဆို သည်။
လက်ရှိ ပန်ခမ်းအစည်းအ ဝေး၌ ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး အင်ဘန်လနှင့် ကေအိုင် အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ် ရှောင်တို့ တက်ရောက်နေပြီး ၎င်း တို့သည် ပြီးခဲ့သည့် ပန်ခမ်းထိပ်သီးညီလာခံများ၌လည်း ပါဝင်ခဲ့ သည်။
ပန်ခမ်းအစည်းအဝေးတက် နေသော NCA လက်မှတ်မရေးထိုး သည့်အဖွဲ့တိုင်းသည် နည်းလမ်း အမျိုးမျိုးဖြင့် စစ်ရေး၊ နိုင်ငံရေး ဖိအားပေးခံနေရပြီး နိုင်ငံရေး၊ စစ်ရေး အကျဉ်းအကျပ်အတွင်း ရောက်နေသူများဖြစ်သည်ဟု ကေအိုင်အိုက ဆိုသည်။
NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တက် တက်ကြွကြွ ကြိုးပမ်းဆောင်ရွက် သော်လည်း အားလုံးပါဝင်လက် မှတ်ရေးထိုးခွင့်ကို တပ်မတော်က လက်မခံ၍ အချည်းနှီးဖြစ်ခဲ့ရ သည်ဟု ၎င်းတို့စာတမ်း၌ ပါရှိ သည်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆိုင်းပြီး ရိုးရှင်းသော၊ ကြိုတင် ကန့်သတ်မှုကင်းသော၊ တရား မျှတသော နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာမည်ဟု မျှော်လင့် ကာ ဝိုင်းဝန်းကြိုးပမ်းခဲ့သော်လည်း NCA ချည်နှောင်မှုကြောင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး လမ်းကြောင်း ချဉ်းကပ်ပုံ ဝိဝါဒကွဲပြားစေခဲ့ပြီး အဖွဲ့အချင်းချင်းကြား သဘောထားကွဲပြားစေရေးဖန်တီးခြင်းခံရသည်ဟု ၎င်းတို့က ဆိုသည်။
ပင်လုံစာချုပ်နှင့် ကတိ ကဝတ်ကို အကောင်အထည် မဖော်နိုင်သောကြောင့် တောင် တန်းဒေသတိုင်းရင်းသားများ ဖိနှိပ်ခံဘဝကျရောက်ခဲ့ရပြီး ပင် လုံစာချုပ်ကြောင့် ပြည်တွင်းစစ် မီးတောက်ခဲ့ရသည်ဟု ကေအိုင် အိုက ဆိုသည်။
တိုင်းရင်းသားများနှင့် အစိုး ရကြားဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာအားလုံး၏ အရင်းအမြစ် သည် ပင်လုံစာချုပ်၊ ပင်လုံကတိ ကဝတ်ဖြစ်ပြီး ပင်လုံမူသည် ဖက် ဒရယ်မူဖြစ်သည်ဟု ဆိုသည်။ ယခုအချိန်တွင် ပင်လုံစိတ်ဓာတ် ကို အစိုးရနှင့် တပ်မတော်က လိုသလို အဓိပ္ပာယ်ဖွင့်၍ မူပိုင်ယူ မှုဖြစ်လာသည်ဟု ကေအိုင်အိုက ဝေဖန်သည်။ ထို့အတူ ၂၁ ရာစုပင်လုံသို့ တရားဝင်တက်ရောက် ဆွေးနွေးနိုင်ရန် NCA လမ်း ကြောင်းအတိုင်း သွားရမည်ဆို သော အစိုးရနှင့် တပ်မတော်၏ မူသည် ကန့်သတ်ခွဲခြားမှုဖြစ် သည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည့် ‘ဝ’ (UWSP/UWSA) နှင့် ဒုတိယ အကြီးဆုံးဖြစ်သည့် (KIO/KIA)တို့အပါအဝင် NCA လက်မှတ် မရေးထိုးသောအဖွဲ့များသည် ငြိမ်းချမ်းရေးလမ်းစဉ်သစ်ရှာရန်၊ ပင်လုံစိတ်ဓာတ်ကို နိုင်ငံရေးအဓိပ္ပာယ်ဖွင့်ဆိုချက်သတ်မှတ်ရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ရပ်တည်ချက်ညှိနှိုင်းရန်၊ အစိုးရနှင့် ဆွေးနွေးရေး နည်းဗျူဟာများကို တညီတညွတ်တည်းကျင့်သုံးရန်ဟုဆိုကာ ပန်ခမ်း၌ ဆွေးနွေးလျက်ရှိသည်။
သုံးရက်ကြာ ပြုလုပ်နေ သော ပန်ခမ်းအစည်းအဝေးတွင် အိမ်ရှင် UWSP/UWSA နှင့်အတူ KIO/KIA, SSPP/SSA, PSLF/ TNLA, ULA/AA, MNDAA, PSC/NDAA တို့ တက်ရောက် လျက်ရှိသည်။ ‘ဝ’က အထူးပုဂ္ဂိုလ်များအဖြစ် ဖိတ်ကြားထားသော NCA လက်မှတ်ရေးထိုးထားသော KNU/KNLA ၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် ဒီကေဘီအေမှ ဗိုလ်မှူးကြီးစော ဆန်းအောင်တို့နှစ်ဦးလည်း တက် ရောက်လျက်ရှိသည်။
KIO ဦးဆောင်နေသော တပ်ပေါင်းစု UNFC နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ မတ်လ ၁ ရက် တွင် တွေ့ဆုံဆွေးနွေးရန်ရှိသည်။
===================
251/End
လက်နက်ဖြုတ်သိမ်းရေး အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးညီလာခံ အားကောင်းစေရန် NCA ကို တွန်းအားအဖြစ် အစိုးရနှင့် တပ်မတော်အသုံးချနေဟ
၃ မတ် ၂၀၁၇ - ၁၇:၁၁
News ID: 815404
နိုင်ငံရေးဆွေးနွေးပွဲကို ရှောင်လွှဲစေပြီး လက်နက်ဖြုတ် သိမ်းရေးကို အကောင်အထည် ဖော်နေသော ငြိမ်းချမ်းရေးညီလာ ခံ အားကောင်းစေရန် NCA ကို တွန်းအားအဖြစ် အစိုးရနှင့် တပ် မတော်က အသုံးချနေကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO) က ပန်ဆန်း (ပန်ခမ်း)အစည်းအ ဝေးသို့ စာတမ်းတင်သွင်းခဲ့သည်။